This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ေဘာလုံးစင္ျမင့္မွာေတာ့ Low Profile အသင္းျဖစ္တဲ့ ပနားမား

ကြန္ကာကပ္ဖ္ဇုန္မွာ အားအနည္းဆုံးအသင္းျဖစ္တဲ့ ပနားမားအသင္းဟာ အခုတစ္ႀကိမ္မွ ပထမဆုံး ကမၻာ႔ဖလားၿပိဳင္ပဲြအျဖစ္ ေျခစစ္ပဲြေအာင္ျမင္ခဲ့တာပါ။ ေဒသတြင္းၿပိဳင္ပဲြေတြမွာ ေအာင္ျမင္မႈတခ်ိဳ႕ရယူခဲ့ေပမယ့္ ကမၻာ႔ေဘာလုံးစင္ျမင့္မွာေတာ့ ပနားမားက Low Profile အသင္းပါပဲ။ ဒါေပမဲ့ ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြမွာ ကုိယ့္ထက္ အင္အားႀကီးတဲ့ အေမရိကန္၊ ဟြန္ဒူးရပ္စ္တို႔ကုိ ေက်ာ္ျဖတ္ၿပီး တိုက္႐ုိက္ေျခစစ္ပဲြေအာင္ ျမင္ခဲ့တာကေတာ့ ေလးစားစရာပါပဲ. . .

ပနားမားအသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း
ပနားမားအသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြစတင္က်င္းပခဲ့တဲ့ ၁၉၃၀ ကစၿပီး ၁၉၇၄ ခုႏွစ္အထိ ပါ၀င္ယွဥ္ၿပိဳင္ခဲ့ျခင္းမရွိပါဘူး။ ၁၉၇၈ ကေန ၂၀၁၄ ခုႏွစ္အထိ ေျခစစ္ပဲြ၀င္ခြင့္ေပမယ့္ တစ္ႀကိမ္မွ ေအာင္ျမင္ခဲ့ျခင္းမရွိဘဲ ၿပိဳင္ပဲြသက္တမ္း(၈၈)ႏွစ္အတြင္းမွာ ပထမဆုံးအႀကိမ္ေျခစစ္ပဲြေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြျဖတ္သန္းခဲ့မႈ

ပနားမားအသင္းဟာ အိမ္ကြင္းေျခစြမ္းမာေက်ာမႈေၾကာင့္ ရလဒ္ေကာင္းေတြရယူႏုိင္ခဲ့ၿပီး အိမ္ကြင္းမွာ မကၠဆီကုိနဲ႔အေမရိကန္တို႔ကုိ သေရကစားခဲ့တယ္။ ေျခစစ္ပဲြေအာင္ဖုိ႔ အေရးပါတဲ့ ေကာ္စတာရီကာနဲ႔ ေနာက္ဆုံး အိမ္ကြင္းပဲြမွာ (၂-၁)ဂုိးနဲ႔အႏုိင္ရခဲ့ၿပီး ဟြန္ဒူးရပ္စ္နဲ႔ (၁၃)မွတ္တူ ဂုိးကြာျခားခ်က္ေၾကာင့္ အုပ္စုတ တိယနဲ႔ တိုက္႐ုိက္ေျခစစ္ပဲြေအာင္ခဲ့တာပါ။

Panama-National-Football-Team

Panama-National-Football-Team

ေစာင့္ၾကည့္ရမယ့္ကစားသမားမ်ား

ပနားမားအသင္းရဲ႕ ကစားသမားေတြက ေဘာလုံးပရိသတ္ေတြအတြက္ အစိမ္းသက္သက္ျဖစ္ေနမွာပါ။ ေျခစစ္ပဲြတစ္ေလွ်ာက္မွာ ၀ါရင့္ကစားသမားေတြျဖစ္တဲ့ ဂါဘရီယဲလ္ဂုိးမက္ဇ္Gabriel Gómez ၊လူး၀စ္တီဂ်ာဒါ Luis Tejada၊ ႐ုိမန္ေတာရက္စ္ Román Torres စတဲ့ ကစားသမားေတြက အသင္းရဲ႕အဓိက ကစားသမားေတြျဖစ္ၾကၿပီး ၀ါရင့္ကစားသမားေတြနဲ႔ပဲ ယွဥ္ၿပိဳင္ဖုိ႔မ်ားပါတယ္။

