This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ပနားမားကို ေနာက္ကလိုက္ကစားၿပီး ဂုဏ္သိကၡာတိုက္ပြဲမွာ အႏိုင္ရခဲ့တဲ့ တူနီးရွား

တူနီးရွားအသင္းကေတာ့ အုပ္စုေနာက္ဆံုးပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ပနားမားအသင္းနဲ႔ ပြဲစဥ္မွာ ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီး ႏွစ္ေပါင္း (၄၀)ၾကာ ကမၻာ႔ဖလားႏုိင္ပြဲ ေပ်ာက္ဆံုးမႈကို ရပ္တန္႔ႏိုင္ခဲ့တယ္။ ဒီပြဲက (၂)သင္းစလံုးအတြက္ ေနာက္တစ္ဆင့္မေမွ်ာ္လင့္ႏိုင္ေတာ့ေပမယ့္ ဂုဏ္သိကၡာပိုင္းအရ အေရးပါေနတဲ့ ပြဲစဥ္ျဖစ္လို႔ အဓိက ကစားသမားအစံုအလင္ ပြဲထုတ္လာခဲ့ၿပီး အႀကိတ္အနယ္ ျမင္ကြင္းေတြကို ျမင္ေတြ႔ခဲ့ရတယ္။ (၂)သင္းစလံုး ဂုဏ္သိကၡာပိုင္းအရ အေကာင္းဆံုး ယွဥ္ၿပိဳင္သြားခဲ့လို႔ ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့တယ္။ ၁၉၇၈ ေနာက္ပိုင္း ပထမဆံုး ကမၻာ႔ဖလားႏိုင္ပြဲကို တူနီးရွားတို႔ ရယူႏိုင္ခဲ့ေပမယ့္ ပနားမားအသင္းရဲ႕ ပထမပိုင္း ကစားပံုေၾကာင့္ ခက္ခက္ခဲခဲ ကစားခဲ့ရၿပီး (၃၃)မိနစ္မွာ ေပးလိုက္ရတဲ့ ဦးေဆာင္ဂိုးေၾကာင့္ ေနာက္ကလိုက္ကစားခဲ့ရတယ္။ ပြဲစကတည္းက (၂)သင္းစလံုး အျပန္အလွန္ထိုးေဖာက္ ကစားခဲ့ၾကၿပီး ပြဲကစားခ်ိန္ (၃၃)မိနစ္မွာေတာ့ ပနားမားအသင္းက ဦးေဆာင္ဂိုးကို ရယူႏိုင္ခဲ့တယ္။ ပနားမားအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား လူးဝစ္ရိုဒရီဂြက္ဇ္ရဲ႕ ကန္ခ်က္ကို တူနီးရွားေနာက္ခံလူ မီယာ့ဟ္ဟန္႔တားဖို႔ ႀကိဳးစားရင္း လမ္းေၾကာင္းေျပာင္းကာ ဂိုးဝင္သြားခဲ့လို႔ ဦးေဆာင္ဂိုးကို ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ ပထမပိုင္းမွာေတာ့ တူနီးရွားအသင္းရဲ႕ လက္ေဆာင္ဂိုးနဲ႔ ပနားမားအသင္းက ပြဲကို ဦးေဆာင္ထားႏိုင္ခဲ့တယ္။

