[Zawgyi]

‘မသန္စြမ္း’ ဆိုတဲ့ သတ္မွတ္ခ်က္ေတြကို ေခ်ဖ်က္ျပခဲ့တဲ့ ပါရာေဂြးေဘာလံုးသမား

ကမၻာ႔ေဘာလံုးအဖြဲ႔ခ်ဳပ္ (FIFA) က ႏွစ္စဥ္ခ်ီးျမွင့္ေနၾကျဖစ္တဲ့ အေကာင္းဆံုးဆုေတြထဲမွာ အေကာင္းဆံုးသြင္းဂိုးဆုကို ၂၀၀၉ ခုႏွစ္ကစတင္ၿပီး ထည့္သြင္းခ်ီးျမွင့္ခဲ့တယ္။ ၁၉၅၀ ေက်ာ္ကာလေတြတုန္းက ရီးယဲလ္အသင္းမွာ ကစားခဲ့တဲ့ ဟန္ေဂရီဂႏၳဝင္တိုက္စစ္မွဴး ပြတ္ရွ္ကပ္စ္ Puskás ကို ဂုဏ္ျပဳတဲ့အေနနဲ႔ အေကာင္းဆံုးသြင္းဂိုးဆုကို FIFA Puskás Award လို႔ နာမည္ေပးခဲ့တယ္။ FIFA Puskás Award ခ်ီးျမွင့္ခံရဖို႔ တစ္ရာသီလံုး အသင္းမွာ ေျခစြမ္းျပကစားဖို႔ မလိုဘူး။ ပေရာ္ဖက္ရွင္နယ္လိဂ္ၿပိဳင္ပြဲအျဖစ္ FIFA ရဲ႕ အသိအမွတ္ျပဳခံထားရတဲ့ ႏိုင္ငံအရပ္ရပ္က ကလပ္အသင္းတိုင္းမွာ ကစားေနတဲ့ ကစားသမားတိုင္းဟာ FIFA Puskás Award ဆုကို ေမွ်ာ္လင့္ႏိုင္တယ္။ အသားအေရာင္၊ လူမ်ိဳး၊ ဘာသာ မခြဲျခားထားဘူး။ ဒီဆုကို ဆြတ္ခူးႏိုင္ဖို႔ လွပေသသပ္တဲ့ သြင္းဂိုးတစ္ဂိုးပဲလိုတယ္။ ‘ကံေကာင္းရင္ တစ္ခ်က္’ ဆိုသလိုပဲ ဒီဆုက ကံနဲ႔လည္း အမ်ားႀကီးသက္ဆိုင္တယ္။ ကမၻာေက်ာ္ ေဘာလံုးသမားေတြ တစ္ရာသီထဲမွာ ဂိုးေပါင္းေျမာက္မ်ားစြာ သြင္းျပလည္း မထင္မရွားလိဂ္က သာမန္ကစားသမားတစ္ေယာက္ရဲ႕ သြင္းဂိုးတစ္ဂိုးက ကမၻာေက်ာ္ေတြကို ေနာက္ေကာက္ခ်သြားႏိုင္တယ္။ ၂၀၁၆ ခုႏွစ္ FIFA Puskás Award ကို သိမ္းပိုက္ခဲ့တဲ့ မေလးရွား ေတာင္ပံတိုက္စစ္ကစားသမား ဆူဘရီ Subri ေၾကာင့္ ဒီဆုကို ဆြတ္ခူးဖို႔ မထင္မရွားကစားသမားေတြအတြက္ အခြင့္အလမ္းေကာင္းေတြ ရွိတယ္ဆိုတာ ေပၚလြင္ေစခဲ့တယ္။

