[Zawgyi]

ပံုမွန္စိတ္လန္႔ေျခာက္ျခားဖြယ္ရာ သရဲကားေတြနဲ႔မတူဘဲ ခ်စ္ျခင္းေမတၱာတစ္ခုကိုေဖာ္ျပခဲ့တဲ့ Pari(2018)

Pari (2018) ဆိုတဲ့ အိႏိၵယဇာတ္ကားကို မၾကည့္ဘူးေသးတဲ့ သူေတြကိုၾကည့္ၾကပါလို႔တိုက္တြန္းလိုက္ပါရေစ။ သရဲကားကိုေၾကာက္လို႔မၾကည့္ခ်င္လို႔ ဆိုၿပီးဒီဇာတ္ကားေလးကို မၾကည့္ဘဲေက်ာ္လိုက္ၾကမယ္ဆိိုရင္ေတာ့ ဇာတ္ကားေကာင္းတစ္ခုကို လက္လြတ္ဆံုးရံႈးလိုက္သလိုျဖစ္မွာဆိုး လို႔လက္တို႔လိုက္တာလည္း ျဖစ္ပါတယ္။

ဒီဇာတ္ကားကိုေတာ့ မင္းသမီးလည္း ျဖစ္သလို ပရိုဂ်ဴဆာတစ္ဦးလည္း ျဖစ္တဲ့ Anushka Sharma ကသူကိုယ္တိုင္ပါဝင္သရုပ္ေဆာင္ထားၿပီး သူမရဲ ႔ကိုယ္ပိုင္ထုတ္လုပ္ေရးျဖစ္တဲ့ Clean Slate Flims ကေနတာဝန္ယူရိုက္ကူးခဲ့တဲ့ဇာတ္ကားလည္း ျဖစ္ပါတယ္။ အိႏိၵယနိုင္ငံ မွာ ၂၀၁၈ ခုနွစ္ မတ္လ ၂ ရက္ေန႔က ျပသခဲ့ၿပီး ျမန္မာျပည္ကရုပ္ရွင္ရံုေတြမွာလည္း ရံုတင္ျပသခဲ့တဲ့ ဇာတ္ကားေကာင္းျဖစ္ပါတယ္။ ဇာတ္ကားရဲ ႔ကုန္က်စားရိတ္ကရူပီး ၁၈ ကုေဋ ရွိခဲ့ၿပီး ဝင္ေငြကေတာ့ ရူပီး ၄၀ ကုေဋေက်ာ္ရရွိခဲ့တဲ့အတြက္ ေအာင္ျမင္မႈ အထိုက္အေလ်ာက္ရရွိခဲ့တဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။

ဇာတ္ကားရဲ ႔ နမူနာကိုၾကည့္မယ္ဆိုရင္ေတာ့ သာမန္သရဲကားတစ္ကားလို႔ထင္ၾကမွာပါ။ တကယ္တမ္းေတာ့ မိခင္ေမတၱာကို အေျခခံၿပီး စုန္းကေဝဇာတ္လမ္းမ်ိဳးကို ရိုက္ကူးထားတာျဖစ္ပါတယ္။ မင္းသမီးျဖစ္တဲ့ Anushka Sharma ဟာ ဒီဇာတ္ကားမွာစုန္းမေလးတစ္ေယာက္ပါ။ မိခင္ျဖစ္သူေသဆံုးၿပီးေနာက္မွာ ေကာင္ေလးတစ္ေယာက္နဲ႔ ေတြ႔ဆံုၿပီးသူမရဲ ႔ဘဝေျပာင္းလဲလာခဲ့တာျဖစ္ပါတယ္။

အရင္ကသူမျပဳမူေနထိုင္တဲ့ အမူအက်င့္ေတြ အကုန္ေပ်ာက္ကုန္ၿပီး ထမင္းစားတတ္လာတယ္ ၊ အရင္လို အမိႈက္ေတြကိုညသန္းေခါင္ႀကီးထမစားေတာ့ဘူး။ သန္႔သန႔္ရွင္းရွင္းေနတတ္လာတယ္ ၊ ေျခသည္းလက္သည္းေတြညွစ္တတ္လာတယ္ စတဲ့ပံုစံေတြေျပာင္းလဲလို႔ ရေပမယ့္လို႔ သူမရဲ ႔ကို္ယ္တြင္းထဲမွာပါလာတဲ့ စုန္းစိတ္ကိုေတာ့ ေဖ်ာက္ဖ်က္လို႔မရခဲ့ပါဘူး။ ဒါေပမယ့္လည္း အဲ့လိုအခ်ိန္မွာ ေကာင္ေလးကို သူမခ်စ္မိေနပါၿပီ။ သူမခ်စ္သြားတဲ့ ေကာင္ေလးကလည္း အိမ္ေထာင္ျပဳရမယ့္ ေကာင္မေလးရွိေနတဲ့ အခါ သူမရဲ ႔အခ်စ္ေရးကဘယ္လိုစျဖစ္မွာလဲ ဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။

