[ZawGyi]

ထန္းရည္စစ္စစ္ကို ထန္းေတာထဲမွာ ေသာက္ရမယ့္ Feeling နဲ႔ အမိုက္စား Palm Wine Bar

ညေနသူငယ္ခ်င္းေတြနဲ႔ေတြ႕ရာဆံုရာ၊ စိတ္ညစ္ညဴးမႈေျဖေဖ်ာက္ရာ၊ ပင္ပန္းမႈေလ်ာ့နည္းရာ၊ အပန္းေျဖ Relax လုပ္ဖို႔အေကာင္းဆံုးေနရာဆိုတိုင္း ကိုယ္တို႔ေတြေျပးျမင္မိတာ Bar ေကာင္းေကာင္းေလး တစ္ခုပါ။ ေသာက္ၾက၊ေျပာၾက၊ ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ တစ္ေန႔တာအေမာေတြကို ေျဖေဖ်ာက္စရာ ဒီလို Bar ေလးေတြက လူမႈအသိုင္းဝိုင္းမွာ က်ယ္ျပန္႔လာပါၿပီ။ ခုလို ရန္ကုန္တၿမိဳ႕လံုး Bar ယဥ္ေက်းမႈ ထြန္းကားလာတဲ့အခါမ်ိဳးမွာ Bar ေတာ့ Bar ေပမယ့္ ထူးထူးဆန္းဆန္း ျမန္မာ့႐ိုးရာ အေငြ႕သက္ေတြဖံုးလႊမ္းေနတဲ့ Bar တစ္ခု ေလာေလာလတ္လတ္ ဖြင့္လိုက္ၿပီတဲ့ေနာ္။

႐ိုးရာအေငြ႕အသက္ေတြ ဖံုးလႊမ္းဆို Bar တစ္ခုလံုးက Bar မဆန္ေနဘဲ ကုန္းေဘာင္ေခတ္ကထန္းေတာႀကီးထဲကို ေရာက္ေနသလို ခံစားရေစမွာမ်ိဳးပါ။ ညဘက္ေတာ့ မီးေရာင္စံုေတြနဲ႔ ေဂၚေနတာမ်ိဳးေပါ့။

နံရံတိုင္းေထာင့္တိုင္းမွာ ထန္းပင္ပံုေတြ ဖန္တီးပံုေဖာ္ထားၿပီး၊ မီးလံုးေလးေတြကအစ ထန္းတက္ႀကိဳးေတြနဲ႔ အလွဆင္ထားတဲ့ Idea က အလန္းႀကီးပဲေနာ္။ မ်က္ႏွာက်က္အျပည့္ကိုလည္း ထန္းပင္၊ ထန္းလက္ကိုင္းေတြနဲ႔ ပန္းခ်ီေတြဆြဲထားတာမ်ိဳး။ ေနာက္ထပ္သေဘာက်စရာ အရမ္းမိုက္တဲ့ Decoration မ်ိဳးဆို ေရွးေခတ္ေဟာင္း လူေနမႈကို ပံုေဖာ္ထားတဲ့ မင္းတုန္းမင္းကအစခ်ီၿပီး ကုန္းေဘာင္ေခတ္အႏြယ္ေတာ္ေတြရဲ႕ပံုေတြ၊ ေရွးေခတ္ပံုေတြ၊ ပန္းခ်ီကားေတြနဲ႔ Bar တစ္ခုလံုးကို ရင္သပ္ရႈေမာဖြယ္အလွဆင္ထားတာပါပဲ။ အဲ့ပံုႀကီးေတြက ဒီ Bar ရဲ႕ အသက္ အလွပါပဲ။ အေႂကြဆင္ႀကီးေတြ။

ေရာက္တာနဲ႔ကို ေႂကြသြားမွာ အမွန္ပဲ။ ေနာက္ထပ္ ထန္းေတာထဲမွာ ထိုင္ေနရတဲ့ Feeling မ်ိဳးျဖစ္ေအာင္ျပင္ထားတဲ့ Decoration အလန္းႀကီးလည္း ရွိေသးတယ္။ ပံုုသာ ၾကည့္လိုက္ေတာ့ေနာ္။

