[ZawGyi]

Five Star Hotel ႀကီးရဲ႕ လူတိုင္းစားႏိုင္မယ့္ေစ်းနဲ႔ အမိုက္စား Seafood Buffet

29$ ရွိယံုနဲ႔ အေရွ႕တိုင္း တ႐ုတ္နဲ႔ အိႏိၵယအစားအစာေတြ၊ အေနာက္တိုင္း European အစားအစာေတြ၊ Cake ေတြ၊ Dessert ေတြနဲ႔ အမိုက္တကာ့အမိုက္ဆံုး ရွားပါးပင္လယ္စာေတြကို ကင္လိုက္၊ ေပါင္းလိုက္၊ အရသာအစံုခ်က္ထားတာေတြကိုမွ အဝစား ဘူေဖးစနစ္နဲ႔ ရန္ကုန္ၿမိဳ႕ရဲ႕ အဆင့္ျမင့္ Hotel ႀကီးမွာ စားခြင့္ရႏိုင္ေနၿပီဆိုတာ Akhayar ရဲ႕ အစားခ်စ္သူတို႔ သိၿပီးၾကျပီလား?

လတ္လတ္ဆတ္ဆတ္ပင္လယ္စာအစံု။

Seafood Buffet ေတြထဲမွာ အေစာဆံုး ခင္းက်င္းေရာင္းခ်ခဲ့တဲ့ ParkRoyal Hotel ႀကီးက ဒီတစ္ခါလည္း လူတိုင္းစားႏိုင္မယ့္ ေစ်းနႈန္းနဲ႔ အတန္ဆံုး Seafood Buffet Market ကို ခ်ျပလိုက္ၿပီဆိုေတာ့ အစားခ်စ္သူတို႔ လက္မေႏွးရေအာင္ Akhayar က အရင္တပတ္ပိတ္ရက္တုန္းက သြားခဲ့စားခဲ့သမွ် အေထြေထြကို တင္ျပေပးလိုက္ပါၿပီ။

ေရဘဝဲ၊ ဂံုး၊ ပုစြန္ ပင္လယ္စာမ်ိဳးစံု။

Seafood Buffet Market ကို အပတ္တိုင္းရဲ႕ တနဂၤေႏြ၊ တနလၤာ၊ အဂၤါနဲ႔ ၾကာသပေတးေန႔ေတြမွာ ညေန 6:00 မွ 9:30 ထိ ခင္းက်င္းတည္ခင္းၿပီး Tax ပါအၿပီးအစီးမွ 29$ ဆိုေတာ့ အံ့မခန္းေစ်းႏႈန္းပါပဲ။

ပင္လယ္စာအသုပ္၊အေပါင္းအစံုခင္းက်င္းထားရာ ေနရာ။

ႀကိဳတင္ Reserve ေလးေတာ့ ယူရပါတယ္။ ပထမဆံုး ေျပာခ်င္တာက Five Star Hotel တစ္ခုအေနနဲ႔ ဒီေစ်းနႈန္းနဲ႔ ဒီလို Buffet ဟာ တန္လြန္းတယ္လို႔ ဆိုႏိုင္တာပါ။

ေနရာအျပင္အဆင္။

အျပင္အဆင္အေနနဲ႔ဆို ဝင္ဝင္ခ်င္းအဝမွာတင္ သူ႔အခင္းအက်င္းကို ေတြ႕ႏိုင္ၿပီး ဘယ္ဘက္အျခမ္းမွာ ၂ေယာက္စာဝိုင္း၊ မိသားစုဝိုင္းစသျဖင့္ စားပြဲေလးေတြခင္းက်င္းထားပါတယ္။

ပုစြန္အမ်ိဳးအစားစံု၊ ခ႐ု၊ ကမာ၊ ဂံုးနဲ႔ ကဏန္း။

အလယ္ဗဟိုမွာေတာ့ ပုစြန္၊ ဂံုး၊ ကမာ၊ ေရဘဝဲ၊ ျပည္ႀကီးငါးအစံုကို ေပါင္းထားတဲ့ ဗန္းႀကီးေတြေရခဲနဲ႔အျပည့္ျဖည့္ထားၿပီး တစ္ဖက္တစ္ခ်က္စီမွာလည္း ပင္လယ္စာအသုပ္ေတြအစံု အလွ်ံပါယ္သုပ္ထားတာေတြ႕ရပါတယ္။

