[Zawgyi]













ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

မိသားစုနဲ့အတူ ပျော်ရွှင်စွာ ကြော်ငြာရိုက်ကူးခဲ့တဲ့ ပန်းရောင်ခြယ်

အဆိုတော် ဂရေဟမ်ရဲ့ သမီးကြီး ပန်းရောင်ခြယ် ဟာ အခုဆိုရင် တေးသီချင်းတွေကို သီဆိုရုံတင်မကဘဲ ကြော်ငြာတွေကိုပါရိုက်ကူးနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လ၃၁ ရက်နေ့ က လည်း မိသားလိုက် ကြော်ငြာ တစ်ခုကို ရိုက်ကူးနေတဲ့မြင်ကွင်းတွေကို သူမရဲ့လူမှုကွန်ရက်ပေါ်ကို တင်ထားတာတွေ့ရပါတယ်။

ပန်းရောင်ခြယ်တို့မိသားစု

ပန်းရောင်ခြယ်တို့မိသားစု

“မိသားစုနဲ့အတူ Gery Crackers တီဗွီနဲ့ဓာတ်ပုံကြော်ငြာ ရိုက်ကူးရေး 💛” ဆိုပြီးတော့ မိသားစု နဲ့ အတူပျော်ရွှင်စွာကြော်ငြာရိုက်ကူးနေတဲ့ ပန်းရောင်ခြယ်တို့ညီမနှစ်ယောက်ပုံတွေ နဲ့ ကြော်ငြာရိုက်ကွင်းပုံ တွေကို သူမရဲ့ လူမှုကွန်ရက်ကနေ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ပန်းရောင်ခြယ်နဲ့သူမရဲ့ညီမလေး

ပန်းရောင်ခြယ်နဲ့သူမရဲ့ညီမလေး

ပန်းရောင်ခြည် ဟာ သီချင်းသံစဉ် ချိုချိုလေးတွေကို သီဆိုရင်း မိန်းကလေး ပရိသတ်တွေ က အားကျကြသလို အမျိုးသားပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှုကို ရရှိနေတဲ့ ဆယ်ကျော်သက် အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။

အဆိုတော် ဂရေဟန် တို့မိသားစု

အဆိုတော် ဂရေဟန် တို့မိသားစု

မိသားစု နဲ့အတူ အောင်မြင်မှုတွေကိုလည်း ဒီထက်မက ရရှိပါစေ လို့ အခရာ ကနေဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးရော ပန်းရောင်ခြယ် ဆိုတဲ့ ကောင်မလေး ကို ချစ်ရင် တစ်ခုခုပြောခဲ့ဦးနော်…….

Photo Credit:Pan Yaumg Chel Facebook

ကြည်သာ (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။