[ZawGyi]

ပတ္ဘိုဂမ္ေလးဘြဲ႕ရသြားျပီ

Reply 1988 ၊ Love in the Moonlight နဲ႔ေကာင္မေလးေတြခ်စ္ခင္အားေပးတဲ႔ ပတ္ဘိုဂမ္ေလးတစ္ေယာက္ေတာ႔ ေကာလိပ္မွာေလးႏွစ္ၾကာ ပညာသင္ၾကားျပီးအခုေတာ႔ ဘြဲ႔ရသြားပါျပီ။ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔မွာ ပတ္ဘိုဂမ္က Yongin မွာရွိတဲ႔ Myongji University မွာ ဘြဲ႕တက္ယူခဲ႔ပါတယ္။ သူဘြဲ႕ယူတဲ႔ေနရာအထိ လာေရာက္အားေပးခဲ႔ၾကသူေတြကိုလည္း ေက်းဇူးတင္စကားေျပာခဲ႔ပါေသးတယ္။

Park-Bo-Gum

Park-Bo-Gum

“လာေရာက္ၾကတဲ႔အတြက္ ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ္ဘြဲ႕ယူဖုိ႔အတြက္ စိတ္လႈပ္ရွားေနခဲ႔တယ္။ ဒီေလးႏွစ္အတြင္းမွာ အမ်ားၾကီးသင္ယူေလ႔လာခြင္႔ရခဲ႔ပါတယ္။ ကၽြန္ေတာ္႔ သူငယ္ခ်င္းေတြ၊ စီနီယာေတြ ၊ ဂ်ဴနီယာေတြနဲ႔ ပါေမာကၡကိုလည္း ေက်းဇူးတင္ပါတယ္” လို႔ေျပာခဲ႔တာပါ။ ပတ္ဘိုဂမ္ဟာ Musical Theater ေမဂ်ာနဲ႔ Myongji University မွာ ၂၀၁၄ ခုနစ္က စတင္ပညာသင္ယူခဲ႔တာျဖစ္ပါတယ္။

အေတာ္ေပ်ာ္ေနပံုရ

အေတာ္ေပ်ာ္ေနပံုရ

ပတ္ဘိုဂမ္ဟာ ေက်ာင္းတက္မွန္ေအာင္ၾကိဳးစားျပီး စာကိုၾကိဳးၾကိဳးစားစားသင္ယူတဲ႔ ေက်ာင္းသားတစ္ဦးအျဖစ္နာမည္ၾကီးပါတယ္။ ၂၀၁၇ ခုနစ္ ဇူလုိင္လမွာလည္း ေက်ာင္းမွာျပဳလုပ္တဲ႔ Hairspray ဆုိတဲ႔ ဂီတပြဲမွာ Music Director အျဖစ္ပါဝင္ခဲ႔ပါေသးတယ္။
လက္ရွိမွာေတာ႔ ပတ္ဘုိဂမ္က Hyori’s Homestay 2 မွာပါဝင္မယ္လုိ႔သိရပါတယ္။

Park-Bo-Gum

Park-Bo-Gum

ခ်င္းဂူေလး(အခရာ)

www.akhayar.com

[Unicode]

ပတ်ဘိုဂမ်လေးဘွဲ့ရသွားပြီ

Reply 1988 ၊ Love in the Moonlight နဲ့ကောင်မလေးတွေချစ်ခင်အားပေးတဲ့ ပတ်ဘိုဂမ်လေးတစ်ယောက်တော့ ကောလိပ်မှာလေးနှစ်ကြာ ပညာသင်ကြားပြီးအခုတော့ ဘွဲ့ရသွားပါပြီ။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပတ်ဘိုဂမ်က Yongin မှာရှိတဲ့ Myongji University မှာ ဘွဲ့တက်ယူခဲ့ပါတယ်။ သူဘွဲ့ယူတဲ့နေရာအထိ လာရောက်အားပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်။

Park-Bo-Gum

Park-Bo-Gum

“လာရောက်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘွဲ့ယူဖို့အတွက် စိတ်လှုပ်ရှားနေခဲ့တယ်။ ဒီလေးနှစ်အတွင်းမှာ အများကြီးသင်ယူလေ့လာခွင့်ရခဲ့ပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေ၊ စီနီယာတွေ ၊ ဂျူနီယာတွေနဲ့ ပါမောက္ခကိုလည်း ကျေးဇူးတင်ပါတယ်” လို့ပြောခဲ့တာပါ။ ပတ်ဘိုဂမ်ဟာ Musical Theater မေဂျာနဲ့ Myongji University မှာ ၂၀၁၄ ခုနစ်က စတင်ပညာသင်ယူခဲ့တာဖြစ်ပါတယ်။

အတော်ပျော်နေပုံရ

အတော်ပျော်နေပုံရ

ပတ်ဘိုဂမ်ဟာ ကျောင်းတက်မှန်အောင်ကြိုးစားပြီး စာကိုကြိုးကြိုးစားစားသင်ယူတဲ့ ကျောင်းသားတစ်ဦးအဖြစ်နာမည်ကြီးပါတယ်။ ၂၀၁၇ ခုနစ် ဇူလိုင်လမှာလည်း ကျောင်းမှာပြုလုပ်တဲ့ Hairspray ဆိုတဲ့ ဂီတပွဲမှာ Music Director အဖြစ်ပါဝင်ခဲ့ပါသေးတယ်။
လက်ရှိမှာတော့ ပတ်ဘိုဂမ်က Hyori’s Homestay 2 မှာပါဝင်မယ်လို့သိရပါတယ်။

Park-Bo-Gum

Park-Bo-Gum

ချင်းဂူလေး(အခရာ)

www.akhayar.com