[Zawgyi]

ခ်န္ပီယံလိဂ္ဖလား ေခါင္းစဥ္ေအာက္က ဘူဖြန္ Buffon နဲ႔ PSG အသင္းတို႔ရဲ႕ ဇာတ္ေပါင္းခန္း

အသက္(၄၀)မွ ဘ၀စတယ္ဆုိတဲ့ အေနာက္တုိင္းဆုိ႐ုိးတစ္ခုရွိပါတယ္။ ဒီစကားက ဘူဖြန္ Buffon အတြက္ ရာႏႈန္းျပည့္ မွန္ကန္ေနမလားပဲ။ အသက္(၄၀)အထိရွိေနၿပီျဖစ္ေပမယ့္ ေအာင္ျမင္မႈကုိ ဆာေလာင္ေနဆဲ၊ ႏုိင္ပဲြေတြကုိ တပ္မက္ေနဆဲ။ ေဘာလုံးေလာကမွာ အသက္(၄၀)အထိ က်င္လည္ဖုိ႔ဆုိတာ တကယ္မလြယ္တဲ့ကိစၥပါ။ ဒါေပမဲ့ စိန္ေခၚမႈေတြ အမ်ားႀကီးကုိ ရင္ဆုိင္ေက်ာ္ျဖတ္ခဲ့ဖူးတဲ့ ဘူဖြန္အတြက္ေတာ့ စိန္ေခၚမႈအသစ္ဆုိတာ “ခ်ိဳ(ဂ်ိဳ)”နဲ႔လားလုိ႔ေတာင္ ေမးလုိ႔ရတယ္။ ၿပီးခဲ့တဲ့ရာသီကုန္က ကစားသမားသက္တမ္းတစ္၀က္ေလာက္ကစားခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ လမ္းခဲြခဲ့ေတာ့ ဘူဖြန္ ေဘာလုံးသမားဘ၀ကုိ ကန္႔လန္႔ကာခ်ေတာ့မယ္လုိ႔ ခန္႔မွန္းခဲ့ၾကတယ္။ ဒါေပမဲ့ ဘူဖြန္ဆုိတာက Warrior တစ္ဦးပါ။ သူဟာ တိုက္ပဲြေတြဆင္ႏဲႊဖုိ႔ အၿမဲအသင့္ရွိေနတတ္သူ။

Buffon-Signing-with-PSG

Buffon-Signing-with-PSG

ဒါေၾကာင့္ ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းကုိ ေျပာင္းဖုိ႔ ဆုံးျဖတ္ခဲ့တယ္။ “PSG အသင္းရဲ႕ အိပ္မက္ေတြက ဘာလဲဆုိတာ ကၽြန္ေတာ္သိပါတယ္။ သူတို႔က ပရိသတ္ေတြ စိတ္ေက်နပ္ဖုိ႔အတြက္ ေအာင္ျမင္မႈေတြကုိ ရယူေပးလုိတာပါ။ ကၽြန္ေတာ့္ရဲ႕ စြမ္းအင္ေတြ၊ အေတြ႕အႀကံဳနဲ႔ ေအာင္ျမင္မႈ ဆာေလာင္စိတ္ေတြကုိ ဒီအသင္း ေအာင္ျမင္မႈရဖုိ႔အတြက္ ေပးဆပ္သြားမွာပါ။ ကၽြန္ေတာ့္ကစားသမားဘ၀တစ္ေလွ်ာက္ ကုိယ့္ႏုိင္ငံ ျပင္ပမွာ ေျပာင္းေရႊ႕ကစားတာက ပထမဆုံးအႀကိမ္ျဖစ္ၿပီး ျပည္ပမွာ ေအာင္ျမင္မႈရဖုိ႔ ေမွ်ာ္လင့္ခ်က္အတြက္ျဖစ္ပါတယ္” လုိ႔ ဘူဖြန္က ဆုိခဲ့တယ္။ (၁၇)ႏွစ္ၾကာကစားခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အရိပ္ကုိ စြန္႔ခြာခဲ့သူ ဘူဖြန္ဟာ PSG အသင္းနဲ႔ တစ္ရာသီ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တယ္။ ဘူဖြန္နဲ႔ PSG အသင္းတို႔ ဇာတ္ေပါင္းခန္းက ရည္ရြယ္ခ်က္ကုိယ္စီနဲ႔ပါ။

