[Zawgyi]

ေကာင္မေလးေတြ ေႂကြမယ့္ Dagon Center က ပန္းေသြးေရာင္ျခယ္ ကမ႓ာငယ္ေလး

ကိုယ္တို႔ေတြ Dagon Center ကို ေစ်းဝယ္ဖို႔ကိစၥကလြဲ ေထြေထြထူးထူး တကူးတက မေရာက္ျဖစ္ခဲ့တာ ၾကာၿပီဆိုေတာ့ ဘယ္လိုစားေသာက္ဆိုင္ေလးေတြ ဖြင့္ေနလဲအမႈမဲ့အမွတ္မဲ့ျဖစ္ခဲ့တာၾကာေပါ့။

ဒီဆိုင္ေလးကေတာ့တစ္ခါေရာက္ၿပီးရင္ မျပန္ခ်င္ေအာင္ကို တစ္ဆိုင္လံုး ပန္းေရာင္ေလးေတြ၊ အစိမ္းေရာင္နဲ႔အေရာင္ႏုႏုဖတ္ဖတ္ေလးေတြ အလွဆင္ထားတာျမင္ေတာ့ အလွအပ ႏုႏုဖတ္ဖတ္ႀကိဳက္တဲ့ ကိုယ္ေတြလိုမိန္းကေလးေတြအတြက္ တကယ့္ Hidden Gem ေလးကို ေတြ႕သြားသလိုပါပဲ။

ဆိုင္ကေလးရဲ႕ နာမည္က “Pa Pasta” တဲ႔။ တစ္ဆိုင္လံုးက လူငယ္ဆန္ဆန္ေပါ့ေပါ့ပါးပါး စာလုပ္ၾက၊ ေတြ႕ၾကဆံုၾကဖို႔ ရည္ရြယ္တဲ့ပံုပါပဲ။ အဓိကက ကိုရီးယားဆန္ဆန္ေကာင္မေလးေတြအတြက္ ပိုလိုက္ဖက္မယ္ထင္တာပဲ။ ဘာလို႔ဆို ဆိုင္ေလးတစ္ဆိုင္လံုးက ဗိ်ဳင္းပန္းေရာင္ေလးေတြ၊ အ႐ုပ္ေလးေတြ၊ ဖန္စီလိုက္ကာေလးေတြနဲ႔ ဘယ္ေနရာၾကည့္ၾကည့္ကို ဓါတ္ပံု႐ိုုက္ခ်င္စရာေလးမို႔ေလ…

အဲ့ဒီအျပင္ အရမ္းသေဘာက်စရာေကာင္းတာက ေမြးေန႔ရွင္သူငယ္ခ်င္းေတြကို Surprise လုပ္လို႔ရတဲ့ ေရာင္စံုသီးသန္႔ခန္းေလးေတြရယ္၊ သီးသန္႔ေတြ႕ခ်င္သူေတြအတြက္ ခ်စ္စရာအခန္းေလးေတြ ၉ ခန္းေတာင္ရွိပါ့။

အခန္းတစ္ခန္းခ်င္းစီကို ႏုဖတ္ေနေအာင္ျပင္ဆင္ထားတာမ်ား ဘယ္အခန္းေရြးခ်ယ္ရမလဲ မသိေအာင္ကို လွပါတယ္လို႔။

ေမြးေန႔အတြက္ ပူေဖာင္းေတြ၊ Happy Birthday စာလံုးေတြဝယ္စရာမလိုဘဲ အခန္းထဲမွာကို အၿပီးအစီးျပင္ဆင္ေပးထားေတာ့ အဲ့ဒီအတြက္ ထပ္ၿပီးအပိုကုန္စရာမလိုေတာ့ဘူးေပါ့။

အခန္းေလးကလည္း အဖြဲ႕လိုက္ ဓါတ္ပံုေတြ႐ိုက္လို႔လွမွလွပဲ။ ပံုေတြကိုပဲ ျကည့္ၾကည့္ပါလို႔။ အခန္းေလးေတြကေတာ့ တစ္နာရီကို ၄၅၀၀ က်ပ္ယူပါတယ္တဲ့။ စေန၊တနဂၤေႏြဆို ၅၀၀၀ က်ပ္ပါ။

အစားအစာေတြအေနနဲ႔ေတာ့ ေပါ့ေပါ့ပါးပါးစားစရာ Eclair ေလးေတြ၊ Burger ၊ Sandwich ၊ ထမင္း Set ေလးေတြနဲ႔ ၊ ေခါက္ဆြဲျပဳတ္ေတြ ၊ အေအးေတြရပါတယ္။

အရသာကေတာ့ ထမင္း Set ေတြေရာ၊ ေခါက္ဆြဲျပဳတ္ေတြေရာ အားလံုးထိုင္ဝမ္အရသာမ်ိဳး ခပ္ခ်ိဳခ်ိဳပါပဲေနာ္။ အရမ္းႀကီး ၫႊန္းရေလာက္ေအာင္ စားမေကာင္းပါဘူး။