FIFA-Puskás-Award

FIFA-Puskás-Award

FIFA Puskás Award ဆုကို ဘယ္သူရမလည္းဆိုတာ ႀကိဳတင္တြက္ဆလို႔ မရဘူး။ လူကၽြံအေနအထားက ဂိုးရယူခဲ့ရင္ေတာင္ ပြဲကို ကိုင္တြယ္တဲ့ ဒိုင္ေတြက ဂိုးအျဖစ္ သတ္မွတ္ေပးခဲ့ရင္ ဒီဆုအတြက္ အက်ံဳးဝင္တယ္။ ဒါေပမယ့္ မဲစနစ္နဲ႔ ဆံုးျဖတ္တဲ့ ဆုျဖစ္လုိ႔ သန္႔ရွင္းမွ်တမႈမရွိတဲ့ သြင္းဂိုးေတြက ဆုရရွိဖို႔ အခြင့္အလမ္းနည္းတယ္။ ဥပမာအေနနဲ႔ တားျမစ္ေဆးျပႆနာရွိတဲ့ ကစားသမား သြင္းယူခဲ့တဲ့ ဂိုးေတြကို ဒီဆုအတြက္ ထည့္သြင္းတြက္ခ်က္မွာ မဟုတ္သလို၊ ဆုရရွိခဲ့တဲ့ ကစားသမားက တစ္ခ်ိန္ခ်ိန္မွာ တားျမစ္ေဆးျပႆနာေပၚခဲ့ရင္ ဆုကို ျပန္လည္သိမ္းယူခြင့္ရွိပါတယ္။ အခုလို အေျခအေနေတြေၾကာင့္ FIFA Puskás Award ဆုကို တရားမွ်တတဲ့ ဆုတစ္ဆုလို႔ နာမည္ေနာက္တစ္မ်ိဳး မွည့္ေခၚလို႔ေတာင္ရတယ္။ ဆုရရွိမယ့္ ကစားသမားကို မေၾကညာခင္ ဆန္ခါတင္ ကစားသမား (၁၀)ဦးစာရင္းကို ထုတ္ျပန္ေလ့ရွိတယ္။ (၉)ႀကိမ္ ခ်ီးျမွင့္ခဲ့ၿပီးျဖစ္တဲ့ FIFA Puskás Award ဆုမွာ နာမည္ေက်ာ္ တိုက္စစ္မွဴးေတြျဖစ္တဲ့ မက္ဆီ Messi ၊ ေနမာ Neymar နဲ႔ အီဘရာဟီမိုဗစ္ Ibrahimovic တို႔လို ကစားသမားေတြ ေနာက္ဆံုး ဆန္ခါတင္စာရင္းမွာ အမ်ားဆံုးအေနနဲ႔ (၅)ႀကိမ္အထိ ပါဝင္ခဲ့တယ္။ ဒီလိုနာမည္ေက်ာ္ တုိက္စစ္မွဴးေတြေတာင္ ဆန္ခါတင္စာရင္းမွာ (၅)ႀကိမ္အထိ ပါဝင္ႏိုင္ခဲ့ေပမယ့္ ေနမာ (၂၀၁၁)နဲ႔ မိုဗစ္ (၂၀၁၃) တို႔မွာ တစ္ႀကိမ္စီသာ ရရွိခဲ့ၿပီး ကမၻာ႔အေကာင္းဆံုး တိုက္စစ္မွဴး တစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ မက္ဆီ Messi ဆိုရင္ အခုအခ်ိန္အထိ FIFA Puskás Award ဆုကို မရဖူးေသးဘူး။

Mario-Ricardo-currently-plays-with-Cristobal-Colon

Mario-Ricardo-currently-plays-with-Cristobal-Colon

၂၀၁၈ FIFA Award ဆုေပးပြဲကို လာမယ့္ စက္တင္ဘာလမွာ က်င္းပသြားေတာ့မယ္။ ေဘာလံုးေလာကရဲ႕ အေကာင္းဆံုးဆိုတဲ့ ဆုေပါင္းမ်ားစြာကို ခ်ီးျမွင့္ေပးေတာ့မယ္။ တခ်ိဳ႕ဆုေတြကို ဆန္ခါတင္ (၁၀)ဦးစာရင္းေတြ ထုတ္ျပန္ခဲ့ေပမယ့္ FIFA Puskás Award အပါအဝင္ တျခားဆု (၂)ဆုကိုေတာ့ စက္တင္ဘာလဆန္းပိုင္းမွ ထုတ္ျပန္သြားမွာျဖစ္တယ္။ ဒီရက္ပိုင္းမွာပဲ ထူးထူးျခားျခား သတင္းတစ္ပုဒ္ကို ေတြ႔လိုက္ရတယ္။ ပါရာေဂြးျပည္တြင္းဖလားၿပိဳင္ပြဲအျဖစ္ ကစားခဲ့ၿပီး Cristobal Colon အသင္းက Cerro Porteno အသင္းကို (၃-၁)ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ Cristobal Colon အသင္းအတြက္ ဂိုးသြင္းယူေပးခဲ့တဲ့ ရီကာဒို Ricardo ဆိုတဲ့ ကစားသမားရဲ႕ သြင္းဂိုးက လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ ခ်က္ခ်င္းဆိုသလို ျပန္႔ႏွံ႔သြားခဲ့တယ္။ အသင္းေဖာ္တစ္ဦးရဲ႕ ေခါင္းတိုက္ခ်ေပးမႈကို ရီကာဒို Ricardo က ၿပိဳင္ဘက္ကစားသမားတစ္ေယာက္ကို လွလွပပေက်ာ္ျဖတ္ၿပီး ၿပိဳင္ဘက္ကြင္းရဲ႕ (၃)ပံု (၂)ပံုေလာက္ အကြာအေဝးကေန ေျမမက်ကန္သြင္းယူခဲ့တာပါ။