Bar ဆိုေပမယ့္ ျမန္မာအစားအစာေတြနဲ႔ ထန္းရည္စစ္စစ္ကို ေသာက္ခ်င္သူေတြအတြက္ ဆိုင္ရွင္က ဒီလို အဆင့္မီမီေလး ဖန္တီးျဖစ္ဖို႔ Idea ရခဲ့တာလို႔ ဆိုပါတယ္။ ထန္းရည္အစစ္ဆိုေတာ့ ေနမြန္းမတည့္ခင္လာေသာက္ရင္ေတာ့ ခ်ိဳခ်ိဳေလးျဖစ္မွာေပါ့။ ဆိုင္က ျမန္မာ့႐ိုးရာ အစားအစာစစ္စစ္ေတြကို အဓိကထားေရာင္းတာမ်ိဳးမို႔ အမိုက္ဆံုးေတြဆို-

(၁) ထန္းသီးတန္ပူရာ

ထန္းသီးႏုႏုခ်ိဳခ်ိဳေလးကို တန္ပူရာေၾကာ္ေလး ေၾကာ္ထားတာ ဘူးသီးႏုႏုေလးစားေနရသလိုပဲ။ မန္က်ည္းခ်ဥ္ေလးနဲ႔ဆိုေတာ့ တကယ္ စားေကာင္းတယ္။ စားဖူးတယ္ရွိေအာင္ လာစားၾကည့္ေနာ္။ သူက ၂၅၀၀ က်ပ္ပဲ ရွိတယ္။

(၂) အစံုသုပ္ဗန္း

အစံုသုပ္ဆို ဆတ္သားေျခာက္သုပ္၊ ေစာင္းလ်ားသီးသုပ္၊ မွ်စ္သုပ္၊ ခရမ္းသီးသုပ္၊ ခရမ္းခ်ဥ္သီးသုပ္ေတြကို ေဘးမွာ တစ္ပံုစီသုပ္ထားၿပီး အလယ္က ထန္းသီးႏုေလးေတြကို ခ်ဥ္ငန္စပ္ေလးသုပ္ထားတာ။ အကုန္လံုး လတ္ဆတ္ခ်ိဳျမေနၿပီး ဗမာ့အိမ္သုပ္အရသာကို တသေဝမတိမ္းခံစားရမွာပါ။ တစ္ဗန္းလံုးမွ သူက ၁၀၀၀၀ က်ပ္တဲ့။ မႀကိဳက္တာဆို ခရမ္းသီးသုပ္နဲ႔ ခရမ္းခ်ဥ္သီးသုပ္ကို တြဲထည့္ေပးထားတာေတာ့ အစပ္ဟပ္မတည့္ဘူး ခံစားရတာပါပဲ။

(၃) ေကာက္ၫွင္းငါးေျခာက္ေဒါင္းလန္း

သူက ေကာက္ၫွင္းဆီထမင္းေလးေတြကို ေဘးက ငါးက်ည္း၊ ငါးသလဲထိုး၊ ငါးရံ႕ေျခာက္၊ ငါးေမႊထိုးေၾကာ္ႂကြပ္ႂကြပ္ေလးေတြနဲ႔ ရံထားတာ ေကာက္ၫွင္းဆီဆမ္းအိအိကို ငါးေၾကာ္ေလးေတြေမႊးေမႊးနဲ႔ စားေကာင္းခ်က္။ သူလည္း တန္တယ္။ ၁၀၀၀၀ က်ပ္ပဲ။ ငါးေမႊထိုးေၾကာ္ေတာ့ နည္းနည္းၫွီတယ္။