Tuna၊ Salmon နဲ႔ ပင္လယ္စာ အသားငါးအစိမ္း လတ္လတ္ဆတ္ဆတ္ကင္စား၊ ေပါင္းစားလို႔ရပါတယ္။

သဘာဝအရသာ အသားခ်ိဳခ်ိဳေလးကို ႀကိဳက္သူေတြအတြက္ ဒီေနရာမွာ ႀကိဳက္သေလာက္သာထည့္ပါ။ ဒီတစ္ေနရာကေတာ့ Main ပါပဲ။

Salad ေတြ ကိုယ့္ဘာသာလုပ္လို႔ရတယ္။

တစ္ဖက္ျခမ္း Chef Kitchen ဘက္မွာေတာ့ အစိမ္းခင္းက်င္းထားတဲ့ Tuna၊ Salmon နဲ႔ တျခား အဆီႏွစ္ျပည့္ပန္းကဏန္းေတြ၊ ရွားရွားပါးပါး အသားငါးပင္လယ္စာေတြ အစံုရၿပီး ေၾကာ္ေၾကာ္၊ ကင္ကင္ ႀကိဳက္သလို Chef ေတြကို ခ်က္ခိုင္းလို႔ရပါတယ္။ ဒီ၂ေနရာနဲ႔တင္ 29$ က မက္မက္စက္စက္ ေပးေပ်ာ္ေနပါၿပီ။

ထမင္းေၾကာ္ေလး။

Seafood Market ဆိုေပမယ့္ Seafood တင္မဟုတ္ဘဲ တျခား ဟင္းလ်ာေတြအေနနဲ႔ အရသာ ေတာ္ေတာ္ေကာင္းမြန္တဲ့ Indian အစားအစာေတြ၊ ျမန္မာထမင္းနဲ႔ အသီးအရြက္ မ်ိဳးစံုေၾကာ္ ခ်က္ထားတဲ့အိုးေတြ အစီရီ။

ဟင္းအမယ္အစံု၊ အိုးေတြနဲ႔ ထည့္ေပးထားတယ္။

စီခြ်မ္နဲ႔ ေျမထဲပင္လယ္အရသာဟင္းခ်ိဳေတြ၊ Sauce မ်ိဳးစံုနဲ႔ Salad ေတြ၊ ထူးထူးျခားျခား အသီး၊ အသား ႀကိဳက္တာနဲ႔ တြဲဖက္စားလို႔ရတဲ့ Cheese အတံုးႀကီးေတြ နဲ႔ Pizza ေတြ စံုလင္ေနေအာင္ ပါဝင္ပါတယ္။

Chef made ေခါက္ဆြဲသားအမ်ိဳးမ်ိဳးနဲ႔ Spaghetti အစံု ရပါေသးတယ္။

ေနာက္ထပ္ အမိုက္ဆံုးက 29$ နဲ႔ ေရာင္းခ်ေပမယ့္ ဟင္းလ်ာအမယ္ခင္းက်င္းမႈမွာ မခိုကပ္ထားဘဲ Italian Pasta နဲ႔ Spaghetti ေတြကို အရသာမ်ိဳးစံုနဲ႔ စိတ္ႀကိဳက္ ျပင္ဆင္ေပးေနတာေတြပါပဲ။ ေတာ္ရံု Restaurant ေလာက္က အရသာေတြထက္အမ်ားႀကီး Recommand ေပးပါတယ္။ Seafood Cabonara ကေတာ့ ကိုယ့္အႀကိဳက္ ရွယ္ပါပဲ။

Seafood Cabonara.