Mario-Ricardo-stunning-goal

Mario-Ricardo-stunning-goal

ရီကာဒို Ricardo ရဲ႕ သြင္းဂိုး နာမည္ေက်ာ္သြားတဲ့ အဓိကအခ်က္က သူ႔ရဲ႕ သြင္းဂိုးဆိုတာထက္ သူ႔ရဲ႕ ဘဝေပးအေျခအေနအေပၚ ဂရုဏာသက္ခဲ့ၾကတာပါ။ ရီကာဒို Ricardo ဟာ ပံုမွန္ေဘာလံုးသမားေတြလို ကိုယ္လက္အဂၤါစံုလင္တဲ့ ကစားသမားတစ္ဦးမဟုတ္ပါဘူး။ ယာဥ္မေတာ္တဆမႈေၾကာင့္ ဘယ္ဘက္မ်က္လံုးတစ္ဖက္ ဆံုးရံႈးထားတဲ့ မသန္စြမ္းတစ္ဦးျဖစ္ေပမယ့္ ေဘာလံုးကစားျခင္းကို ရူးသြပ္တဲ့ လူသားတစ္ဦးျဖစ္တာေၾကာင့္ ကစားသမားဘဝကို အဆံုးရံႈးမခံဘဲ က်န္ရွိေနေသးတဲ့ မ်က္လံုးတစ္ဖက္တည္းနဲ႔ ေဘာလံုးဆက္ကစားေနခဲ့တာျဖစ္တယ္။ ရီကာဒို Ricardo လို မ်က္လံုးတစ္ဖက္ ဆံုးရံႈးထားတဲ့ ကစားသမားတစ္ဦးဆီကေန ဘာေမွ်ာ္လင့္စရာရွိမလဲလို႔ ေမးခြန္းထုတ္ခဲ့ၾကတဲ့ လူသားေတြကို သူ႔ရဲ႕သြင္းဂိုးနဲ႔ အသံတိတ္ေစခဲ့တယ္။ ကမၻာသားေတြရဲ႕ လက္ခုပ္ၾသဘာေပးမႈနဲ႔အတူ FIFA Puskás Award ဆုကို ရသင့္တယ္ဆိုတဲ့ ေတာင္းဆိုမႈေတြ ရွိလာခဲ့တယ္။ မသန္စြမ္းတစ္ေယာက္ကို ျမင္ရင္ ကိုယ္လက္အဂၤါျပည့္စံုတဲ့ လူသားတခ်ိဳ႕ရဲ႕ ႏွိမ့္ခ်ဆက္ဆံခ်င္တဲ့ အျပဳအမူကို ရီကာဒို Ricardo က ေျပာင္းလဲေပးခဲ့တယ္။ ‘မသန္စြမ္း’ ဆိုတဲ့ စကားရဲ႕ အဓိပၸါယ္ကိုက ‘မသန္ေပမယ့္ စြမ္းတယ္’ ဆိုသလိုပါပဲ။ ဒီစကားကို ရီကာဒို Ricardo က သူ႔ရဲ႕ သြင္းဂိုးနဲ႔ အေကာင္းဆံုး သက္ေသျပခဲ့တယ္။ FIFA Puskás Award ဆုက ရီကာဒို Ricardo တစ္ဦးတည္းထက္ လူ႔အသိုင္းအဝိုင္းတစ္ခုနဲ႔ပါ သက္ဆိုင္ေနခဲ့တာျဖစ္ပါတယ္။