Buffon-with-The-World-Cup

Buffon-with-The-World-Cup

ဘူဖြန္ဟာ ကစားသမားဘ၀ (၂၃)ႏွစ္တာကာလအတြင္း စီးရီးေအ၊ ကမၻာ႔ဖလားအပါအ၀င္ ဆုဖလားေပါင္းမ်ားစြာ ရယူခဲ့ဖူးေပမယ့္ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ခ်န္ပီယံလိဂ္ကို တစ္ခါမွ မရဖူးေသးဘူး။ ခ်န္ပီယံလိဂ္ဖလားကုိင္ေျမႇာက္ခြင့္ရဖုိ႔ အနီးစပ္ဆုံးအေနအထား ေရာက္ခဲ့ေပမယ့္ အေကာင္းဆုံးအရႈံးသမားဘဲြ႕နဲ႔သာ ေက်နပ္ခဲ့ရတယ္။ ၂၀၀၃၊ ၂၀၁၄၊ ၂၀၁၇ ခုႏွစ္ေတြမွာ ဗုိလ္လုပဲြေရာက္ခ့ဲေပမယ့္ ဒုတိယပဲရခဲ့တယ္။ အဲဒါေၾကာင့္ ကစားသမားဘ၀ အဆုံးမသတ္ခင္ ခ်န္ပီယံလိဂ္ဖလား ကုိင္ေျမႇာက္ဖုိ႔ ဘူဖြန္ ဆႏၵျပင္းျပေနလိမ့္မယ္။

Buffon

Buffon

ဒီလုိပါပဲ၊ PSG အသင္းရဲ႕အဓိက ပစ္မွတ္က ခ်န္ပီယံလိဂ္ပါ။ ျပည္တြင္းမွာ ၿပိဳင္ဘက္မရွိ ဘုရင္တစ္ပါးလုိ မင္းမူေန႐ုံနဲ႔ PSG အသင္းပုိင္ရွင္ေတြက ေက်နပ္မႈမရွိဘဲ ဥေရာပအထိ သူတို႔ရဲ႕ Emperor ကုိ ခ်ဲ႕ဖုိ႔ ေျခလွမ္းျပင္ေနတယ္။ အဲဒီအတြက္လည္း သုံးလုိက္တဲ့ေငြေတြ၊ ေခၚယူလုိက္ရတဲ့ နာမည္ေက်ာ္ကစားသမားေတြ၊ ရာထူးက ထုတ္ခဲ့တဲ့ နာမည္ေက်ာ္နည္းျပေတြ မနည္းမေနာပါ။ အခု သူတို႔ဆီမွာ ေနမာ၊ ဘာေပ၊ ကာဗာနီ တို႔လုိ Best Of The Best တိုက္စစ္အတြဲရွိေနၿပီ ကြင္းလယ္နဲ႔ခံစစ္မွာလည္း World Class ေတြ ရွိေနၿပီ။ ဂုိးေပါက္ကုိ ေစာင့္ေရွာက္ဖုိ႔အတြက္ ၀ါရင့္ဂုိးသမားတစ္ေယာက္ လုိေနတာေၾကာင့္ ဘူဖြန္ကုိ ေခၚယူလုိက္တာပါပဲ။ PSG အသင္းရဲ႕ ရည္မွန္းခ်က္၊ ဘူဖြန္ရဲ႕ ကစားသမားဘ၀ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ေတြ ေပါင္းဆုံျခင္းရလဒ္က ခ်န္ပီယံလိဂ္ျဖစ္လာမလားဆုိတာက လာမယ့္ရာသီမွာ အေျဖေပၚလာမွာပါ . . .