ဒီမွာတင္ ကိုယ္သံုးလိုက္ရတဲ့ 29$ တန္ေနၿပီဆို မွားသြားဦးမွာပါ။ ညစာအတြက္ ႀကိဳက္သေလာက္ အဝစားေသာက္ၿပီးၿပီဆို အခ်ိဳပြဲအတြက္ Cake အရသာ ၅မ်ိဳးထက္မနည္း၊ ဂ်ယ္လီေက်ာက္ေက်ာ၊ သစ္သီးအရသာစံု၊ ေရခဲမုန္႔၊ Tea နဲ႔ အလွ်ံပါယ္ေသာ အခ်ိဳပြဲေတြက မစားဘဲ မေနႏိုင္ေအာင္ လက္ယပ္ေခၚေနမွာေနာ္။ တျခား ေရနဲ႔ အေအးကလည္း Free Flow ပါပဲတဲ့။

အခ်ိဳပြဲ မ်ိဳးစံု။

ဒီေလာက္ေပးရတဲ့ေစ်းနႈန္းပမာဏနဲ႔ ဒီလို Hotel ႀကီး တစ္ခုမွာ ဒီလို အရသာဟင္းလ်ာအစံုအလင္အျပင္၊ ပင္လယ္စာလတ္လတ္ဆတ္ဆတ္ႀကီးေတြစားရတာ တကယ့္ Amazing ပါ။ Dinner အတြက္ လံုးဝ သင့္ေတာ္တဲ့ေနရာတစ္ခုပါ။

သစ္သီးစံု။

အဆင္မေျပတာေလးအေနနဲ႔ဆို ပင္လယ္စာဟင္းလ်ာအားလံုးစံုလင္သေလာက္ Sauce ေလးေတြပါ ပိုစံုေစခ်င္ပါတယ္။ ေနာက္ၿပီး လူမ်ားလာရင္ ဝန္ထမ္းေလးေတြပါ အလုပ္မ်ားတတ္ေတာ့ တစ္ခုခုလိုအပ္ရင္ ေခၚရတာေလးတစ္ခုပါပဲ။ က်န္တာကေတာ့ အလ်ဥ္းသင့္သလို လိုအပ္တာ လာလာျဖည့္ေပးတတ္ပါတယ္။ Juice ေတြကက်န္တာအားလံုး ေျပာစရာမရွိေအာင္ ျပည့္စံုပါတယ္။

အခ်ိဳတည္းစရာ အစံုအလင္။

သတိျပဳရမွာက ParkRoyal ရဲ႕ Spice Brasserie Restaurant မွာ Buffet Dinner အေနနဲ႔ ပံုမွန္ ခင္းက်င္းတဲ့ Seafood Buffet Harvest နဲ႔ ခု ထပ္မံ ခင္းက်င္းတဲ့ Seafood Buffet Market ဆိုၿပီး ၂မ်ိဳးရွိၿပီး Seafood Buffet Harvest မွာ Beer Freeflow နဲ႔ ပင္လယ္စာႀကီး အစံု ပါဝင္ေပမယ့္ ခု ခင္းက်င္းတဲ့ 29$ တန္ Seafood Buffet Market မွာေတာ့ ပံုမွန္ ပင္လယ္စာေတြ စံုစံုလင္လင္ပါလာပါတယ္။

အိႏၵိယအစားအစာ။

အစားအေသာက္မီးလိုေတာက္တဲ့သူေတြ၊ ပင္လယ္စာဆို တထိုင္တည္း ဝင္သမွ်အပီသြင္းႏိုင္တဲ့ သူေတြအတြက္ေတာ့ ၂ခါ ေတြေဝမေနဘဲ သြားကိုစားသင့္တဲ့ Buffet ပါ။ ျမန္မာေငြက်ပ္ ၃ေသာင္းေက်ာ္နဲ႔ ပံုမွန္ပင္လယ္စာဆိုင္ေတြမွာ ေရာင္းခ်တဲ့ ဟင္းတပြဲစာထက္ ဒီလို Hotel ႀကီးက Buffet က ပိုတန္တယ္ခံစားမိေစပါတယ္။

အရသာရွိ၊ အမ်ိဳးအစားစံု ပင္လယ္စာသုပ္ေတြရ

တစ္ခါတစ္ေလ အလုပ္ပင္ပန္းလြန္းလာရင္၊ စိတ္ဖိအားမ်ားလာရင္၊ ကိုယ့္အတြက္ ဒီလိုအဆင့္ျမင့္ေနရာမ်ိဳး Hotel မ်ိဳးမွာ Buffet ေကာင္းေကာင္းေလးေကြ်းၿပီး ကိုယ့္ကိုကိုယ္ျပန္ဆုခ်ဖို႔ အသင့္ေတာ္ဆံုးလို႔ Akhayar ရဲ႕ အစားခ်စ္သူမ်ားကို အၾကံျပဳလိုက္ပါရေစေနာ္။