Photo:Sporting News,Daily News
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဘောလုံးစင်မြင့်မှာတော့ Low Profile အသင်းဖြစ်တဲ့ ပနားမား

ကွန်ကာကပ်ဖ်ဇုန်မှာ အားအနည်းဆုံးအသင်းဖြစ်တဲ့ ပနားမားအသင်းဟာ အခုတစ်ကြိမ်မှ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။ ဒေသတွင်းပြိုင်ပွဲတွေမှာ အောင်မြင်မှုတချို့ရယူခဲ့ပေမယ့် ကမ္ဘာ့ဘောလုံးစင်မြင့်မှာတော့ ပနားမားက Low Profile အသင်းပါပဲ။ ဒါပေမဲ့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကိုယ့်ထက် အင်အားကြီးတဲ့ အမေရိကန်၊ ဟွန်ဒူးရပ်စ်တို့ကို ကျော်ဖြတ်ပြီး တိုက်ရိုက်ခြေစစ်ပွဲအောင် မြင်ခဲ့တာကတော့ လေးစားစရာပါပဲ. . .

ပနားမားအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း
ပနားမားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ကျင်းပခဲ့တဲ့ ၁၉၃၀ ကစပြီး ၁၉၇၄ ခုနှစ်အထိ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပါဘူး။ ၁၉၇၈ ကနေ ၂၀၁၄ ခုနှစ်အထိ ခြေစစ်ပွဲဝင်ခွင့်ပေမယ့် တစ်ကြိမ်မှ အောင်မြင်ခဲ့ခြင်းမရှိဘဲ ပြိုင်ပွဲသက်တမ်း(၈၈)နှစ်အတွင်းမှာ ပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့မှု

ပနားမားအသင်းဟာ အိမ်ကွင်းခြေစွမ်းမာကျောမှုကြောင့် ရလဒ်ကောင်းတွေရယူနိုင်ခဲ့ပြီး အိမ်ကွင်းမှာ မက္ကဆီကိုနဲ့အမေရိကန်တို့ကို သရေကစားခဲ့တယ်။ ခြေစစ်ပွဲအောင်ဖို့ အရေးပါတဲ့ ကော်စတာရီကာနဲ့ နောက်ဆုံး အိမ်ကွင်းပွဲမှာ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဟွန်ဒူးရပ်စ်နဲ့ (၁၃)မှတ်တူ ဂိုးကွာခြားချက်ကြောင့် အုပ်စုတ တိယနဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့တာပါ။

Panama-National-Football-Team

Panama-National-Football-Team

စောင့်ကြည့်ရမယ့်ကစားသမားများ

ပနားမားအသင်းရဲ့ ကစားသမားတွေက ဘောလုံးပရိသတ်တွေအတွက် အစိမ်းသက်သက်ဖြစ်နေမှာပါ။ ခြေစစ်ပွဲတစ်လျှောက်မှာ ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဂါဘရီယဲလ်ဂိုးမက်ဇ်Gabriel Gómez ၊လူးဝစ်တီဂျာဒါ Luis Tejada၊ ရိုမန်တောရက်စ် Román Torres စတဲ့ ကစားသမားတွေက အသင်းရဲ့အဓိက ကစားသမားတွေဖြစ်ကြပြီး ဝါရင့်ကစားသမားတွေနဲ့ပဲ ယှဉ်ပြိုင်ဖို့များပါတယ်။

Photo:Sporting News,Daily News
Naing Linn(Akhayar)
www.akhayar.com