ကစားသမားဘ၀တစ္ေလွ်ာက္ ဘူဖြန္ ရရွိခဲ့တဲ့ ေအာင္ျမင္မႈမ်ား
Parma
Coppa Italia: 1998–99
Supercoppa Italiana: 1999
UEFA Cup: 1998–99

Juventus
Serie A: 2001–02, 2002–03, 2004–05,[nb 10] 2005–06,[nb 10] 2011–12, 2012–13, 2013–14, 2014–15, 2015–16, 2016–17, 2017–18
Serie B: 2006–07
Coppa Italia: 2014–15, 2015–16, 2016–17, 2017–18
Supercoppa Italiana: 2002, 2003, 2012, 2013, 2015

Italy
FIFA World Cup: 2006

REF: BBC
Photo:Twitter,The Sun,MacMadison News
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်ဖလား ခေါင်းစဉ်အောက်က ဘူဖွန် Buffon နဲ့ PSG အသင်းတို့ရဲ့ ဇာတ်ပေါင်းခန်း

အသက်(၄၀)မှ ဘဝစတယ်ဆိုတဲ့ အနောက်တိုင်းဆိုရိုးတစ်ခုရှိပါတယ်။ ဒီစကားက ဘူဖွန် Buffon အတွက် ရာနှုန်းပြည့် မှန်ကန်နေမလားပဲ။ အသက်(၄၀)အထိရှိနေပြီဖြစ်ပေမယ့် အောင်မြင်မှုကို ဆာလောင်နေဆဲ၊ နိုင်ပွဲတွေကို တပ်မက်နေဆဲ။ ဘောလုံးလောကမှာ အသက်(၄၀)အထိ ကျင်လည်ဖို့ဆိုတာ တကယ်မလွယ်တဲ့ကိစ္စပါ။ ဒါပေမဲ့ စိန်ခေါ်မှုတွေ အများကြီးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ဖူးတဲ့ ဘူဖွန်အတွက်တော့ စိန်ခေါ်မှုအသစ်ဆိုတာ “ချို(ဂျို)”နဲ့လားလို့တောင် မေးလို့ရတယ်။ ပြီးခဲ့တဲ့ရာသီကုန်က ကစားသမားသက်တမ်းတစ်ဝက်လောက်ကစားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ လမ်းခွဲခဲ့တော့ ဘူဖွန် ဘောလုံးသမားဘဝကို ကန့်လန့်ကာချတော့မယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒါပေမဲ့ ဘူဖွန်ဆိုတာက Warrior တစ်ဦးပါ။ သူဟာ တိုက်ပွဲတွေဆင်နွဲှဖို့ အမြဲအသင့်ရှိနေတတ်သူ။

Buffon-Signing-with-PSG

Buffon-Signing-with-PSG

ဒါကြောင့် ပြင်သစ်ထိပ်သီးကလပ် PSG အသင်းကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ “PSG အသင်းရဲ့ အိပ်မက်တွေက ဘာလဲဆိုတာ ကျွန်တော်သိပါတယ်။ သူတို့က ပရိသတ်တွေ စိတ်ကျေနပ်ဖို့အတွက် အောင်မြင်မှုတွေကို ရယူပေးလိုတာပါ။ ကျွန်တော့်ရဲ့ စွမ်းအင်တွေ၊ အတွေ့အကြုံနဲ့ အောင်မြင်မှု ဆာလောင်စိတ်တွေကို ဒီအသင်း အောင်မြင်မှုရဖို့အတွက် ပေးဆပ်သွားမှာပါ။ ကျွန်တော့်ကစားသမားဘဝတစ်လျှောက် ကိုယ့်နိုင်ငံ ပြင်ပမှာ ပြောင်းရွှေ့ကစားတာက ပထမဆုံးအကြိမ်ဖြစ်ပြီး ပြည်ပမှာ အောင်မြင်မှုရဖို့ မျှော်လင့်ချက်အတွက်ဖြစ်ပါတယ်” လို့ ဘူဖွန်က ဆိုခဲ့တယ်။ (၁၇)နှစ်ကြာကစားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ အရိပ်ကို စွန့်ခွာခဲ့သူ ဘူဖွန်ဟာ PSG အသင်းနဲ့ တစ်ရာသီ စာချုပ်ချုပ်ဆိုခဲ့တယ်။ ဘူဖွန်နဲ့ PSG အသင်းတို့ ဇာတ်ပေါင်းခန်းက ရည်ရွယ်ချက်ကိုယ်စီနဲ့ပါ။