29$ နဲ႔ ႀကိဳက္ရာအဝစားBuffet စနစ္ပါ။

လိပ္စာကေတာ့ အမွတ္ ၃၃၊ အလံျပဘုရားလမ္း၊ ဒဂံုၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႔ပါ။ ႀကိဳတင္စာရင္းသြင္းခ်င္ရင္ေတာ့ +951250388 ext.8121 နဲ႔ 8122 ကိုဆက္ၿပီး Booking တင္လို႔ရပါၿပီ။

[Unicode]

Five Star Hotel ကြီးရဲ့ လူတိုင်းစားနိုင်မယ့်ဈေးနဲ့ အမိုက်စား Seafood Buffet

29$ ရှိယုံနဲ့ အရှေ့တိုင်း တရုတ်နဲ့ အိန္ဒိယအစားအစာတွေ၊ အနောက်တိုင်း European အစားအစာတွေ၊ Cake တွေ၊ Dessert တွေနဲ့ အမိုက်တကာ့အမိုက်ဆုံး ရှားပါးပင်လယ်စာတွေကို ကင်လိုက်၊ ပေါင်းလိုက်၊ အရသာအစုံချက်ထားတာတွေကိုမှ အဝစား ဘူဖေးစနစ်နဲ့ ရန်ကုန်မြို့ရဲ့ အဆင့်မြင့် Hotel ကြီးမှာ စားခွင့်ရနိုင်နေပြီဆိုတာ Akhayar ရဲ့ အစားချစ်သူတို့ သိပြီးကြပြီလား?

လတ်လတ်ဆတ်ဆတ်ပင်လယ်စာအစုံ။

Seafood Buffet တွေထဲမှာ အစောဆုံး ခင်းကျင်းရောင်းချခဲ့တဲ့ ParkRoyal Hotel ကြီးက ဒီတစ်ခါလည်း လူတိုင်းစားနိုင်မယ့် ဈေးနှုန်းနဲ့ အတန်ဆုံး Seafood Buffet Market ကို ချပြလိုက်ပြီဆိုတော့ အစားချစ်သူတို့ လက်မနှေးရအောင် Akhayar က အရင်တပတ်ပိတ်ရက်တုန်းက သွားခဲ့စားခဲ့သမျှ အထွေထွေကို တင်ပြပေးလိုက်ပါပြီ။

ရေဘဝဲ၊ ဂုံး၊ ပုစွန် ပင်လယ်စာမျိုးစုံ။

Seafood Buffet Market ကို အပတ်တိုင်းရဲ့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါနဲ့ ကြာသပတေးနေ့တွေမှာ ညနေ 6:00 မှ 9:30 ထိ ခင်းကျင်းတည်ခင်းပြီး Tax ပါအပြီးအစီးမှ 29$ ဆိုတော့ အံ့မခန်းဈေးနှုန်းပါပဲ။

ပင်လယ်စာအသုပ်၊အပေါင်းအစုံခင်းကျင်းထားရာ နေရာ။

ကြိုတင် Reserve လေးတော့ ယူရပါတယ်။ ပထမဆုံး ပြောချင်တာက Five Star Hotel တစ်ခုအနေနဲ့ ဒီဈေးနှုန်းနဲ့ ဒီလို Buffet ဟာ တန်လွန်းတယ်လို့ ဆိုနိုင်တာပါ။

နေရာအပြင်အဆင်။

အပြင်အဆင်အနေနဲ့ဆို ဝင်ဝင်ချင်းအဝမှာတင် သူ့အခင်းအကျင်းကို တွေ့နိုင်ပြီး ဘယ်ဘက်အခြမ်းမှာ ၂ယောက်စာဝိုင်း၊ မိသားစုဝိုင်းစသဖြင့် စားပွဲလေးတွေခင်းကျင်းထားပါတယ်။

