[Zawgyi]

ဘာစီလုိနာကုိ တစ္ပတ္ ေပါင္(၃)သိန္းခဲြနဲ႔ ေျပာင္းဖုိ႔ Pogba သေဘာတူညီမႈရခဲ့တယ္လုိ႔ သတင္းထြက္ေနၿပီ

မန္ယူအသင္းရဲ႕ ျပင္သစ္ကြင္းလယ္လူ ေပါ့ဘာ Pogba ဟာ ဘာစီလုိနာအသင္းကုိ ေျပာင္းေရႊ႕ဖုိ႔ ဆႏၵျပင္းျပေနတယ္ဆုိၿပီး သူ႔ကလပ္အသင္းေဖာ္ေတြကုိ ဖြင့္ဟေျပာဆုိခဲ့ပါတယ္။ ေပါ့ဘာဟာ ၂၀၁၆ ခုႏွစ္က ဂ်ဴဗင္တပ္စ္အသင္းကေန မန္ယူအသင္းကုိ ေပါင္(၈၉)သန္းနဲ႔ ေျပာငး္ေရႊ႕ခဲ့ၿပီး (၂)ႏွစ္အၾကာမွာပဲ မန္ယူနဲ႔ လမ္းခဲြဖုိ႔ နီးစပ္ေနတာျဖစ္ပါတယ္။ ေပါ့ဘာက မန္ယူအသင္းက ထြက္ခြာလုိတဲ့အေၾကာင္းကုိ ဒုအမႈေဆာင္ခ်ဳပ္ျဖစ္သူ အက္ဒ္၀ုဒ္၀ပ္ Ed Woodward ဆီ မက္ေဆ့ခ်္ ေပးပုိ႔အေၾကာငး္ၾကားခဲ့တယ္လုိ႔ သတင္းထြက္ေပၚခဲ့ေပမယ့္လည္း မန္ယူအသင္းက အဲဒီသတင္းကုိ ျငင္းဆန္ခဲ့တယ္။

Raiola-Ed-Woodward-and-Pogba

Raiola-Ed-Woodward-and-Pogba

မန္ယူအသင္းက ေပ့ါဘာကုိ ေရာင္းခ်ဖုိ႔ အစီအစဥ္မရွိတဲ့အျပင္ အေျပာင္းအေရႊ႕ေစ်းကြက္ ပိတ္သိမ္းဖုိ႔က နီးကပ္ေနတာေၾကာင့္ သူ႔ေနရာ အစားထုိးမယ့္ကစားသမား ေခၚယူဖုိ႔ အခက္အခဲရွိေနတာလည္းျဖစ္ပါတယ္။ ဒါေပမဲ့ ေပ့ါဘာရဲ႕အေျပာင္းအေရႊ႕ေတြကုိ အဓိက ခ်ဳပ္ကုိင္ေနတဲ့ ေအးဂ်င့္ ႐ုိင္အုိလာ Raiola က ေပါ့ဘာနဲ႔ ဘာစီလုိနာအသင္းတို႔ရဲ႕ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ေအာင္ ႀကိဳးပမ္းေနၿပီး အခု ၿဗိတိန္မီဒီယာေတြက ဘာစီလုိနာဟာ ေပါ့ဘာကုိ တစ္ပတ္လစာ ေပါင္(၃)သိန္းခဲြနီးပါးနဲ႔ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိဖုိ႔ သေဘာတူညီမႈရရွိခဲ့တယ္လုိ႔ ေဖာ္ျပေနၾကတယ္။ ဘာစီလုိနာအသင္းမွာ မက္ဆီ Messi လုိ ကမၻာ႔အဆင့္ကစားသမားရွိေနတဲ့အျပင္ ေပါ့ဘာရဲ႕ ဂ်ဴဗင္တပ္စ္အသင္းေဖာ္ေဟာင္း ဗီဒယ္လ္ Vidal လည္း ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္းက ေျပာင္းေရႊ႕ခဲ့တာေၾကာင့္ ေပါ့ဘာဟာ ဘာစီလုိနာအသင္းကုိ ေျပာင္းေရႊ႕လုိတာေနပါ။ ေႏြရာသီအေျပာင္းအေရႊ႕က မနက္ျဖန္ (ၾသဂုတ္ ၉ရက္)မွာ ပိတ္သိမ္းမွာျဖစ္လုိ႔ ေပါ့ဘာ၊ မန္ယူနဲ႔ ဘာစီလုိနာတို႔ရဲ႕ (၃)ပြင့္ဆုိင္ဇာတ္လမ္းက ဘယ္လုိအဆုံးသတ္မလဲ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္ . . .

