[Zawgyi]

ဒစ္ဂ်စ္တယ္ဝန္ေဆာင္မႈက႑ရဲ႕ ပညာရွင္ေတြ ပါဝင္ေဆြးေႏြးထားတဲ့ ၾသဂုတ္လ Parami Talk Series

ဩဂုတ္လ ၂၆ ရက္ေန႔ကက်င္းပခဲ့တဲ့ Parami Talk Series မွာ GET ရဲ႕ Cofounder နဲ႔ CEO ကိုၿငိမ္းခ်မ္းစိုးဝင္း၊ Revo Digital ရဲ႕ Founder နဲ႔ CEO ကိုမ်ိဳးျမင့္ေက်ာ္၊ Koe Koe Tech ရဲ႕Cofounder နဲ႔ CTO ျဖစ္သူ ေဒါက္တာရာဇာမင္းထူးတို႔က ေရႊဂံုပလာဇာ တတိယထပ္မွာရွိတဲ့ Parami Institute of Liberal Arts and Sciences အစီအစဥ္မွာ ပါဝင္ေဆြးေႏြးေပးခဲ့ေၾကာင္းသိရွိရပါတယ္။ ၄င္းေဆြးေႏြးပြဲမွာ မတူညီတဲ့ ဒစ္ဂ်စ္တယ္ဝန္ေဆာင္မႈနယ္ပယ္အသီးသီးက တာဝန္ရွိသူမ်ားနဲ႔အတူ ရိုးမဘဏ္ ရဲ႕ Digital Retail ဌာနခြဲမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ပေရာဂ်က္ေခါင္းေဆာင္ ကိုေကာင္းဆက္လင္းက Moderator အျဖစ္ပါဝင္ခဲ့တာျဖစ္ၿပီး ျမန္မာႏိုင္ငံရဲ႕ လူမႈေရး နဲ႔ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈေတြအတြက္ ဒစ္ဂ်စ္တယ္ ဝန္ေဆာင္မႈရဲ႕ အက်ိဳးသက္ေရာက္ပံုေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

“အခုေခတ္မွာဆိုရင္ နည္းပညာေတြအသံုးျပဳလာတဲ့အေလ်ာက္ ကၽြန္ေတာ္တို႔ရဲ႕ ေန႔စဥ္ဘဝေတြလည္း ေျပာင္းလဲလာပါတယ္။ လူမႈကြန္ရက္ေတြျဖစ္တဲ့ Facebook တို႔ Twitter တို႔ဆိုရင္ ကၽြန္ေတာ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ဆက္သြယ္ေျပာဆိုတဲ့ပံုစံကို သိသိသာသာႀကီးကို ေျပာင္းလဲသြားေစတယ္။ အဲ့ဒါေၾကာင့္ နည္းပညာနယ္ပယ္မွာ လုပ္ကိုင္ေနတဲ့ ျမန္မာလူငယ္ေတြကေန သူတို႔ရဲ႕အေတြ႕အၾကံဳေတြ၊ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဘယ္လိုအေထာက္အကူျပဳဖို႔ ေမၽွာ္မွန္းထားလဲ ဆိုတာေတြကို ေဝမၽွေပးဖို႔ ဖိတ္ေခၚခြင့္ရတာ ကၽြန္ေတာ္အရမ္းဝမ္းသာပါတယ္။” လို႔ Parami Institute ရဲ႕ Executive Director ျဖစ္သူ ေဒါက္တာေက်ာ္မိုးထြန္းကေျပာၾကားခဲ့ပါတယ္။

Parami Talk Series ဟာ လစဥ္က်င္းပေနတဲ့ Public Event Series တစ္ခုျဖစ္ၿပီး ေက်ာင္းသားေတြကို ပိုမိုက်ယ္ျပန္႔တဲ့အသိုင္းအဝိုင္းတစ္ခုကိုေရာက္ရွိေအာင္ ဆြဲေခၚသြားဖို႔ ရည္ရြယ္ထားတာျဖစ္ပါတယ္။ တက္ေရာက္ပါဝင္သူေတြဟာ ျမန္မာျပည္နဲ႔ ကမာၻအႏွံ႔ က နာမည္ၾကီး လူပုဂၢိဳလ္ေတြကိုေတြ႕ဆံုၿပီး မ်က္ေမွာက္ကာလမွာ ျဖစ္ေပၚေနတဲ့ ကိစၥရပ္ေတြကို ေဆြးေႏြးၾကမွာျဖစ္ပါတယ္။ ဒီလိုပြဲေတြကို အခမဲ့တက္ေရာက္ႏိုင္မွာပဲျဖစ္ပါတယ္။

ေဟာေျပာခဲ့တဲ့ပညာရွင္ေတြအားလံုးက Parami Talk Series ရဲ႕ ရည္မွန္းခ်က္နဲ႔ လုပ္ထံုးလုပ္နည္းေတြကိုသေဘာတူႏွစ္သက္ၿပီး ပါဝင္ခဲ့ၾကတာျဖစ္ပါတယ္။ ၂၀၁၈ ၾသဂုတ္လ Parami Talk Series မွာ Guest Speaker အျဖစ္ University of Columbia မွာတာဝန္ထမ္းေဆာင္ေနတဲ့ Dr. Alexandra Gribovskaya က “Parami Institute လို အစိုးရအဖြဲ႕အစည္းလည္းမဟုတ္ အက်ိဳးအျမတ္မယူတဲ့ NGO အဖြဲ႕အစည္းတစ္ခုကေန ျမန္မာႏိုင္ငံကို အခုလိုမ်ိဳး ကၽြမ္းက်င္မႈေတြယူေဆာင္လာတဲ့အျပင္ ေက်ာင္းသားေတြကို ပညာသင္ဆုေတြေပး ႏိုင္တယ္ဆိုတာ အံ့ဩဖို႔ေကာင္းပါတယ္။ တျခား အက်ိဳးအျမတ္ယူတဲ့ ေက်ာင္းေတြအမ်ားႀကီးရွိေနတဲ့အခ်ိန္မွာ Parami က မ်ိဳးဆက္အသစ္ေတြေရာ အေဟာင္းေတြပါ ပညာသင္ၾကားေပးတာကိုေတြ႕ရတာ ဂုဏ္ယူဖို႔ေကာင္းပါတယ္” လို႔မွတ္ခ်က္ေပးခဲ့ပါေသးတယ္။

