[ZawGyi]

လွ်ာေပၚေမႊးပ်ံ႕အီစိမ့္သြားမယ့္ ဒူးရင္းမီးဖုတ္ရတဲ့ တစ္ဆိုင္တည္းေသာ ဒူးရင္းတို႔နိဗၼာန္

ဒီခ်ိန္ ရာသီဥတုမ်ိဳးဆိုတာ ေလညင္းေလးတစ္ခ်က္ ေဝွ႕တိုက္ရင္ေတာင္ ေလထဲမွာ ဒူးရင္းသီးနံ႔ေတြ လိႈက္ေမႊးတက္လာတဲ့ ဒူးရင္းခါမီ ဒီရာသီပဲ မဟူတ္ဘူးလား ေဘာ္ေဘာ္တို႔။

Facebook ေပၚမွာလဲ ဒူးရင္းသီး၊ လမ္းထိပ္မွာလည္း ဒူးရင္းသီး၊ မ်က္လံုးထဲမွာလည္း ဒူးရင္းသီး၊ ေလထဲမွာေတာင္ ဒူးရင္းသီးနံ႔ေလးေတြပ်ံ႕ေနတဲ့ ဒူးရင္းသီးရာသီ တစ္ပတ္လည္ၿပီဆိုေတာ့ ဒူးရင္းသီးမႀကိဳက္တဲ့သူေတြအတြက္ေတာ့ မိုင္ေဝးေဝးကျဖတ္ေလွ်ာက္ရင္ေတာင္ ေခါင္းမူးတတ္တဲ့အမ်ိဳးေပမယ့္ ႀကိဳက္တဲ့သူေတြအတြက္ကေတာ့ ဒူးရင္းသာ အခ်စ္၊ ဒူးရင္းသာ ကမ႓ာ၊ ဒူးရင္းမႊာေတြ ၾကားမွာ ေပ်ာ္ေပ်ာ္ပါးပါး ႏႊာရင္း စားရင္း အရသာခံပါလိမ့္။

ဒီလို ဒူးရင္းသီးသရဲေတြ၊ ဒူးရင္းဆိုမွ ဒူးရင္း အရသာအရွိဆံုးထင္မွတ္သူေတြအတြက္ဆို အသီးလိုက္အမႊာလိုက္ႀကီး စားရေသာက္ရတာ ႐ိုးလာၿပီဆိုရင္ေတာ့ ဘယ္လိုမ်ား ထပ္ကြန္႔ၿပီးစားလို႔ရဦးမွာပါလိမ့္? ဒါဆိုရင္ေတာ့ လာပါၿပီရွင္။

အနံ႔နဲ႔တင္ ရီေဝသြားမယ့္ ခ်ိဳအီေမႊးေနတဲ့ ဒူးရင္းသီးအကိတ္အမႊာႀကီးေတြကိုမွ အရသာေရာ၊ အနံ႔ပါ ျပင္းျပင္းရွရွ လိႈင္တက္လာေအာင္ အမႊာလိုက္မီးဖုတ္ၿပီး အုန္းႏို႔ေလးဆမ္း၊ ေကာက္ၫွင္းေလးနဲ႔ ပါးစပ္ဖ်ားထဲ အီစိမ့္႐ူးသြပ္သြားေအာင္ စားလို႔ရမယ့္ ဒူးရင္းသီးမီးဖုတ္ရတဲ့ ကိတ္ဆိုင္ေကာင္းေကာင္းေလးေတာ့ ေတြ႕ပါၿပီတဲ့။

ဒူးရင္း မီးဖုတ္၊ ဒူးရင္း Cheese Cake ၊ ဒူးရင္း Pillow ၊ ဒူးရင္း Bag ၊ ဒူးရင္း ေဖ်ာ္ရည္ ဒူးရင္းနဲ႔ပတ္သက္တာမ်ား…အို…စံုလို႔ လင္လို႔ ဒူးရင္းသီးခေရဇီ ေတြ ဆိုင္ထဲေရာက္တာနဲ႔ ခနေလး ေလာကႀကီးနဲ႔ အဆက္ျပတ္သြားေစမယ့္ ဆိုင္ေလး နာမည္က ” Paradise Bakery ” ပါတဲ့။

