[Zawgyi]

အီတလီလူမ်ိဳးတစ္ေယာက္နဲ႕ တူတယ္လုိ႕ ေျမွာက္ပင့္လုိက္တဲ့ Park Min Young

“What’s Wrong with Secretary Kim” ဇာတ္ကားနဲ႕ ပရိသတ္အားေပးမႈထပ္မံရရွိခဲ့တဲ့ အႏုပညာရွင္ထဲမွာ Hwang Chan-sung တစ္ေယာက္လည္း အပါအ၀င္ပါပဲ။ အသက္(၂၈)ႏွစ္အရြယ္ 2 PM ေကေပါ့အဖြဲ႕၀င္၊ သရုပ္ေဆာင္ ၊ေတးေရးဆရာတစ္ဦးလည္းျဖစ္တဲ့ Hwang Chan-sung ဟာ “What’s Wrong with Secretary Kim”ဇာတ္လမ္းတြဲမွာေတာ့ ဇာတ္ပုိ႕သရုပ္ေဆာင္အေနနဲ႕သာ ပါ၀င္ရုိက္ကူးခဲ့ရတာျဖစ္ပါတယ္။

Park Min Young & Chan-sung

Chan-sung နဲ႕အတူ ဒီဇာတ္လမ္းတြဲမွာ အတူတူပါ၀င္သရုပ္ေဆာင္ထားတဲ့ ေတာင္ကုိရီးယားထိပ္တန္းမင္းသမီး Park Min Young ကေတာ့ အခုတစ္ပတ္အတြင္း အင္တာဗ်ဳးတစ္ခုမွာ သူတုိ႕ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးအေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာျပခဲ့တယ္လုိ႕သိရပါတယ္။ (၂၀၁၇)ခုႏွစ္ကရုိက္ကူးခဲ့တဲ့ “Queen for 7 Days” ရာဇ၀င္ဇာတ္လမ္းတြဲမွာ ဒုတိယၾကိမ္ေျမာက္ တြဲဖက္သရုပ္ေဆာင္ခဲ့ရျပီး Chan-sung အေၾကာင္းကုိ အခုလုိ ေဖာက္သည္ခ်လုိက္တာပါ။

Park min young

“သူ႕ရဲ႕ သရုပ္ေဆာင္စြမ္းရည္ကေတာ့ သိသိသာသာကုိတုိးတက္လာတာ သတိထားမိပါတယ္ သူ႕ပုံစံက ဒီလုိ ရာဇ၀င္ဇာတ္ကားေတြနဲဆုိ မလုိက္ဖက္ဘူးထင္ရေပမယ့္ ဒီကားမွာ သူျပင္ထားတဲ့ မ်က္ႏွာသြင္ျပင္ကေတာ့ အီတလီ လူမ်ိဳးတစ္ေယာက္နဲ႕ေတာင္ တူေနပါေသးတယ္ သူေတာ္ေတာ္ေလးၾကိဳးစားခဲ့တာပါ” ဆုိျပီး ေနာက္ေျပာင္က်ီစယ္ခဲ့ပါတယ္။ သူတုိ႕ႏွစ္ေယာက္ဟာ အႏုပညာအလုပ္ေတြအတူတူလုပ္ရင္း ရင္းႏွီးခဲ့ၾကတာျဖစ္ျပီး What’s wrong with Secretary Kim ဇာတ္လမ္းတြဲကေတာ့ သူတုိ႕ႏွစ္ေယာက္ကုိ ျပန္ဆုံေစတဲ့ တတိယေျမာက္ဇာတ္လမ္းတြဲတစ္ခုပါပဲ။

Chan-Sung

အတြင္းေရးမႈးမေလးအျဖစ္ နာမည္ၾကီးေနတဲ့ မင္းသမီးေခ်ာ Park Min Young ဟာ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသဲေက်ာ္ Chan-sung နဲ႕ အတူ “Unstoppable High Kick” ၊ “Queen for 7 Days” စတဲ့ ဇာတ္လမ္းတြဲေတာ္ေတာ္မ်ားမွာ  အတြဲညီညီသရုပ္ေဆာင္ထားတာျဖစ္ပါတယ္။

Stella(Akhayar)

www.Akhayar.com 

[Unicode]

အီတလီလူမျိုးတစ်ယောက်နဲ့ တူတယ်လို့ မြှောက်ပင့်လိုက်တဲ့ Park Min Young

“What’s Wrong with Secretary Kim” ဇာတ်ကားနဲ့ ပရိသတ်အားပေးမှုထပ်မံရရှိခဲ့တဲ့ အနုပညာရှင်ထဲမှာ Hwang Chan-sung တစ်ယောက်လည်း အပါအဝင်ပါပဲ။ အသက်(၂၈)နှစ်အရွယ် 2 PM ကေပေါ့အဖွဲ့ဝင်၊သရုပ်ဆောင် ၊တေးရေးဆရာတစ်ဦးလည်းဖြစ်တဲ့ Hwang Chan-sung ဟာ“What’s Wrong with Secretary Kim”ဇာတ်လမ်းတွဲမှာတော့ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့သာ ပါဝင်ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။

Park Min Young & Chan-sung

Chan-sung နဲ့အတူ ဒီဇာတ်လမ်းတွဲမှာ အတူတူပါဝင်သရုပ်ဆောင်ထားတဲ့ တောင်ကိုရီးယားထိပ်တန်းမင်းသမီး Park Min Young ကတော့ အခုတစ်ပတ်အတွင်း အင်တာဗျုးတစ်ခုမှာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအကြောင်း ပွင့်ပွင့်လင်းလင်းပြောပြခဲ့တယ်လို့သိရပါတယ်။ (၂၀၁၇)ခုနှစ်ကရိုက်ကူးခဲ့တဲ့ “Queen for 7 Days” ရာဇဝင်ဇာတ်လမ်းတွဲမှာ ဒုတိယကြိမ်မြောက် တွဲဖက်သရုပ်ဆောင်ခဲ့ရပြီး Chan-sung အကြောင်းကို အခုလို ဖောက်သည်ချလိုက်တာပါ။

park min young

“သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကတော့ သိသိသာသာကိုတိုးတက်လာတာ သတိထားမိပါတယ် သူ့ပုံစံက ဒီလို ရာဇဝင်ဇာတ်ကားတွေနဲဆို မလိုက်ဖက်ဘူးထင်ရပေမယ့် ဒီကားမှာ သူပြင်ထားတဲ့ မျက်နှာသွင်ပြင်ကတော့ အီတလီ လူမျိုးတစ်ယောက်နဲ့တောင် တူနေပါသေးတယ် သူတော်တော်လေးကြိုးစားခဲ့တာပါ” ဆိုပြီး နောက်ပြောင်ကျီစယ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အနုပညာအလုပ်တွေအတူတူလုပ်ရင်း ရင်းနှီးခဲ့ကြတာဖြစ်ပြီး What’s wrong with Secretary Kim ဇာတ်လမ်းတွဲကတော့ သူတို့နှစ်ယောက်ကို ပြန်ဆုံစေတဲ့ တတိယမြောက်ဇာတ်လမ်းတွဲတစ်ခုပါပဲ။

Chan Sung

အတွင်းရေးမှုးမလေးအဖြစ် နာမည်ကြီးနေတဲ့ မင်းသမီးချော Park Min Young ဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော် Chan-sung နဲ့ အတူ “Unstoppable High Kick” ၊ “Queen for 7 Days” စတဲ့ ဇာတ်လမ်းတွဲတော်တော်များမှာ အတွဲညီညီသရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Stella(Akhayar)

www.Akhayar.com