အခရာ (Akhayar)

www.akhayar.com

[Unicode]

ဒစ်ဂျစ်တယ်ဝန်ဆောင်မှုကဏ္ဍရဲ့ ပညာရှင်တွေ ပါဝင်ဆွေးနွေးထားတဲ့ သြဂုတ်လ Parami Talk Series

ဩဂုတ်လ ၂၆ ရက်နေ့ကကျင်းပခဲ့တဲ့ Parami Talk Series မှာ GET ရဲ့ Cofounder နဲ့ CEO ကိုငြိမ်းချမ်းစိုးဝင်း၊ Revo Digital ရဲ့ Founder နဲ့ CEO ကိုမျိုးမြင့်ကျော်၊ Koe Koe Tech ရဲ့Cofounder နဲ့ CTO ဖြစ်သူ ဒေါက်တာရာဇာမင်းထူးတို့က ရွှေဂုံပလာဇာ တတိယထပ်မှာရှိတဲ့ Parami Institute of Liberal Arts and Sciences အစီအစဉ်မှာ ပါဝင်ဆွေးနွေးပေးခဲ့ကြောင်းသိရှိရပါတယ်။ ၎င်းဆွေးနွေးပွဲမှာ မတူညီတဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုနယ်ပယ်အသီးသီးက တာဝန်ရှိသူများနဲ့အတူ ရိုးမဘဏ် ရဲ့ Digital Retail ဌာနခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ပရောဂျက်ခေါင်းဆောင် ကိုကောင်းဆက်လင်းက Moderator အဖြစ်ပါဝင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူမှုရေး နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုရဲ့ အကျိုးသက်ရောက်ပုံတွေကို ဆွေးနွေးခဲ့ကြပါတယ်။

“အခုခေတ်မှာဆိုရင် နည်းပညာတွေအသုံးပြုလာတဲ့အလျောက် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေလည်း ပြောင်းလဲလာပါတယ်။ လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook တို့ Twitter တို့ဆိုရင် ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဆက်သွယ်ပြောဆိုတဲ့ပုံစံကို သိသိသာသာကြီးကို ပြောင်းလဲသွားစေတယ်။ အဲ့ဒါကြောင့် နည်းပညာနယ်ပယ်မှာ လုပ်ကိုင်နေတဲ့ မြန်မာလူငယ်တွေကနေ သူတို့ရဲ့အတွေ့အကြုံတွေ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုအထောက်အကူပြုဖို့ မျှော်မှန်းထားလဲ ဆိုတာတွေကို ဝေမျှပေးဖို့ ဖိတ်ခေါ်ခွင့်ရတာ ကျွန်တော်အရမ်းဝမ်းသာပါတယ်။” လို့ Parami Institute ရဲ့ Executive Director ဖြစ်သူ ဒေါက်တာကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။

Parami Talk Series ဟာ လစဉ်ကျင်းပနေတဲ့ Public Event Series တစ်ခုဖြစ်ပြီး ကျောင်းသားတွေကို ပိုမိုကျယ်ပြန့်တဲ့အသိုင်းအဝိုင်းတစ်ခုကိုရောက်ရှိအောင် ဆွဲခေါ်သွားဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ တက်ရောက်ပါဝင်သူတွေဟာ မြန်မာပြည်နဲ့ ကမ္ဘာအနှံ့ က နာမည်ကြီး လူပုဂ္ဂိုလ်တွေကိုတွေ့ဆုံပြီး မျက်မှောက်ကာလမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီလိုပွဲတွေကို အခမဲ့တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။

ဟောပြောခဲ့တဲ့ပညာရှင်တွေအားလုံးက Parami Talk Series ရဲ့ ရည်မှန်းချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကိုသဘောတူနှစ်သက်ပြီး ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၈ သြဂုတ်လ Parami Talk Series မှာ Guest Speaker အဖြစ် University of Columbia မှာတာဝန်ထမ်းဆောင်နေတဲ့ Dr. Alexandra Gribovskaya က “Parami Institute လို အစိုးရအဖွဲ့အစည်းလည်းမဟုတ် အကျိုးအမြတ်မယူတဲ့ NGO အဖွဲ့အစည်းတစ်ခုကနေ မြန်မာနိုင်ငံကို အခုလိုမျိုး ကျွမ်းကျင်မှုတွေယူဆောင်လာတဲ့အပြင် ကျောင်းသားတွေကို ပညာသင်ဆုတွေပေး နိုင်တယ်ဆိုတာ အံ့ဩဖို့ကောင်းပါတယ်။ တခြား အကျိုးအမြတ်ယူတဲ့ ကျောင်းတွေအများကြီးရှိနေတဲ့အချိန်မှာ Parami က မျိုးဆက်အသစ်တွေရော အဟောင်းတွေပါ ပညာသင်ကြားပေးတာကိုတွေ့ရတာ ဂုဏ်ယူဖို့ကောင်းပါတယ်” လို့မှတ်ချက်ပေးခဲ့ပါသေးတယ်။

အခရာ (Akhayar)

www.akhayar.com