Buffon-with-The-World-Cup

Buffon-with-The-World-Cup

ဘူဖွန်ဟာ ကစားသမားဘ၀ (၂၃)နှစ်တာကာလအတွင်း စီးရီးအေ၊ ကမ္ဘာ့ဖလားအပါအဝင် ဆုဖလားပေါင်းများစွာ ရယူခဲ့ဖူးပေမယ့် အံ့အားသင့်စရာကောင်းလောက်အောင် ချန်ပီယံလိဂ်ကို တစ်ခါမှ မရဖူးသေးဘူး။ ချန်ပီယံလိဂ်ဖလားကိုင်မြှောက်ခွင့်ရဖို့ အနီးစပ်ဆုံးအနေအထား ရောက်ခဲ့ပေမယ့် အကောင်းဆုံးအရှုံးသမားဘွဲ့နဲ့သာ ကျေနပ်ခဲ့ရတယ်။ ၂၀၀၃၊ ၂၀၁၄၊ ၂၀၁၇ ခုနှစ်တွေမှာ ဗိုလ်လုပွဲရောက်ခဲ့ပေမယ့် ဒုတိယပဲရခဲ့တယ်။ အဲဒါကြောင့် ကစားသမားဘ၀ အဆုံးမသတ်ခင် ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ဖို့ ဘူဖွန် ဆန္ဒပြင်းပြနေလိမ့်မယ်။

Buffon

Buffon

ဒီလိုပါပဲ၊ PSG အသင်းရဲ့အဓိက ပစ်မှတ်က ချန်ပီယံလိဂ်ပါ။ ပြည်တွင်းမှာ ပြိုင်ဘက်မရှိ ဘုရင်တစ်ပါးလို မင်းမူနေရုံနဲ့ PSG အသင်းပိုင်ရှင်တွေက ကျေနပ်မှုမရှိဘဲ ဥရောပအထိ သူတို့ရဲ့ Emperor ကို ချဲ့ဖို့ ခြေလှမ်းပြင်နေတယ်။ အဲဒီအတွက်လည်း သုံးလိုက်တဲ့ငွေတွေ၊ ခေါ်ယူလိုက်ရတဲ့ နာမည်ကျော်ကစားသမားတွေ၊ ရာထူးက ထုတ်ခဲ့တဲ့ နာမည်ကျော်နည်းပြတွေ မနည်းမနောပါ။ အခု သူတို့ဆီမှာ နေမာ၊ ဘာပေ၊ ကာဗာနီ တို့လို Best Of The Best တိုက်စစ်အတွဲရှိနေပြီ ကွင်းလယ်နဲ့ခံစစ်မှာလည်း World Class တွေ ရှိနေပြီ။ ဂိုးပေါက်ကို စောင့်ရှောက်ဖို့အတွက် ဝါရင့်ဂိုးသမားတစ်ယောက် လိုနေတာကြောင့် ဘူဖွန်ကို ခေါ်ယူလိုက်တာပါပဲ။ PSG အသင်းရဲ့ ရည်မှန်းချက်၊ ဘူဖွန်ရဲ့ ကစားသမားဘ၀ နောက်ဆုံးမျှော်လင့်ချက်တွေ ပေါင်းဆုံခြင်းရလဒ်က ချန်ပီယံလိဂ်ဖြစ်လာမလားဆိုတာက လာမယ့်ရာသီမှာ အဖြေပေါ်လာမှာပါ . . .

ကစားသမားဘဝတစ်လျှောက် ဘူဖွန် ရရှိခဲ့တဲ့ အောင်မြင်မှုများ
Parma
Coppa Italia: 1998–99
Supercoppa Italiana: 1999
UEFA Cup: 1998–99

Juventus
Serie A: 2001–02, 2002–03, 2004–05,[nb 10] 2005–06,[nb 10] 2011–12, 2012–13, 2013–14, 2014–15, 2015–16, 2016–17, 2017–18
Serie B: 2006–07
Coppa Italia: 2014–15, 2015–16, 2016–17, 2017–18
Supercoppa Italiana: 2002, 2003, 2012, 2013, 2015

Italy
FIFA World Cup: 2006

REF: BBC
Photo:Twitter,The Sun,MacMadison News
Naing Linn(Akhayar)
www.akhayar.com