ဘာတစ္ခုခုလိုေနမွန္းမသိတဲ့အရသာမ်ိဳးလို႔ ဆိုရမယ္။ ေဂၚဖီေၾကာ္၊အသားေလးေတြနဲ႔အာလူးႏွစ္ရယ္၊ ထမင္းရယ္ ဒီေလာက္ပဲ။ မွန္းခ်က္နဲ႔ႏွမ္းထြက္ သိပ္မကိုက္ပါေနာ္။

Promotion ေလးေတြအေနနဲ႔ Eclair ေလးေတြ ၂ခုဝယ္ရင္ Thai Milk Tea Plain တစ္ခြက္ကို Free တိုက္ေနပါတယ္။ ကိုယ္ေတာင္ မွာေသာက္ခဲ့ေသးတယ္။ ၃ခုလံုး အခ်ိဳပိုမ်ားတယ္ ခံစားရတာပါပဲ။

အစားအေသာက္အေနနဲ႔ဆို သိပ္စိတ္တိုင္းမက်မိေပမယ့္ ေနရာေလး အရမ္းလွၿပီး ေအးေအးေဆးေဆး စိတ္ႀကိဳက္ထိုင္လို႔၊ အလုပ္လုပ္လို႔ရတာနဲ႔တင္ သြားသင့္ေနပါၿပီေနာ္။

“Pa Pasta” ဆိုလို႔ Pasta ေတြရမယ္မထင္ပါနဲ႔ဦးေနာ္။ ဗိုက္ဆာေနတဲ့ခ်ိန္ဆို ထမင္းနဲ႔ ေခါက္ဆြဲျပဳတ္စားရဖို႔ပဲေတြးပါလို႔။

လွတာကေတာ့ ေကာင္မေလးေတြ တကယ္ေႂကြေလာက္ေအာင္ ေတာ္ေတာ္လွတာပဲ။ ဒီဇင္ဘာထဲ ေမြးေန႔ရွင္သူငယ္ခ်င္းေလးေတြရွိရင္ ပိုက္ဆံအကုန္အက်မမ်ားပဲ Suprise တိုက္ဖို႔ ဒီ Pa Pasta ဆိုင္ေလးသာ ေရြးလိုက္ေတာ့ သိလား။ ေမြးေန႔ရွင္ေလး ေတာ္ေတာ္ေပ်ာ္သြားမွာေသခ်ာပါတယ္။

လိပ္စာက Dagon Center ပထမထပ္ ေလွကားတက္ၿပီးၿပီးခ်င္း ညာဘက္အေရွ႕စူူးစူး ေထာင့္ဆံုးက ပန္းေရာင္ဆိုင္ေလးပါေနာ္။

ခ်စ္လွစြာေသာ
FoodieEi (Akhayar)

[Unicode]

ကောင်မလေးတွေ ကြွေမယ့် Dagon Center က ပန်းသွေးရောင်ခြယ် ကမ္ဘာငယ်လေး

ကိုယ်တို့တွေ Dagon Center ကို ဈေးဝယ်ဖို့ကိစ္စကလွဲ ထွေထွေထူးထူး တကူးတက မရောက်ဖြစ်ခဲ့တာ ကြာပြီဆိုတော့ ဘယ်လိုစားသောက်ဆိုင်လေးတွေ ဖွင့်နေလဲအမှုမဲ့အမှတ်မဲ့ဖြစ်ခဲ့တာကြာပေါ့။

ဒီဆိုင်လေးကတော့တစ်ခါရောက်ပြီးရင် မပြန်ချင်အောင်ကို တစ်ဆိုင်လုံး ပန်းရောင်လေးတွေ၊ အစိမ်းရောင်နဲ့အရောင်နုနုဖတ်ဖတ်လေးတွေ အလှဆင်ထားတာမြင်တော့ အလှအပ နုနုဖတ်ဖတ်ကြိုက်တဲ့ ကိုယ်တွေလိုမိန်းကလေးတွေအတွက် တကယ့် Hidden Gem လေးကို တွေ့သွားသလိုပါပဲ။

ဆိုင်ကလေးရဲ့ နာမည်က “Pa Pasta” တဲ့။ တစ်ဆိုင်လုံးက လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါး စာလုပ်ကြ၊ တွေ့ကြဆုံကြဖို့ ရည်ရွယ်တဲ့ပုံပါပဲ။ အဓိကက ကိုရီးယားဆန်ဆန်ကောင်မလေးတွေအတွက် ပိုလိုက်ဖက်မယ်ထင်တာပဲ။ ဘာလို့ဆို ဆိုင်လေးတစ်ဆိုင်လုံးက ဗျိုင်းပန်းရောင်လေးတွေ၊ အရုပ်လေးတွေ၊ ဖန်စီလိုက်ကာလေးတွေနဲ့ ဘယ်နေရာကြည့်ကြည့်ကို ဓါတ်ပုံရိုက်ချင်စရာလေးမို့လေ…

