[Zawgyi]








www.akhayar.com

Source : allkpop.com
[Unicode]

တွဲနေတာ ၃ နှစ်ရှိပြီဆိုတဲ့ Park Seo Joon နဲ့ Park Min Young

လတ်တလော အရမ်းခေတ်စားနေတဲ့ ကိုရီးယား ဒရာမာ ‘ What’s Wrong With Secretary Kim’ ထဲက မင်းသား Park Seo Joon နဲ့ မင်းသမီး Park Min Young ကတော့ တွဲနေကြတာ ၃ နှစ်တောင်ရှိပြီလို့ ဆိုပါတယ်။

Park Min Young and Park Seo Joon

Park Min Young and Park Seo Joon

ဒီသတင်းကို  ဇူလိုင် ၂၆ ရက်နေ့က အွန်လိုင်းပေါ် ပေါက်ကြားခဲ့တဲ့ Sports DongA ဆိုတဲ့ သတင်းစာမှာ ဖော်ပြခဲ့တာ ဖြစ်ပြီး “လျှို့ဝှက်တွဲနေကြတာ ၃ နှစ်ရှိပြီဆိုတဲ့ Park Seo Joon & Park Min Young” ဆိုတဲ့ ခေါင်းစီးနဲ့ပါ။

သတင်းအရတော့ သူတိုနှစ်ယောက်အပြင်မှာတွဲနေကြတာ ကြာပြီ ဖြစ်ပြီး သူတို့ရဲ့ ချစ်သူဘဝကို လုံးဝ လူမသိအောင် သိုသိုသိပ်သိပ်နေခဲ့ကြတာပါတဲ့။ အတွင်းလူတစ်ယောက်ကတော့ “ လူတွေက သူတို့ရဲ့ အချစ်ရေးကို အရမ်းစိတ်ဝင်စားနေကြပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်ဘဝတွေကို လူအာရုံစိုက်တာ မလိုချင်ကြပါဘူး။ ဒါကြောင့် ဒီကိစ္စကို အရမ်းကို လျှို့ဝှက်ထားခဲ့ပြီး ရင်းနှီးတဲ့သူတွေတောင် သိပ်မသိကြပါဘူး” လို့ ဆိုပါတယ်။

ဒီလို သတင်းတွေ ထွက်လာတဲ့အချိန်မှာ သူတို့ဆီက သတင်းလိုက်တာ တော်လွန်းတဲ့ ပရိသတ်တွေကတော့ သူတို့တွဲနေတာဖြစ်နိုင်တယ်ဆိုတဲ့ သက်သေတွေကို ရှာဖွေတွေ့ရှိနေပါပြီ။ ဥပမာ – နေရာတစ်ခုတည်းကို အတူတူ ရောက်ခဲ့တာတို့လို ဟာမျိုးတွေကို ခုလို တွေ့နိုင်ပါတယ်။

www.akhayar.com

Source : allkpop.com