(၄) လက္ဖက္အဘိုးႀကီးသုပ္

လက္ဖက္အဘိုးႀကီးသုပ္ဆိုတာမ်ိဳးက အညာဆန္ဆန္ လက္ဖက္ၫြန္႔ေလးေတြကို ေဂၚဖီေလးေတြနဲ႔ ခ်ဥ္စပ္ေလးႏွပ္ထားၿပီး ေဘးက ၾကက္သြန္ေၾကာ္၊ ႏွစ္ျပန္ေၾကာ္၊ ႏွမ္း၊ ပုစြန္ေျခာက္တို႔နဲ႔ အပံုေလးေတြပံုစားရတာမ်ိဳးပါ။ ပုံထဲကလို စပါယ္ရွယ္ လက္ဖက္တစ္ပြဲကိုမွ ၃၀၀၀ က်ပ္ပါ။

အဓိက ခ်ီးက်ဴးခ်င္တာက ဗမာသုပ္ေတြက သုပ္တဲ့လက္မေပါက္ရင္ စားလို႔အဆင္မေျပတတ္တဲ့အမ်ိဳးေတြမို႔ ဒီဆိုင္ရဲ႕လက္ရာက ထန္းသီးႏုေလးေတြကိုေတာင္ အရသာႏိုင္ႏိုင္နင္းနင္းသုပ္တတ္တာမ်ိဳးနဲ႔တင္ အရသာက ဆရာက်ေနပါၿပီ။

Palm Wine Bar ေရာက္ၿပီး မျမည္းမျဖစ္ျမည္းခဲ့ရမွာကေတာ့ သန္လ်င္ထန္းေတာေတြဘက္ကေန တင္သြင္းထားတဲ့ ထန္းရည္ခ်ိဳျမျမေလးေတြပဲေနာ္။ ျမဴအိုးနဲ႔လည္းရတယ္။ ပံုမွန္ ဖန္ႁပြန္ေလးနဲ႔ လည္း ခ်ေပးတယ္။ သူကေတာ့ ၂၀၀၀ က်ပ္ပါ။ တစ္ခြက္တစ္ဖလားကစ္ခ်င္တဲ့ သူေတြအတြက္ေတာ့ မိုက္တယ္။ တန္တယ္။ ေန႔ခင္းေက်ာ္ရည္ေတာ့ ထန္းရည္တို႔ရဲ႕သဘာဝအတိုင္း ခ်ဥ္စူးစူးေလးနဲ႔ ရီေဝေဝျဖစ္ၿပီေနာ္။

ဆိုင္ကလွေနခမ္းနားေနရက္နဲ႔ ဆိုင္ေနရာေလး နည္းနည္းက်ဥ္းသြားတာရယ္၊ Juice ေလးေတြ အရသာရယ္ကိုေတာ့ အားမရခဲ့ဘူး။ က်န္တာေတာ့ သေဘာက်ပါတယ္။သူ႔ဆိုင္မွာ အညာကေန ေျပာင္းဖူးဖက္တို႔၊ ဖက္ၾကမ္းတို႔နဲ႔ လိပ္တဲ့ ေဆးေပါ့လိပ္ခ်ိဳခ်ိဳႀကီးေတြလည္း လက္ေဆာင္တိုက္ေသးသတဲ့ေနာ္။

Bar ပဲဆိုေပမယ့္ Bar မဆန္ပါဘူး။ မနက္ပိုင္းေတြအတြက္ေတာ့ မနက္စာအစံုလင္ အရသာရွိရွိစားႏိုင္ၿပီး ေန႔လည္ကေန ညထိေတာ့ Lunch နဲ႔ Bar ပံုစံ ခင္းက်င္းထားတာပါျဖစ္ပါတယ္။ Tropical Wild Life တစ္ခုကို ခံစားရမယ့္ ေနရာလွလွေလးျဖစ္တဲ့အျပင္ Sat, Sun ဆိုရင္ Unplugged Show ေတြနဲ႔ ၿငိမ့္ႏိုင္မယ့္ Bar တစ္ခုမို႔ ေရာက္ေအာင္သြားၿပီး တကယ့္ထန္းေတာထဲကအရသာစစ္စစ္ကို Palm Wine Bar မွာ ခံစားလို႔ရပါၿပီ။