ဒီဇာတ္ကားေလးမွာ မိခင္ေမတၱာဘယ္ေနရာမွာပါတာလည္း လို႔ေမးၾကမယ္ဆိုရင္ေတာ့ စုန္းေတြဟာ သူတို႕ရဲ ႔မ်ိဳးရိုးကြယ္ေပ်ာက္မွာကိုစိုးတဲ့ အတြက္ေၾကာင့္လူသားမိန္းမတစ္ေယာက္ကို စုန္းေသြးကိုကိုယ္ဝန္လြယ္ေစၿပီး မ်ိဳးပြားျခင္းေတြလုပ္ေဆာင္ၾကပါတယ္။စုန္းေတြကမ်ိဳးပြားမႈကို လုပ္ေဆာင္ၾကသလို စုန္းနိွမ္နင္းတဲ့ အဖြဲ႔ကလည္းစုန္းမ်ိဳးဆက္ေတြကို လိုက္လံၿပီးသတ္ပစ္ပါတယ္။ ဒီလိုလုပ္ေဆာင္သူေတြၾကားထဲမွာ မင္းသမီးကိုဗိုက္ထဲမွာလြယ္ထားတဲ့ မိခင္ျဖစ္သူက သူ႔ရဲ ႔ရင္ေသြးအသက္ကို အသက္ေပးကယ္ဆယ္ခဲ့တာျဖစ္ပါတယ္။

အဲ့လိုကယ္ဆယ္ခဲ့လို႕လည္း မင္းသမီးႀကီးလာတဲ့အခါ ခ်စ္တတ္တဲ့ နွလံုးသားတစ္စံုေၾကာင့္ မင္းသားနဲ႔အေၾကာင္းဖက္ၿပီး ကိုယ္ဝန္ရရွိခဲ့ျပန္ပါတယ္။ ဒီအခ်ိန္မွာ မင္းသမီးကေရာ သူ႔ရဲ ႔ရင္ေသြးေလးကို ဘယ္လိုခဲရာခဲဆစ္အေျခအေနေတြကေနၿပီး ေအာင္ျမင္စြာေမြးထုတ္မလဲ ၊ စုန္းေတြကို လိုက္လံၿပီး နွိမ္နင္းတဲ့ အဖြဲ႔ေတြကေရာ ဆက္လက္ၿပီးဖမ္းဆီးသတ္ပစ္ၾကမွာလားဆိုတာကေတာ့ Pari (2018) ဆိုတဲ့ဇာတ္ကားေလးကို ၾကည့္လိုက္ရင္သိနိုင္ပါတယ္။ နွလံုးသားလွတဲ့ မိန္းမပ်ိဳေလးတစ္ဦး နဲ႔ စုန္းစိတ္ရွိေနတဲ့ မိန္းမပ်ိဳေလးတစ္ဦးအသြင္ သရုပ္ေဆာင္ထားတဲ့ မင္းသမီးေလး Anushka Sharma ရဲ ႔သရုပ္ေဆာင္ေကာင္းခ်က္ကေတာ့ ဇာတ္လမ္းၾကည့္ၿ႔ပီးရင္ တသသျဖစ္ေနၾကမယ္ဆိုတာကို ေသခ်ာေျပာနိုင္ပါတယ္။

Photo Credit: SPCinecorp

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

ပုံမှန်စိတ်လန့်ခြောက်ခြားဖွယ်ရာ သရဲကားတွေနဲ့မတူဘဲ ချစ်ခြင်းမေတ္တာတစ်ခုကိုဖော်ပြခဲ့တဲ့ Pari(2018)

Pari(2018) ဆိုတဲ့ အိန္ဒိယဇာတ်ကားကို မကြည့်ဘူးသေးတဲ့ သူတွေကိုကြည့်ကြပါလို့တိုက်တွန်းလိုက်ပါရစေ။ သရဲကားကိုကြောက်လို့မကြည့်ချင်လို့ ဆိုပြီးဒီဇာတ်ကားလေးကို မကြည့်ဘဲကျော်လိုက်ကြမယ်ဆိုရင်တော့ ဇာတ်ကားကောင်းတစ်ခုကို လက်လွတ်ဆုံးရှုံးလိုက်သလိုဖြစ်မှာဆိုး လို့လက်တို့လိုက်တာလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားကိုတော့ မင်းသမီးလည်း ဖြစ်သလို ပရိုဂျူဆာတစ်ဦးလည်း ဖြစ်တဲ့ Anushka Sharma ကသူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး သူမရဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ Clean Slate Flims ကနေတာဝန်ယူရိုက်ကူးခဲ့တဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ မှာ ၂၀၁၈ ခုနှစ် မတ်လ ၂ ရက်နေ့က ပြသခဲ့ပြီး မြန်မာပြည်ကရုပ်ရှင်ရုံတွေမှာလည်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ ဇာတ်ကားရဲ့ကုန်ကျစားရိတ်ကရူပီး ၁၈ ကုဋေ ရှိခဲ့ပြီး ဝင်ငွေကတော့ ရူပီး ၄၀ ကုဋေကျော်ရရှိခဲ့တဲ့အတွက် အောင်မြင်မှု အထိုက်အလျောက်ရရှိခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