Cristobal Colon အသင္းဘက္ကို သြင္းယူခဲ့တဲ့ Cerro Porteno ကစားသမား ရီကာဒို Ricardo ရဲ႕ သြင္းဂိုး ဗီဒီယိုဖိုင္အျပည့္အစံု

REF:Mirror, Wikipedia
Photo:Portalnet, Publimetro, BeSoccer, TianChad
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

‘မသန်စွမ်း’ ဆိုတဲ့ သတ်မှတ်ချက်တွေကို ချေဖျက်ပြခဲ့တဲ့ ပါရာဂွေးဘောလုံးသမား

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က နှစ်စဉ်ချီးမြှင့်နေကြဖြစ်တဲ့ အကောင်းဆုံးဆုတွေထဲမှာ အကောင်းဆုံးသွင်းဂိုးဆုကို ၂၀၀၉ ခုနှစ်ကစတင်ပြီး ထည့်သွင်းချီးမြှင့်ခဲ့တယ်။ ၁၉၅၀ ကျော်ကာလတွေတုန်းက ရီးယဲလ်အသင်းမှာ ကစားခဲ့တဲ့ ဟန်ဂေရီဂန္ထဝင်တိုက်စစ်မှူး ပွတ်ရှ်ကပ်စ် Puskás ကို ဂုဏ်ပြုတဲ့အနေနဲ့ အကောင်းဆုံးသွင်းဂိုးဆုကို FIFA Puskás Award လို့ နာမည်ပေးခဲ့တယ်။ FIFA Puskás Award ချီးမြှင့်ခံရဖို့ တစ်ရာသီလုံး အသင်းမှာ ခြေစွမ်းပြကစားဖို့ မလိုဘူး။ ပရော်ဖက်ရှင်နယ်လိဂ်ပြိုင်ပွဲအဖြစ် FIFA ရဲ့ အသိအမှတ်ပြုခံထားရတဲ့ နိုင်ငံအရပ်ရပ်က ကလပ်အသင်းတိုင်းမှာ ကစားနေတဲ့ ကစားသမားတိုင်းဟာ FIFA Puskás Award ဆုကို မျှော်လင့်နိုင်တယ်။ အသားအရောင်၊ လူမျိုး၊ ဘာသာ မခွဲခြားထားဘူး။ ဒီဆုကို ဆွတ်ခူးနိုင်ဖို့ လှပသေသပ်တဲ့ သွင်းဂိုးတစ်ဂိုးပဲလိုတယ်။ ‘ကံကောင်းရင် တစ်ချက်’ ဆိုသလိုပဲ ဒီဆုက ကံနဲ့လည်း အများကြီးသက်ဆိုင်တယ်။ ကမ္ဘာကျော် ဘောလုံးသမားတွေ တစ်ရာသီထဲမှာ ဂိုးပေါင်းမြောက်များစွာ သွင်းပြလည်း မထင်မရှားလိဂ်က သာမန်ကစားသမားတစ်ယောက်ရဲ့ သွင်းဂိုးတစ်ဂိုးက ကမ္ဘာကျော်တွေကို နောက်ကောက်ချသွားနိုင်တယ်။ ၂၀၁၆ ခုနှစ် FIFA Puskás Award ကို သိမ်းပိုက်ခဲ့တဲ့ မလေးရှား တောင်ပံတိုက်စစ်ကစားသမား ဆူဘရီ Subri ကြောင့် ဒီဆုကို ဆွတ်ခူးဖို့ မထင်မရှားကစားသမားတွေအတွက် အခွင့်အလမ်းကောင်းတွေ ရှိတယ်ဆိုတာ ပေါ်လွင်စေခဲ့တယ်။