အဲ့ဒီအပြင် အရမ်းသဘောကျစရာကောင်းတာက မွေးနေ့ရှင်သူငယ်ချင်းတွေကို Surprise လုပ်လို့ရတဲ့ ရောင်စုံသီးသန့်ခန်းလေးတွေရယ်၊ သီးသန့်တွေ့ချင်သူတွေအတွက် ချစ်စရာအခန်းလေးတွေ ၉ ခန်းတောင်ရှိပါ့။

အခန်းတစ်ခန်းချင်းစီကို နုဖတ်နေအောင်ပြင်ဆင်ထားတာများ ဘယ်အခန်းရွေးချယ်ရမလဲ မသိအောင်ကို လှပါတယ်လို့။

မွေးနေ့အတွက် ပူဖောင်းတွေ၊ Happy Birthday စာလုံးတွေဝယ်စရာမလိုဘဲ အခန်းထဲမှာကို အပြီးအစီးပြင်ဆင်ပေးထားတော့ အဲ့ဒီအတွက် ထပ်ပြီးအပိုကုန်စရာမလိုတော့ဘူးပေါ့။

အခန်းလေးကလည်း အဖွဲ့လိုက် ဓါတ်ပုံတွေရိုက်လို့လှမှလှပဲ။ ပုံတွေကိုပဲ ကြည့်ကြည့်ပါလို့။ အခန်းလေးတွေကတော့ တစ်နာရီကို ၄၅၀၀ ကျပ်ယူပါတယ်တဲ့။ စနေ၊တနင်္ဂနွေဆို ၅၀၀၀ ကျပ်ပါ။

အစားအစာတွေအနေနဲ့တော့ ပေါ့ပေါ့ပါးပါးစားစရာ Eclair လေးတွေ၊ Burger ၊ Sandwich ၊ ထမင်း Set လေးတွေနဲ့ ၊ ခေါက်ဆွဲပြုတ်တွေ ၊ အအေးတွေရပါတယ်။

အရသာကတော့ ထမင်း Set တွေရော၊ ခေါက်ဆွဲပြုတ်တွေရော အားလုံးထိုင်ဝမ်အရသာမျိုး ခပ်ချိုချိုပါပဲနော်။ အရမ်းကြီး ညွှန်းရလောက်အောင် စားမကောင်းပါဘူး။

ဘာတစ်ခုခုလိုနေမှန်းမသိတဲ့အရသာမျိုးလို့ ဆိုရမယ်။ ဂေါ်ဖီကြော်၊အသားလေးတွေနဲ့အာလူးနှစ်ရယ်၊ ထမင်းရယ် ဒီလောက်ပဲ။ မှန်းချက်နဲ့နှမ်းထွက် သိပ်မကိုက်ပါနော်။

Promotion လေးတွေအနေနဲ့ Eclair လေးတွေ ၂ခုဝယ်ရင် Thai Milk Tea Plain တစ်ခွက်ကို Free တိုက်နေပါတယ်။ ကိုယ်တောင် မှာသောက်ခဲ့သေးတယ်။ ၃ခုလုံး အချိုပိုများတယ် ခံစားရတာပါပဲ။

အစားအသောက်အနေနဲ့ဆို သိပ်စိတ်တိုင်းမကျမိပေမယ့် နေရာလေး အရမ်းလှပြီး အေးအေးဆေးဆေး စိတ်ကြိုက်ထိုင်လို့၊ အလုပ်လုပ်လို့ရတာနဲ့တင် သွားသင့်နေပါပြီနော်။

“Pa Pasta” ဆိုလို့ Pasta တွေရမယ်မထင်ပါနဲ့ဦးနော်။ ဗိုက်ဆာနေတဲ့ချိန်ဆို ထမင်းနဲ့ ခေါက်ဆွဲပြုတ်စားရဖို့ပဲတွေးပါလို့။

လှတာကတော့ ကောင်မလေးတွေ တကယ်ကြွေလောက်အောင် တော်တော်လှတာပဲ။ ဒီဇင်ဘာထဲ မွေးနေ့ရှင်သူငယ်ချင်းလေးတွေရှိရင် ပိုက်ဆံအကုန်အကျမများပဲ Suprise တိုက်ဖို့ ဒီ Pa Pasta ဆိုင်လေးသာ ရွေးလိုက်တော့ သိလား။ မွေးနေ့ရှင်လေး တော်တော်ပျော်သွားမှာသေချာပါတယ်။

လိပ်စာက Dagon Center ပထမထပ် လှေကားတက်ပြီးပြီးချင်း ညာဘက်အရှေ့စူူးစူး ထောင့်ဆုံးက ပန်းရောင်ဆိုင်လေးပါနော်။

ချစ်လှစွာသော
FoodieEi (Akhayar)