Ben-Youssef-score

Ben-Youssef-score

ဒုတိယပိုင္းအေရာက္မွာေတာ့ ကမၻာ႔ဖလား ႏိုင္ပြဲေပ်ာက္ဆံုးမႈကို ရပ္တန္႔ႏုိင္ဖို႔ တူနီးရွားအသင္း တိုက္စစ္ျမွင့္တင္မႈေတြ ျပဳလုပ္လာခဲ့လို႔ ပနားမားခံစစ္ေၾကာင္းကို ဖိအားေပးကစားႏုိင္ခဲ့တယ္။ တိုက္စစ္ေတာက္ေလွ်ာက္ ျမွင့္တင္လာတဲ့ တူနီးရွားအသင္းရဲ႕ ကစားပံုေၾကာင့္ ပနားမား ခံစစ္ၿပိဳဆင္းသြားခဲ့ၿပီး ပြဲကစားခ်ိန္ (၅၁)မိနစ္မွာပဲ ေခ်ပဂိုးကို ျပန္လည္ခြင့္ျပဳခဲ့ရတယ္။ ခါဇာရီနဲ႔ ဆလစ္တီတို႔ရဲ႕ တြဲလံုးေတြကေန ရရွိလာတဲ့ အခြင့္အေရးကို ေတာင္ပံတိုက္စစ္ကစားသမား ဘန္ယူဆက္ဖ္က လြတ္လြတ္ကၽြတ္ကၽြတ္ ပိတ္သြင္းယူခဲ့တာျဖစ္ပါတယ္။ ဒီဂိုးဟာ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ သြင္းဂိုး (၂၅၀၀)ျပည့္ ဂိုးအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ (၆၆)မိနစ္မွာေတာ့ တူနီးရွားအသင္း ပနားမားအသင္းကို တစ္ေက်ာ႔ျပန္ ဦးေဆာင္ႏိုင္မယ့္ သြင္းဂိုးကို အသင္းေခါင္းေဆာင္ တိုက္စစ္မွဴး ခါဇာရီက သြင္းယူေပးခဲ့တယ္။ ေနာက္ခံလူ ဟတ္ဒါဒီရဲ႕ ဖန္တီးေပးမႈကေန ခါဇာရီက ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲကို ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္းပြဲခ်ိန္ေတြမွာ ပြဲက ၿပိဳင္ဆိုင္မႈပိုမိုျပင္းထန္လာခဲ့ၿပီး (၂)သင္းစလံုး အႀကိတ္အနယ္ ကစားခဲ့ေပမယ့္ ဂိုးေတြ ထပ္မံသြင္းယူႏိုင္ခဲ့ျခင္းေတာ့မရွိပါဘူး။ နာက်င္အခ်ိန္ပိုမွာ တူနီးရွား ဂိုးသမားရဲ႕ လက္ကို တက္နင္းခဲ့တဲ့ ပနားမားတိုက္စစ္မွဴး တီဂ်ာဒါရဲ႕ လုပ္ရပ္က အားကစားသမားမပီသတဲ့ လုပ္ရပ္မ်ိဳးျဖစ္ၿပီး တိုက္ရိုက္အနီကတ္ျပခံရသင့္ေပမယ့္ ကြင္းလယ္ဒိုင္ကေတာ့ အဝါကတ္သာ ျပသ,သတိေပးခဲ့ပါတယ္။ ပြဲၿပီးဆံုးခ်ိန္မွာေတာ့ တူနီးရွားအသင္းက ပနားမားအသင္းကို အႏိုင္ကစားၿပီး ႏွစ္ေပါင္း (၄၀)ၾကာ ကမၻာ႔ဖလားႏိုင္ပြဲေပ်ာက္ဆံုးေနမႈကို ရပ္တန္႔ႏိုင္ခဲ့ပါတယ္။

Man Of The Match – Ben Youssef (Tunisia)

Photo:FIFA.com, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပနားမားကို နောက်ကလိုက်ကစားပြီး ဂုဏ်သိက္ခာတိုက်ပွဲမှာ အနိုင်ရခဲ့တဲ့ တူနီးရှား