FIFA-Puskás-Award

FIFA-Puskás-Award

FIFA Puskás Award ဆုကို ဘယ်သူရမလည်းဆိုတာ ကြိုတင်တွက်ဆလို့ မရဘူး။ လူကျွံအနေအထားက ဂိုးရယူခဲ့ရင်တောင် ပွဲကို ကိုင်တွယ်တဲ့ ဒိုင်တွေက ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ရင် ဒီဆုအတွက် အကျုံးဝင်တယ်။ ဒါပေမယ့် မဲစနစ်နဲ့ ဆုံးဖြတ်တဲ့ ဆုဖြစ်လို့ သန့်ရှင်းမျှတမှုမရှိတဲ့ သွင်းဂိုးတွေက ဆုရရှိဖို့ အခွင့်အလမ်းနည်းတယ်။ ဥပမာအနေနဲ့ တားမြစ်ဆေးပြဿနာရှိတဲ့ ကစားသမား သွင်းယူခဲ့တဲ့ ဂိုးတွေကို ဒီဆုအတွက် ထည့်သွင်းတွက်ချက်မှာ မဟုတ်သလို၊ ဆုရရှိခဲ့တဲ့ ကစားသမားက တစ်ချိန်ချိန်မှာ တားမြစ်ဆေးပြဿနာပေါ်ခဲ့ရင် ဆုကို ပြန်လည်သိမ်းယူခွင့်ရှိပါတယ်။ အခုလို အခြေအနေတွေကြောင့် FIFA Puskás Award ဆုကို တရားမျှတတဲ့ ဆုတစ်ဆုလို့ နာမည်နောက်တစ်မျိုး မှည့်ခေါ်လို့တောင်ရတယ်။ ဆုရရှိမယ့် ကစားသမားကို မကြေညာခင် ဆန်ခါတင် ကစားသမား (၁၀)ဦးစာရင်းကို ထုတ်ပြန်လေ့ရှိတယ်။ (၉)ကြိမ် ချီးမြှင့်ခဲ့ပြီးဖြစ်တဲ့ FIFA Puskás Award ဆုမှာ နာမည်ကျော် တိုက်စစ်မှူးတွေဖြစ်တဲ့ မက်ဆီ Messi ၊ နေမာ Neymar နဲ့ အီဘရာဟီမိုဗစ် Ibrahimovic တို့လို ကစားသမားတွေ နောက်ဆုံး ဆန်ခါတင်စာရင်းမှာ အများဆုံးအနေနဲ့ (၅)ကြိမ်အထိ ပါဝင်ခဲ့တယ်။ ဒီလိုနာမည်ကျော် တိုက်စစ်မှူးတွေတောင် ဆန်ခါတင်စာရင်းမှာ (၅)ကြိမ်အထိ ပါဝင်နိုင်ခဲ့ပေမယ့် နေမာ (၂၀၁၁)နဲ့ မိုဗစ် (၂၀၁၃) တို့မှာ တစ်ကြိမ်စီသာ ရရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီ Messi ဆိုရင် အခုအချိန်အထိ FIFA Puskás Award ဆုကို မရဖူးသေးဘူး။

Mario-Ricardo-currently-plays-with-Cristobal-Colon

Mario-Ricardo-currently-plays-with-Cristobal-Colon

၂၀၁၈ FIFA Award ဆုပေးပွဲကို လာမယ့် စက်တင်ဘာလမှာ ကျင်းပသွားတော့မယ်။ ဘောလုံးလောကရဲ့ အကောင်းဆုံးဆိုတဲ့ ဆုပေါင်းများစွာကို ချီးမြှင့်ပေးတော့မယ်။ တချို့ဆုတွေကို ဆန်ခါတင် (၁၀)ဦးစာရင်းတွေ ထုတ်ပြန်ခဲ့ပေမယ့် FIFA Puskás Award အပါအဝင် တခြားဆု (၂)ဆုကိုတော့ စက်တင်ဘာလဆန်းပိုင်းမှ ထုတ်ပြန်သွားမှာဖြစ်တယ်။ ဒီရက်ပိုင်းမှာပဲ ထူးထူးခြားခြား သတင်းတစ်ပုဒ်ကို တွေ့လိုက်ရတယ်။ ပါရာဂွေးပြည်တွင်းဖလားပြိုင်ပွဲအဖြစ် ကစားခဲ့ပြီး Cristobal Colon အသင်းက Cerro Porteno အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ Cristobal Colon အသင်းအတွက် ဂိုးသွင်းယူပေးခဲ့တဲ့ ရီကာဒို Ricardo ဆိုတဲ့ ကစားသမားရဲ့ သွင်းဂိုးက လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ချက်ချင်းဆိုသလို ပြန့်နှံ့သွားခဲ့တယ်။ အသင်းဖော်တစ်ဦးရဲ့ ခေါင်းတိုက်ချပေးမှုကို ရီကာဒို Ricardo က ပြိုင်ဘက်ကစားသမားတစ်ယောက်ကို လှလှပပကျော်ဖြတ်ပြီး ပြိုင်ဘက်ကွင်းရဲ့ (၃)ပုံ (၂)ပုံလောက် အကွာအဝေးကနေ မြေမကျကန်သွင်းယူခဲ့တာပါ။