သူ႕ဆိုင္ေလးက သိပ္မထင္ရွား လူမသိေသးေပမယ့္ ဒီလတ္တေလာမွ Facebookေပၚမွာတက္လာတဲ့ ဒူးရင္းသီးမီးဖုတ္အယ္စတံုပံုႀကီးေတြနဲ႔ အေရာက္မလာလာခ်င္ေအာင္ ဖမ္းစားထားေတာ့ ဒူးရင္းႀကိဳက္တဲ့ အခရာပရိသတ္ေတြအတြက္ သြားခဲ့စားခဲ့တာေလး အရသာအမွန္အတိုင္း သတင္းပို႔ေပးလိုက္ၿပီေနာ္။

ဆိုင္ေလးက အလံုၿမိဳ႕နယ္၊ သရဖီလမ္း၊ အမွတ္ ၁၆၊ ေျမညီထပ္မွာရွိတဲ့အိမ္ဆိုင္ေလး။ သူ႔ဆိုင္ေလးက က်ဥ္းတယ္။ ေတာ္ေတာ္က်ဥ္းတယ္။ ဒါေပမယ့္ အမိုးေတြျမင့္လြန္းလို႔ စိတ္မမြန္းက်ပ္ရဘူး။ စားပြဲခံုေလး ၂ခံု၊ ၃ ခံု၊ ေဘးတိုက္ Bar ပံုစံ ခံုတန္းေလးေတြနဲ႔ ဒီေလာက္ပါပဲ။ နံရံက သစ္ေစးေရာင္ေလးကိုမွ ခ်စ္စရာ လူငယ္ဆန္ဆန္ေလး အလွဆင္ထားတယ္။ ေက်ာင္းသူေလးေတြ လာအထိုင္မ်ားတယ္ (ခ်စ္စရာ ေခ်ာေခ်ာေလးေတြ)။ လူႀကီးေတြ အပ်င္းေျပေဆာ့စရာ ဒိုးဆက္တို႔ တျခား Gameေလး၊ ကစားစရာေလးေတြရွိတယ္။

စားစရာအေနနဲ႔ဆို အေပၚကေျပာတဲ့ ဒူးရင္း အကုန္အစံုရတယ္။ ကိုယ့္စိတ္ထင္ ဒူးရင္းနဲ႔ပတ္သက္တာအကုန္နီးပါး ရာသီအလိုက္ေရာင္းတဲ့ပံုပဲ။ တျခားကိတ္ဆို Rainbow Crepe Cake ၊ Chocolate Cake နဲ႔ တျခား နည္းနည္းပါးပါးရတယ္။

ဒူးရင္းေတြကေတာ့ ကိတ္တန္းကို ၾကည့္လိုက္တာနဲ႔ သေရက်ခ်င္စရာႀကီး။ ဒူးရင္းဖတ္ေတြဆိုတာ လာပါစားပါ ေခၚေနသလိုပဲ ( ႀကိဳက္တဲ့သူေတြ ေျပာပါတယ္ 😁) တျခား Soda ၊ Coffee ၊ Juice နဲ႔ ထိုင္းစားစရာေခါက္ဆြဲျပဳတ္ဘာညာ နည္းနည္းမဆိုစေလာက္ေလးရတယ္။

မွာခဲ့တာေတြဆို မမွာမျဖစ္ ဆိုင္ရဲ႕ဇာတ္လိုက္ ဒူးရင္းသီးမီးဖုတ္ သူ႔အရသာေလးက ဘယ္လိုေျပာရမလဲဆို…..?