ဇာတ်ကားရဲ့ နမူနာကိုကြည့်မယ်ဆိုရင်တော့ သာမန်သရဲကားတစ်ကားလို့ထင်ကြမှာပါ။ တကယ်တမ်းတော့ မိခင်မေတ္တာကို အခြေခံပြီး စုန်းကဝေဇာတ်လမ်းမျိုးကို ရိုက်ကူးထားတာဖြစ်ပါတယ်။ မင်းသမီးဖြစ်တဲ့ Anushka Sharma ဟာ ဒီဇာတ်ကားမှာစုန်းမလေးတစ်ယောက်ပါ။ မိခင်ဖြစ်သူသေဆုံးပြီးနောက်မှာ ကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံပြီးသူမရဲ့ဘဝပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။

အရင်ကသူမပြုမူနေထိုင်တဲ့ အမူအကျင့်တွေ အကုန်ပျောက်ကုန်ပြီး ထမင်းစားတတ်လာတယ် ၊ အရင်လို အမှိုက်တွေကိုညသန်းခေါင်ကြီးထမစားတော့ဘူး။ သန့်သန့်ရှင်းရှင်းနေတတ်လာတယ် ၊ ခြေသည်းလက်သည်းတွေညှစ်တတ်လာတယ် စတဲ့ပုံစံတွေပြောင်းလဲလို့ ရပေမယ့်လို့ သူမရဲ့ကိုယ်တွင်းထဲမှာပါလာတဲ့ စုန်းစိတ်ကိုတော့ ဖျောက်ဖျက်လို့မရခဲ့ပါဘူး။ ဒါပေမယ့်လည်း အဲ့လိုအချိန်မှာ ကောင်လေးကို သူမချစ်မိနေပါပြီ။ သူမချစ်သွားတဲ့ ကောင်လေးကလည်း အိမ်ထောင်ပြုရမယ့် ကောင်မလေးရှိနေတဲ့ အခါ သူမရဲ့အချစ်ရေးကဘယ်လိုစဖြစ်မှာလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

ဒီဇာတ်ကားလေးမှာ မိခင်မေတ္တာဘယ်နေရာမှာပါတာလည်း လို့မေးကြမယ်ဆိုရင်တော့ စုန်းတွေဟာ သူတို့ရဲ့မျိုးရိုးကွယ်ပျောက်မှာကိုစိုးတဲ့ အတွက်ကြောင့်လူသားမိန်းမတစ်ယောက်ကို စုန်းသွေးကိုကိုယ်ဝန်လွယ်စေပြီး မျိုးပွားခြင်းတွေလုပ်ဆောင်ကြပါတယ်။စုန်းတွေကမျိုးပွားမှုကို လုပ်ဆောင်ကြသလို စုန်းနှိမ်နင်းတဲ့ အဖွဲ့ကလည်းစုန်းမျိုးဆက်တွေကို လိုက်လံပြီးသတ်ပစ်ပါတယ်။ ဒီလိုလုပ်ဆောင်သူတွေကြားထဲမှာ မင်းသမီးကိုဗိုက်ထဲမှာလွယ်ထားတဲ့ မိခင်ဖြစ်သူက သူ့ရဲ့ရင်သွေးအသက်ကို အသက်ပေးကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။

အဲ့လိုကယ်ဆယ်ခဲ့လို့လည်း မင်းသမီးကြီးလာတဲ့အခါ ချစ်တတ်တဲ့ နှလုံးသားတစ်စုံကြောင့် မင်းသားနဲ့အကြောင်းဖက်ပြီး ကိုယ်ဝန်ရရှိခဲ့ပြန်ပါတယ်။ ဒီအချိန်မှာ မင်းသမီးကရော သူ့ရဲ့ရင်သွေးလေးကို ဘယ်လိုခဲရာခဲဆစ်အခြေအနေတွေကနေပြီး အောင်မြင်စွာမွေးထုတ်မလဲ ၊ စုန်းတွေကို လိုက်လံပြီး နှိမ်နင်းတဲ့ အဖွဲ့တွေကရော ဆက်လက်ပြီးဖမ်းဆီးသတ်ပစ်ကြမှာလားဆိုတာကတော့ Pari (2018) ဆိုတဲ့ဇာတ်ကားလေးကို ကြည့်လိုက်ရင်သိနိုင်ပါတယ်။ နှလုံးသားလှတဲ့ မိန်းမပျိုလေးတစ်ဦး နဲ့ စုန်းစိတ်ရှိနေတဲ့ မိန်းမပျိုလေးတစ်ဦးအသွင် သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး Anushka Sharma ရဲ့သရုပ်ဆောင်ကောင်းချက်ကတော့ ဇာတ်လမ်းကြည့်ြ့ပီးရင် တသသဖြစ်နေကြမယ်ဆိုတာကို သေချာပြောနိုင်ပါတယ်။

Photo Credit: SPCinecorp

ကြည်သာ (Akhayar)

www.akhayar.com