REF:Daily Mail
Photo:The Independent,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘာစီလိုနာကို တစ်ပတ် ပေါင်(၃)သိန်းခွဲနဲ့ ပြောင်းဖို့ Pogba သဘောတူညီမှုရခဲ့တယ်လို့ သတင်းထွက်နေပြီ

မန်ယူအသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ Pogba ဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေတယ်ဆိုပြီး သူ့ကလပ်အသင်းဖော်တွေကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ပေါ့ဘာဟာ ၂၀၁၆ ခုနှစ်က ဂျူဗင်တပ်စ်အသင်းကနေ မန်ယူအသင်းကို ပေါင်(၈၉)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး (၂)နှစ်အကြာမှာပဲ မန်ယူနဲ့ လမ်းခွဲဖို့ နီးစပ်နေတာဖြစ်ပါတယ်။ ပေါ့ဘာက မန်ယူအသင်းက ထွက်ခွာလိုတဲ့အကြောင်းကို ဒုအမှုဆောင်ချုပ်ဖြစ်သူ အက်ဒ်ဝုဒ်ဝပ် Ed Woodward ဆီ မက်ဆေ့ချ် ပေးပို့အကြောင်းကြားခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့်လည်း မန်ယူအသင်းက အဲဒီသတင်းကို ငြင်းဆန်ခဲ့တယ်။

Raiola-Ed-Woodward-and-Pogba

Raiola-Ed-Woodward-and-Pogba

မန်ယူအသင်းက ပေ့ါဘာကို ရောင်းချဖို့ အစီအစဉ်မရှိတဲ့အပြင် အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းဖို့က နီးကပ်နေတာကြောင့် သူ့နေရာ အစားထိုးမယ့်ကစားသမား ခေါ်ယူဖို့ အခက်အခဲရှိနေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ပေ့ါဘာရဲ့အပြောင်းအရွှေ့တွေကို အဓိက ချုပ်ကိုင်နေတဲ့ အေးဂျင့် ရိုင်အိုလာ Raiola က ပေါ့ဘာနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အပြောင်းအရွှေ့ဖြစ်မြောက်အောင် ကြိုးပမ်းနေပြီး အခု ဗြိတိန်မီဒီယာတွေက ဘာစီလိုနာဟာ ပေါ့ဘာကို တစ်ပတ်လစာ ပေါင်(၃)သိန်းခွဲနီးပါးနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ဖော်ပြနေကြတယ်။ ဘာစီလိုနာအသင်းမှာ မက်ဆီ Messi လို ကမ္ဘာ့အဆင့်ကစားသမားရှိနေတဲ့အပြင် ပေါ့ဘာရဲ့ ဂျူဗင်တပ်စ်အသင်းဖော်ဟောင်း ဗီဒယ်လ် Vidal လည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြောင်းရွှေ့ခဲ့တာကြောင့် ပေါ့ဘာဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လိုတာနေပါ။ နွေရာသီအပြောင်းအရွှေ့က မနက်ဖြန် (သြဂုတ် ၉ရက်)မှာ ပိတ်သိမ်းမှာဖြစ်လို့ ပေါ့ဘာ၊ မန်ယူနဲ့ ဘာစီလိုနာတို့ရဲ့ (၃)ပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မလဲ စောင့်ကြည့်သွားရမှာဖြစ်ပါတယ် . . .

REF:Daily Mail
Photo:The Independent,The Sun
Naing Linn(Akhayar)
www.akhayar.com