ပုစွန်အမျိုးအစားစုံ၊ ခရု၊ ကမာ၊ ဂုံးနဲ့ ကဏန်း။

အလယ်ဗဟိုမှာတော့ ပုစွန်၊ ဂုံး၊ ကမာ၊ ရေဘဝဲ၊ ပြည်ကြီးငါးအစုံကို ပေါင်းထားတဲ့ ဗန်းကြီးတွေရေခဲနဲ့အပြည့်ဖြည့်ထားပြီး တစ်ဖက်တစ်ချက်စီမှာလည်း ပင်လယ်စာအသုပ်တွေအစုံ အလျှံပါယ်သုပ်ထားတာတွေ့ရပါတယ်။

Tuna၊ Salmon နဲ့ ပင်လယ်စာ အသားငါးအစိမ်း လတ်လတ်ဆတ်ဆတ်ကင်စား၊ ပေါင်းစားလို့ရပါတယ်။

သဘာဝအရသာ အသားချိုချိုလေးကို ကြိုက်သူတွေအတွက် ဒီနေရာမှာ ကြိုက်သလောက်သာထည့်ပါ။ ဒီတစ်နေရာကတော့ Main ပါပဲ။

Salad တွေ ကိုယ့်ဘာသာလုပ်လို့ရတယ်။

တစ်ဖက်ခြမ်း Chef Kitchen ဘက်မှာတော့ အစိမ်းခင်းကျင်းထားတဲ့ Tuna၊ Salmon နဲ့ တခြား အဆီနှစ်ပြည့်ပန်းကဏန်းတွေ၊ ရှားရှားပါးပါး အသားငါးပင်လယ်စာတွေ အစုံရပြီး ကြော်ကြော်၊ ကင်ကင် ကြိုက်သလို Chef တွေကို ချက်ခိုင်းလို့ရပါတယ်။ ဒီ၂နေရာနဲ့တင် 29$ က မက်မက်စက်စက် ပေးပျော်နေပါပြီ။

ထမင်းကြော်လေး။

Seafood Market ဆိုပေမယ့် Seafood တင်မဟုတ်ဘဲ တခြား ဟင်းလျာတွေအနေနဲ့ အရသာ တော်တော်ကောင်းမွန်တဲ့ Indian အစားအစာတွေ၊ မြန်မာထမင်းနဲ့ အသီးအရွက် မျိုးစုံကြော် ချက်ထားတဲ့အိုးတွေ အစီရီ။

ဟင်းအမယ်အစုံ၊ အိုးတွေနဲ့ ထည့်ပေးထားတယ်။

စီချွမ်နဲ့ မြေထဲပင်လယ်အရသာဟင်းချိုတွေ၊ Sauce မျိုးစုံနဲ့ Salad တွေ၊ ထူးထူးခြားခြား အသီး၊ အသား ကြိုက်တာနဲ့ တွဲဖက်စားလို့ရတဲ့ Cheese အတုံးကြီးတွေ နဲ့ Pizza တွေ စုံလင်နေအောင် ပါဝင်ပါတယ်။

Chef made ခေါက်ဆွဲသားအမျိုးမျိုးနဲ့ Spaghetti အစုံ ရပါသေးတယ်။

နောက်ထပ် အမိုက်ဆုံးက 29$ နဲ့ ရောင်းချပေမယ့် ဟင်းလျာအမယ်ခင်းကျင်းမှုမှာ မခိုကပ်ထားဘဲ Italian Pasta နဲ့ Spaghetti တွေကို အရသာမျိုးစုံနဲ့ စိတ်ကြိုက် ပြင်ဆင်ပေးနေတာတွေပါပဲ။ တော်ရုံ Restaurant လောက်က အရသာတွေထက်အများကြီး Recommand ပေးပါတယ်။ Seafood Cabonara ကတော့ ကိုယ့်အကြိုက် ရှယ်ပါပဲ။

Seafood Cabonara.

ဒီမှာတင် ကိုယ်သုံးလိုက်ရတဲ့ 29$ တန်နေပြီဆို မှားသွားဦးမှာပါ။ ညစာအတွက် ကြိုက်သလောက် အဝစားသောက်ပြီးပြီဆို အချိုပွဲအတွက် Cake အရသာ ၅မျိုးထက်မနည်း၊ ဂျယ်လီကျောက်ကျော၊ သစ်သီးအရသာစုံ၊ ရေခဲမုန့်၊ Tea နဲ့ အလျှံပါယ်သော အချိုပွဲတွေက မစားဘဲ မနေနိုင်အောင် လက်ယပ်ခေါ်နေမှာနော်။ တခြား ရေနဲ့ အအေးကလည်း Free Flow ပါပဲတဲ့။