စားပြဲေပၚလာခ်ေပးတည္းက ဒူးရင္းသီးနံ႔က ေမႊးၿပီးလိႈင္တက္လာတာ။ ဒူးရင္းသီးအသားေလးေတြက ဝါတင္းၿပီး တခ်ိဳ႕အပိုင္းေလးေတြ မီးဖုတ္ထားတဲ့အခံေၾကာင့္ အညိဳေရာင္ေလးကိုသန္းလို႔။ ေဘးမွာ ႏို႔စိမ္းခြက္ေလးနဲ႔ ေကာက္ညင္းေစးေလး။ အဲ့ဒီ ဒူးရင္းသီး မီးဖုတ္ေလးေပၚ ႏို႔ေလးဆမ္း၊ ေကာက္ၫွင္းေလးနဲ႔ တြဲၿပီး ပါးစပ္ထဲထည့္လိုက္ရင္ ပါးစပ္ထဲတစ္ခုလံုး ေမႊးၿပီး အီဆိမ့္ေမႊးသြားတာ။ ဒူးရင္းသီးက အေစ့ေတာ့ ႀကီးတယ္။ အခ်ိဳေပါ့ေသးတယ္။ အခ်ိဳျပင္းျပင္းေလးနဲ႔ ေလးေလး ေလးဆို ပိုေကာင္းမယ္။ ခုေတာ့ ဒူးရင္းသီးက အေစ့ႀကီးၿပီး အသားအခ်ိဳေပါ့သလိုပဲ။ ဒါေပမယ့္ စားေကာင္းတယ္။ ေမႊးေနေရာ။ သူက ၅၀၀၀ တဲ့။ တစ္ပြဲမွာ ၃ မႊာပါတယ္။

ဒူးရင္းသီး Cheese Cake
မထင္ထားဘူး။ ေကာင္းတာက အီေလးဆိမ့္ ေမႊးေနေရာ။ Cheese နဲ႔ ဒူးရင္းေရာထားတဲ့ ကိတ္သားအိအိေမႊးေမႊးေလးေပၚမွာ ဒူူးရင္းသီးအဖတ္ေတြဆိုတာ တကယ္အဖတ္လိုက္ေလးေတြ။ တစ္လုပ္ဆို တစ္လုပ္ ရွယ္ပဲ။ ေလးေလးေလးနဲ႔ ခ်ိဳအီေမႊးေလး။ သူ႔ေတာ့ တကယ္ႀကိဳက္မိတယ္။ ၃၀၀၀ တဲ့။

ဒူးရင္းသီးေဖ်ာ္ရည္
လံုးဝမခ်ိဳအီေနဘူး။ ဆိမ့္ၿပီး ေမႊးတယ္။ ဒူးရင္းသီးအဖတ္ေလးေတြပါတယ္။ အဖတ္ေလးေတြက မာတယ္။ တစ္ခြက္ကို အျပည့္ႀကီးေတာ့မပါဘူး။ ဒါေပမယ့္ ဆိမ့္ဆိမ့္ေအးေအးေလးနဲ႔ ေသာက္ေကာင္းတယ္။သူလည္း ၃၀၀၀ တဲ့။

ဝန္ေဆာင္မႈဆို လုပ္ၿပီးသားမို႔ ျမန္တယ္။ တာဝန္ေက်ရံုပဲ။ ေႏြးေထြးဖို႔ လိုေသးတယ္။ ဒါေပမယ့္ ဧည့္သည္ကိုအၾကာႀကီးေတာ့ မေစာင့္ေစပါဘူး။

ဒူးရင္း Pillow ေလးက ၁၅၀၀။ ဒူးရင္း Crepe က တစ္စိတ္ ၃၀၀၀ ။ ဒူးရင္းပူတင္းလို ပြဲႀကီးလည္းရွိတယ္။ သူလည္း ၃၀၀၀။ ေစ်းေလးေတြက ဒူးရင္းသီးကို ဒီတိုင္းႀကီးမစားခ်င္ဘူးဆို အရသာဆန္းဆန္းစားရမယ္ တန္တယ္။ ဒူးရင္းသီးသရဲေတြေတာ့ သြားျဖစ္ေအာင္သြား၊ စားျဖစ္ေအာင္စားေစခ်င္မိတယ္။ ဪ…ဒူးရင္းမီးဖုတ္က ပြဲအေရအတြက္နဲ႔မို႔ လာစားမယ္ဆို လာခါနီး ဖုန္း 09772797821၊ 0977279812 ကို ႀကိဳမွာထားေပးရပါတယ္တဲ့။