တူနီးရှားအသင်းကတော့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပနားမားအသင်းနဲ့ ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ခဲ့ပြီး နှစ်ပေါင်း (၄၀)ကြာ ကမ္ဘာ့ဖလားနိုင်ပွဲ ပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့တယ်။ ဒီပွဲက (၂)သင်းစလုံးအတွက် နောက်တစ်ဆင့်မမျှော်လင့်နိုင်တော့ပေမယ့် ဂုဏ်သိက္ခာပိုင်းအရ အရေးပါနေတဲ့ ပွဲစဉ်ဖြစ်လို့ အဓိက ကစားသမားအစုံအလင် ပွဲထုတ်လာခဲ့ပြီး အကြိတ်အနယ် မြင်ကွင်းတွေကို မြင်တွေ့ခဲ့ရတယ်။ (၂)သင်းစလုံး ဂုဏ်သိက္ခာပိုင်းအရ အကောင်းဆုံး ယှဉ်ပြိုင်သွားခဲ့လို့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တယ်။ ၁၉၇၈ နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားနိုင်ပွဲကို တူနီးရှားတို့ ရယူနိုင်ခဲ့ပေမယ့် ပနားမားအသင်းရဲ့ ပထမပိုင်း ကစားပုံကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး (၃၃)မိနစ်မှာ ပေးလိုက်ရတဲ့ ဦးဆောင်ဂိုးကြောင့် နောက်ကလိုက်ကစားခဲ့ရတယ်။ ပွဲစကတည်းက (၂)သင်းစလုံး အပြန်အလှန်ထိုးဖောက် ကစားခဲ့ကြပြီး ပွဲကစားချိန် (၃၃)မိနစ်မှာတော့ ပနားမားအသင်းက ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့တယ်။ ပနားမားအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား လူးဝစ်ရိုဒရီဂွက်ဇ်ရဲ့ ကန်ချက်ကို တူနီးရှားနောက်ခံလူ မီယာ့ဟ်ဟန့်တားဖို့ ကြိုးစားရင်း လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားခဲ့လို့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ တူနီးရှားအသင်းရဲ့ လက်ဆောင်ဂိုးနဲ့ ပနားမားအသင်းက ပွဲကို ဦးဆောင်ထားနိုင်ခဲ့တယ်။

Tunisia-captain-Khazri-goal-celebrations

Tunisia-captain-Khazri-goal-celebrations

ဒုတိယပိုင်းအရောက်မှာတော့ ကမ္ဘာ့ဖလား နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ဖို့ တူနီးရှားအသင်း တိုက်စစ်မြှင့်တင်မှုတွေ ပြုလုပ်လာခဲ့လို့ ပနားမားခံစစ်ကြောင်းကို ဖိအားပေးကစားနိုင်ခဲ့တယ်။ တိုက်စစ်တောက်လျှောက် မြှင့်တင်လာတဲ့ တူနီးရှားအသင်းရဲ့ ကစားပုံကြောင့် ပနားမား ခံစစ်ပြိုဆင်းသွားခဲ့ပြီး ပွဲကစားချိန် (၅၁)မိနစ်မှာပဲ ချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရတယ်။ ခါဇာရီနဲ့ ဆလစ်တီတို့ရဲ့ တွဲလုံးတွေကနေ ရရှိလာတဲ့ အခွင့်အရေးကို တောင်ပံတိုက်စစ်ကစားသမား ဘန်ယူဆက်ဖ်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သွင်းဂိုး (၂၅၀၀)ပြည့် ဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ (၆၆)မိနစ်မှာတော့ တူနီးရှားအသင်း ပနားမားအသင်းကို တစ်ကျော့ပြန် ဦးဆောင်နိုင်မယ့် သွင်းဂိုးကို အသင်းခေါင်းဆောင် တိုက်စစ်မှူး ခါဇာရီက သွင်းယူပေးခဲ့တယ်။ နောက်ခံလူ ဟတ်ဒါဒီရဲ့ ဖန်တီးပေးမှုကနေ ခါဇာရီက ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာ ပွဲက ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာခဲ့ပြီး (၂)သင်းစလုံး အကြိတ်အနယ် ကစားခဲ့ပေမယ့် ဂိုးတွေ ထပ်မံသွင်းယူနိုင်ခဲ့ခြင်းတော့မရှိပါဘူး။ နာကျင်အချိန်ပိုမှာ တူနီးရှား ဂိုးသမားရဲ့ လက်ကို တက်နင်းခဲ့တဲ့ ပနားမားတိုက်စစ်မှူး တီဂျာဒါရဲ့ လုပ်ရပ်က အားကစားသမားမပီသတဲ့ လုပ်ရပ်မျိုးဖြစ်ပြီး တိုက်ရိုက်အနီကတ်ပြခံရသင့်ပေမယ့် ကွင်းလယ်ဒိုင်ကတော့ အဝါကတ်သာ ပြသ,သတိပေးခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ တူနီးရှားအသင်းက ပနားမားအသင်းကို အနိုင်ကစားပြီး နှစ်ပေါင်း (၄၀)ကြာ ကမ္ဘာ့ဖလားနိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။

Man Of The Match – Ben Youssef (Tunisia)

Photo:FIFA.com, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com