Mario-Ricardo-stunning-goal

Mario-Ricardo-stunning-goal

ရီကာဒို Ricardo ရဲ့ သွင်းဂိုး နာမည်ကျော်သွားတဲ့ အဓိကအချက်က သူ့ရဲ့ သွင်းဂိုးဆိုတာထက် သူ့ရဲ့ ဘဝပေးအခြေအနေအပေါ် ဂရုဏာသက်ခဲ့ကြတာပါ။ ရီကာဒို Ricardo ဟာ ပုံမှန်ဘောလုံးသမားတွေလို ကိုယ်လက်အင်္ဂါစုံလင်တဲ့ ကစားသမားတစ်ဦးမဟုတ်ပါဘူး။ ယာဉ်မတော်တဆမှုကြောင့် ဘယ်ဘက်မျက်လုံးတစ်ဖက် ဆုံးရှုံးထားတဲ့ မသန်စွမ်းတစ်ဦးဖြစ်ပေမယ့် ဘောလုံးကစားခြင်းကို ရူးသွပ်တဲ့ လူသားတစ်ဦးဖြစ်တာကြောင့် ကစားသမားဘဝကို အဆုံးရှုံးမခံဘဲ ကျန်ရှိနေသေးတဲ့ မျက်လုံးတစ်ဖက်တည်းနဲ့ ဘောလုံးဆက်ကစားနေခဲ့တာဖြစ်တယ်။ ရီကာဒို Ricardo လို မျက်လုံးတစ်ဖက် ဆုံးရှုံးထားတဲ့ ကစားသမားတစ်ဦးဆီကနေ ဘာမျှော်လင့်စရာရှိမလဲလို့ မေးခွန်းထုတ်ခဲ့ကြတဲ့ လူသားတွေကို သူ့ရဲ့သွင်းဂိုးနဲ့ အသံတိတ်စေခဲ့တယ်။ ကမ္ဘာသားတွေရဲ့ လက်ခုပ်သြဘာပေးမှုနဲ့အတူ FIFA Puskás Award ဆုကို ရသင့်တယ်ဆိုတဲ့ တောင်းဆိုမှုတွေ ရှိလာခဲ့တယ်။ မသန်စွမ်းတစ်ယောက်ကို မြင်ရင် ကိုယ်လက်အင်္ဂါပြည့်စုံတဲ့ လူသားတချို့ရဲ့ နှိမ့်ချဆက်ဆံချင်တဲ့ အပြုအမူကို ရီကာဒို Ricardo က ပြောင်းလဲပေးခဲ့တယ်။ ‘မသန်စွမ်း’ ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကိုက ‘မသန်ပေမယ့် စွမ်းတယ်’ ဆိုသလိုပါပဲ။ ဒီစကားကို ရီကာဒို Ricardo က သူ့ရဲ့ သွင်းဂိုးနဲ့ အကောင်းဆုံး သက်သေပြခဲ့တယ်။ FIFA Puskás Award ဆုက ရီကာဒို Ricardo တစ်ဦးတည်းထက် လူ့အသိုင်းအဝိုင်းတစ်ခုနဲ့ပါ သက်ဆိုင်နေခဲ့တာဖြစ်ပါတယ်။

Cristobal Colon အသင်းဘက်ကို သွင်းယူခဲ့တဲ့ Cerro Porteno ကစားသမား ရီကာဒို Ricardo ရဲ့ သွင်းဂိုး ဗီဒီယိုဖိုင်အပြည့်အစုံ

REF:Mirror, Wikipedia
Photo:Portalnet, Publimetro, BeSoccer, TianChad
Aung Kyaw Wai (Akhayar)
www.akhayar.com