ကဲ…..ဒူးရင္းသရဲေတြ အတြက္ ဒူးရင္းအရသာစံုေနၿပီဆို ဒူးရင္းမီးဖုတ္ေလးေတာ့ ဘယ္လိုအရသာလဲဆိုတာ ဒီ Paradise Bakery မွာ ကိုယ္တိုင္ကိုယ္က် လာျမည္းၾကည့္ပါဦးလို႔။

EiEiKhineMinn ( Akhayar )

[Unicode]

လျှာပေါ်မွှေးပျံ့အီစိမ့်သွားမယ့် ဒူးရင်းမီးဖုတ်ရတဲ့ တစ်ဆိုင်တည်းသော ဒူးရင်းတို့နိဗ္မာန်

ဒီချိန် ရာသီဥတုမျိုးဆိုတာ လေညင်းလေးတစ်ချက် ဝှေ့တိုက်ရင်တောင် လေထဲမှာ ဒူးရင်းသီးနံ့တွေ လှိုက်မွှေးတက်လာတဲ့ ဒူးရင်းခါမီ ဒီရာသီပဲ မဟူတ်ဘူးလား ဘော်ဘော်တို့။

Facebook ပေါ်မှာလဲ ဒူးရင်းသီး၊ လမ်းထိပ်မှာလည်း ဒူးရင်းသီး၊ မျက်လုံးထဲမှာလည်း ဒူးရင်းသီး၊ လေထဲမှာတောင် ဒူးရင်းသီးနံ့လေးတွေပျံ့နေတဲ့ ဒူးရင်းသီးရာသီ တစ်ပတ်လည်ပြီဆိုတော့ ဒူးရင်းသီးမကြိုက်တဲ့သူတွေအတွက်တော့ မိုင်ဝေးဝေးကဖြတ်လျှောက်ရင်တောင် ခေါင်းမူးတတ်တဲ့အမျိုးပေမယ့် ကြိုက်တဲ့သူတွေအတွက်ကတော့ ဒူးရင်းသာ အချစ်၊ ဒူးရင်းသာ ကမ္ဘာ၊ ဒူးရင်းမွှာတွေ ကြားမှာ ပျော်ပျော်ပါးပါး နွှာရင်း စားရင်း အရသာခံပါလိမ့်။

ဒီလို ဒူးရင်းသီးသရဲတွေ၊ ဒူးရင်းဆိုမှ ဒူးရင်း အရသာအရှိဆုံးထင်မှတ်သူတွေအတွက်ဆို အသီးလိုက်အမွှာလိုက်ကြီး စားရသောက်ရတာ ရိုးလာပြီဆိုရင်တော့ ဘယ်လိုများ ထပ်ကွန့်ပြီးစားလို့ရဦးမှာပါလိမ့်? ဒါဆိုရင်တော့ လာပါပြီရှင်။

အနံ့နဲ့တင် ရီဝေသွားမယ့် ချိုအီမွှေးနေတဲ့ ဒူးရင်းသီးအကိတ်အမွှာကြီးတွေကိုမှ အရသာရော၊ အနံ့ပါ ပြင်းပြင်းရှရှ လှိုင်တက်လာအောင် အမွှာလိုက်မီးဖုတ်ပြီး အုန်းနို့လေးဆမ်း၊ ကောက်ညှင်းလေးနဲ့ ပါးစပ်ဖျားထဲ အီစိမ့်ရူးသွပ်သွားအောင် စားလို့ရမယ့် ဒူးရင်းသီးမီးဖုတ်ရတဲ့ ကိတ်ဆိုင်ကောင်းကောင်းလေးတော့ တွေ့ပါပြီတဲ့။

ဒူးရင်း မီးဖုတ်၊ ဒူးရင်း Cheese Cake ၊ ဒူးရင်း Pillow ၊ ဒူးရင်း Bag ၊ ဒူးရင်း ဖျော်ရည် ဒူးရင်းနဲ့ပတ်သက်တာများ…အို…စုံလို့ လင်လို့ ဒူးရင်းသီးခရေဇီ တွေ ဆိုင်ထဲရောက်တာနဲ့ ခနလေး လောကကြီးနဲ့ အဆက်ပြတ်သွားစေမယ့် ဆိုင်လေး နာမည်က ” Paradise Bakery ” ပါတဲ့။

