[Zawgyi]




park-bogum

park-bogum

park-bogum


park-bogum

park-bogum



Photo Credit: Koreaboo

ကြည်သာ (Akhayar)

www.akhayar.com

 
[Unicode]

Park Bo Gum ရဲ့ ခန္ဓာကိုယ်ပုံစံ ပြောင်းလဲအောင်လုပ်ပေးလိုက်တဲ့ Kim Jong Kook

Park Bo Gum ကို ကြည့် လိုက်ရင် အရင်ကထက်ပိုပြီးတော့ ယောက်ကျားပီသတဲ့ စတိုင်နဲ့တောင့်တောင့်တင်းတင်း စမတ်ကျနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်အောင် သူ့ကို နည်းပြလုပ်ပေးနေသူလည်း ရှိနေပါတယ်။ သူကတော့ Running Man အဖွဲ့ရဲ့ လူသန်ကြီး Kim Jong Kook ပဲဖြစ်ပါတယ်။

Kim Jong Kook ရဲ့ Gym ကစားရာမှာ ပြသပေးခဲ့တဲ့ နည်းလမ်းတွေကြောင့် Bo Gum တစ်ယောက်အခုလိုယောက်ကျားဆန်တဲ့ အလှတွေနဲ့ ပရိသတ်တွေကို ပိုမိုဆွဲဆောင်နိုင်နေပြီဖြစ်ပါတယ်။

park-bogum

park-bogum

park-bogum

အခုတွေ့ရတဲ့ ပုံတွေကတော့ သိပ်မကြာသေးမီက TNG Fashion Brand အတွက် ဓါတ်ပုံရိုက်ကူးရေးလုပ်ပေးခဲ့တဲ့ Park Bo Gum ကိုတွေ့ရတာဖြစ်ပါတယ်။ Park Bo Gum ကို ဆိုရင်သူ့ရဲ့ Fan တွေသတိထားမိတာက ချစ်စဖွယ်အမူအယာတွေ နဲ့ ဆွဲဆောင်နိုင်တဲ့ ကောင်လေးတစ်ယောက်အဖြစ်လက်ခံထားကြပြီး အခုဆိုရင်တော့ ယောက်ကျားတစ်ယောက်မှာရှိသင့်တဲ့ ဆွဲဆောင်မှုတာတွေနဲ့ အတူတွေ့နိုင်ပါတယ်။

park-bogum

park-bogum

နည်းပြဆရာ kim-jong-kook

အခုလိုရိုက်ကူးထားတဲ့ ပုံတွေမှတောင် အရင်ထက်ပိုပြီး ပခုံးကြွက်သားတွေ တောင့်တင်းနေတာကိုတွေ့နိုင်ပါတယ်။ အခုလိုပုံစံဖြစ်လာအောင် လုပ်ပေးနိုင်တဲ့ Bo Gum ရဲ့ နည်းပြဖြစ်သူ Kim Jong Kook ကိုလည်း ကျေးဇူးတင်ရမှာပါ။ သူ့ရဲ့ ပရိသတ်တွေ ကတော့ နောက်ထပ်ပြောင်းလဲလာမယ့် Bo Gum ရဲ့ ပုံစံတွေ ကိုမျှော်လင့်နေကြမယ်လို့လည်းထင်ပါတယ်။

Photo Credit: Koreaboo

ကြည်သာ (Akhayar)

www.akhayar.com