အချိုပွဲ မျိုးစုံ။

ဒီလောက်ပေးရတဲ့ဈေးနှုန်းပမာဏနဲ့ ဒီလို Hotel ကြီး တစ်ခုမှာ ဒီလို အရသာဟင်းလျာအစုံအလင်အပြင်၊ ပင်လယ်စာလတ်လတ်ဆတ်ဆတ်ကြီးတွေစားရတာ တကယ့် Amazing ပါ။ Dinner အတွက် လုံးဝ သင့်တော်တဲ့နေရာတစ်ခုပါ။

သစ်သီးစုံ။

အဆင်မပြေတာလေးအနေနဲ့ဆို ပင်လယ်စာဟင်းလျာအားလုံးစုံလင်သလောက် Sauce လေးတွေပါ ပိုစုံစေချင်ပါတယ်။ နောက်ပြီး လူများလာရင် ဝန်ထမ်းလေးတွေပါ အလုပ်များတတ်တော့ တစ်ခုခုလိုအပ်ရင် ခေါ်ရတာလေးတစ်ခုပါပဲ။ ကျန်တာကတော့ အလျဉ်းသင့်သလို လိုအပ်တာ လာလာဖြည့်ပေးတတ်ပါတယ်။ Juice တွေကကျန်တာအားလုံး ပြောစရာမရှိအောင် ပြည့်စုံပါတယ်။

အချိုတည်းစရာ အစုံအလင်။

သတိပြုရမှာက ParkRoyal ရဲ့ Spice Brasserie Restaurant မှာ Buffet Dinner အနေနဲ့ ပုံမှန် ခင်းကျင်းတဲ့ Seafood Buffet Harvest နဲ့ ခု ထပ်မံ ခင်းကျင်းတဲ့ Seafood Buffet Market ဆိုပြီး ၂မျိုးရှိပြီး Seafood Buffet Harvest မှာ Beer Freeflow နဲ့ ပင်လယ်စာကြီး အစုံ ပါဝင်ပေမယ့် ခု ခင်းကျင်းတဲ့ 29$ တန် Seafood Buffet Market မှာတော့ ပုံမှန် ပင်လယ်စာတွေ စုံစုံလင်လင်ပါလာပါတယ်။

အိန္ဒိယအစားအစာ။

အစားအသောက်မီးလိုတောက်တဲ့သူတွေ၊ ပင်လယ်စာဆို တထိုင်တည်း ဝင်သမျှအပီသွင်းနိုင်တဲ့ သူတွေအတွက်တော့ ၂ခါ တွေဝေမနေဘဲ သွားကိုစားသင့်တဲ့ Buffet ပါ။ မြန်မာငွေကျပ် ၃သောင်းကျော်နဲ့ ပုံမှန်ပင်လယ်စာဆိုင်တွေမှာ ရောင်းချတဲ့ ဟင်းတပွဲစာထက် ဒီလို Hotel ကြီးက Buffet က ပိုတန်တယ်ခံစားမိစေပါတယ်။

အရသာရှိ၊ အမျိုးအစားစုံ ပင်လယ်စာသုပ်တွေရ

တစ်ခါတစ်လေ အလုပ်ပင်ပန်းလွန်းလာရင်၊ စိတ်ဖိအားများလာရင်၊ ကိုယ့်အတွက် ဒီလိုအဆင့်မြင့်နေရာမျိုး Hotel မျိုးမှာ Buffet ကောင်းကောင်းလေးကျွေးပြီး ကိုယ့်ကိုကိုယ်ပြန်ဆုချဖို့ အသင့်တော်ဆုံးလို့ Akhayar ရဲ့ အစားချစ်သူများကို အကြံပြုလိုက်ပါရစေနော်။

29$ နဲ့ ကြိုက်ရာအဝစားBuffet စနစ်ပါ။

လိပ်စာကတော့ အမှတ် ၃၃၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ပါ။ ကြိုတင်စာရင်းသွင်းချင်ရင်တော့ +951250388 ext.8121 နဲ့ 8122 ကိုဆက်ပြီး Booking တင်လို့ရပါပြီ။

Ei Ei Khine Minn