သူ့ဆိုင်လေးက သိပ်မထင်ရှား လူမသိသေးပေမယ့် ဒီလတ်တလောမှ Facebookပေါ်မှာတက်လာတဲ့ ဒူးရင်းသီးမီးဖုတ်အယ်စတုံပုံကြီးတွေနဲ့ အရောက်မလာလာချင်အောင် ဖမ်းစားထားတော့ ဒူးရင်းကြိုက်တဲ့ အခရာပရိသတ်တွေအတွက် သွားခဲ့စားခဲ့တာလေး အရသာအမှန်အတိုင်း သတင်းပို့ပေးလိုက်ပြီနော်။

ဆိုင်လေးက အလုံမြို့နယ်၊ သရဖီလမ်း၊ အမှတ် ၁၆၊ မြေညီထပ်မှာရှိတဲ့အိမ်ဆိုင်လေး။ သူ့ဆိုင်လေးက ကျဉ်းတယ်။ တော်တော်ကျဉ်းတယ်။ ဒါပေမယ့် အမိုးတွေမြင့်လွန်းလို့ စိတ်မမွန်းကျပ်ရဘူး။ စားပွဲခုံလေး ၂ခုံ၊ ၃ ခုံ၊ ဘေးတိုက် Bar ပုံစံ ခုံတန်းလေးတွေနဲ့ ဒီလောက်ပါပဲ။ နံရံက သစ်စေးရောင်လေးကိုမှ ချစ်စရာ လူငယ်ဆန်ဆန်လေး အလှဆင်ထားတယ်။ ကျောင်းသူလေးတွေ လာအထိုင်များတယ် (ချစ်စရာ ချောချောလေးတွေ)။ လူကြီးတွေ အပျင်းပြေဆော့စရာ ဒိုးဆက်တို့ တခြား Gameလေး၊ ကစားစရာလေးတွေရှိတယ်။

စားစရာအနေနဲ့ဆို အပေါ်ကပြောတဲ့ ဒူးရင်း အကုန်အစုံရတယ်။ ကိုယ့်စိတ်ထင် ဒူးရင်းနဲ့ပတ်သက်တာအကုန်နီးပါး ရာသီအလိုက်ရောင်းတဲ့ပုံပဲ။ တခြားကိတ်ဆို Rainbow Crepe Cake ၊ Chocolate Cake နဲ့ တခြား နည်းနည်းပါးပါးရတယ်။

ဒူးရင်းတွေကတော့ ကိတ်တန်းကို ကြည့်လိုက်တာနဲ့ သရေကျချင်စရာကြီး။ ဒူးရင်းဖတ်တွေဆိုတာ လာပါစားပါ ခေါ်နေသလိုပဲ ( ကြိုက်တဲ့သူတွေ ပြောပါတယ် 😁) တခြား Soda ၊ Coffee ၊ Juice နဲ့ ထိုင်းစားစရာခေါက်ဆွဲပြုတ်ဘာညာ နည်းနည်းမဆိုစလောက်လေးရတယ်။

မှာခဲ့တာတွေဆို မမှာမဖြစ် ဆိုင်ရဲ့ဇာတ်လိုက် ဒူးရင်းသီးမီးဖုတ် သူ့အရသာလေးက ဘယ်လိုပြောရမလဲဆို…..?

စားပွဲပေါ်လာချပေးတည်းက ဒူးရင်းသီးနံ့က မွှေးပြီးလှိုင်တက်လာတာ။ ဒူးရင်းသီးအသားလေးတွေက ဝါတင်းပြီး တချို့အပိုင်းလေးတွေ မီးဖုတ်ထားတဲ့အခံကြောင့် အညိုရောင်လေးကိုသန်းလို့။ ဘေးမှာ နို့စိမ်းခွက်လေးနဲ့ ကောက်ညင်းစေးလေး။ အဲ့ဒီ ဒူးရင်းသီး မီးဖုတ်လေးပေါ် နို့လေးဆမ်း၊ ကောက်ညှင်းလေးနဲ့ တွဲပြီး ပါးစပ်ထဲထည့်လိုက်ရင် ပါးစပ်ထဲတစ်ခုလုံး မွှေးပြီး အီဆိမ့်မွှေးသွားတာ။ ဒူးရင်းသီးက အစေ့တော့ ကြီးတယ်။ အချိုပေါ့သေးတယ်။ အချိုပြင်းပြင်းလေးနဲ့ လေးလေး လေးဆို ပိုကောင်းမယ်။ ခုတော့ ဒူးရင်းသီးက အစေ့ကြီးပြီး အသားအချိုပေါ့သလိုပဲ။ ဒါပေမယ့် စားကောင်းတယ်။ မွှေးနေရော။ သူက ၅၀၀၀ တဲ့။ တစ်ပွဲမှာ ၃ မွှာပါတယ်။

ဒူးရင်းသီး Cheese Cake
မထင်ထားဘူး။ ကောင်းတာက အီလေးဆိမ့် မွှေးနေရော။ Cheese နဲ့ ဒူးရင်းရောထားတဲ့ ကိတ်သားအိအိမွှေးမွှေးလေးပေါ်မှာ ဒူူးရင်းသီးအဖတ်တွေဆိုတာ တကယ်အဖတ်လိုက်လေးတွေ။ တစ်လုပ်ဆို တစ်လုပ် ရှယ်ပဲ။ လေးလေးလေးနဲ့ ချိုအီမွှေးလေး။ သူ့တော့ တကယ်ကြိုက်မိတယ်။ ၃၀၀၀ တဲ့။

ဒူးရင်းသီးဖျော်ရည်
လုံးဝမချိုအီနေဘူး။ ဆိမ့်ပြီး မွှေးတယ်။ ဒူးရင်းသီးအဖတ်လေးတွေပါတယ်။ အဖတ်လေးတွေက မာတယ်။ တစ်ခွက်ကို အပြည့်ကြီးတော့မပါဘူး။ ဒါပေမယ့် ဆိမ့်ဆိမ့်အေးအေးလေးနဲ့ သောက်ကောင်းတယ်။သူလည်း ၃၀၀၀ တဲ့။

ဝန်ဆောင်မှုဆို လုပ်ပြီးသားမို့ မြန်တယ်။ တာဝန်ကျေရုံပဲ။ နွေးထွေးဖို့ လိုသေးတယ်။ ဒါပေမယ့် ဧည့်သည်ကိုအကြာကြီးတော့ မစောင့်စေပါဘူး။

ဒူးရင်း Pillow လေးက ၁၅၀၀။ ဒူးရင်း Crepe က တစ်စိတ် ၃၀၀၀ ။ ဒူးရင်းပူတင်းလို ပွဲကြီးလည်းရှိတယ်။ သူလည်း ၃၀၀၀။ ဈေးလေးတွေက ဒူးရင်းသီးကို ဒီတိုင်းကြီးမစားချင်ဘူးဆို အရသာဆန်းဆန်းစားရမယ် တန်တယ်။ ဒူးရင်းသီးသရဲတွေတော့ သွားဖြစ်အောင်သွား၊ စားဖြစ်အောင်စားစေချင်မိတယ်။ ဪ…ဒူးရင်းမီးဖုတ်က ပွဲအရေအတွက်နဲ့မို့ လာစားမယ်ဆို လာခါနီး ဖုန်း 09772797821၊ 0977279812 ကို ကြိုမှာထားပေးရပါတယ်တဲ့။

ကဲ…..ဒူးရင်းသရဲတွေ အတွက် ဒူးရင်းအရသာစုံနေပြီဆို ဒူးရင်းမီးဖုတ်လေးတော့ ဘယ်လိုအရသာလဲဆိုတာ ဒီ Paradise Bakery မှာ ကိုယ်တိုင်ကိုယ်ကျ လာမြည်းကြည့်ပါဦးလို့။

EiEiKhineMinn ( Akhayar )