လိပ္စာကေတာ့ ထန္းေတာေတြဘက္က Culture ကို ယူထားတာဆိုေတာ့ Wing B, A4 Star City သန္လ်င္ထဲမွာ ရွိတာပါ။ သန္လ်င္ တံတားေလးအဆင္းတင္ပဲေနာ္။ Star City ဘက္ျခမ္းမွာ အမိုက္စား Bar ေတြ၊ဆိုင္ေတြေနရာယူလာၿပီဆိုေတာ့ တစ္ညေနေလာက္ေတာ့ သြားကိုသြား အခ်ိန္ေပးၿပီး Chill လိုက္ၾကဦးေနာ္။ မနက္ ၇ နာရီမွ ည ၁၀ နာရီ ထိတဲ့ေနာ္။

EiEiKhineMinn ( Akhayar)

www.akhayar.com
[Unicode]

ထန်းရည်စစ်စစ်ကို ထန်းတောထဲမှာ သောက်ရမယ့် Feeling နဲ့ အမိုက်စား Palm Wine Bar

ညနေသူငယ်ချင်းတွေနဲ့တွေ့ရာဆုံရာ၊ စိတ်ညစ်ညူးမှုဖြေဖျောက်ရာ၊ ပင်ပန်းမှုလျော့နည်းရာ၊ အပန်းဖြေ Relax လုပ်ဖို့အကောင်းဆုံးနေရာဆိုတိုင်း ကိုယ်တို့တွေပြေးမြင်မိတာ Bar ကောင်းကောင်းလေး တစ်ခုပါ။ သောက်ကြ၊ပြောကြ၊ ပျော်ပျော်ပါးပါးနဲ့ တစ်နေ့တာအမောတွေကို ဖြေဖျောက်စရာ ဒီလို Bar လေးတွေက လူမှုအသိုင်းဝိုင်းမှာ ကျယ်ပြန့်လာပါပြီ။ ခုလို ရန်ကုန်တမြို့လုံး Bar ယဉ်ကျေးမှု ထွန်းကားလာတဲ့အခါမျိုးမှာ Bar တော့ Bar ပေမယ့် ထူးထူးဆန်းဆန်း မြန်မာ့ရိုးရာ အငွေ့သက်တွေဖုံးလွှမ်းနေတဲ့ Bar တစ်ခု လောလောလတ်လတ် ဖွင့်လိုက်ပြီတဲ့နော်။

ရိုးရာအငွေ့အသက်တွေ ဖုံးလွှမ်းဆို Bar တစ်ခုလုံးက Bar မဆန်နေဘဲ ကုန်းဘောင်ခေတ်ကထန်းတောကြီးထဲကို ရောက်နေသလို ခံစားရစေမှာမျိုးပါ။ ညဘက်တော့ မီးရောင်စုံတွေနဲ့ ဂေါ်နေတာမျိုးပါ။

နံရံတိုင်းထောင့်တိုင်းမှာ ထန်းပင်ပုံတွေ ဖန်တီးပုံဖော်ထားပြီး၊ မီးလုံးလေးတွေကအစ ထန်းတက်ကြိုးတွေနဲ့ အလှဆင်ထားတဲ့ Idea က အလန်းကြီးပဲနော်။ မျက်နှာကျက်အပြည့်ကိုလည်း ထန်းပင်၊ ထန်းလက်ကိုင်းတွေနဲ့ ပန်းချီတွေဆွဲထားတာမျိုး။ နောက်ထပ်သဘောကျစရာ အရမ်းမိုက်တဲ့ Decoration မျိုးဆို ရှေးခေတ်ဟောင်း လူနေမှုကို ပုံဖော်ထားတဲ့ မင်းတုန်းမင်းကအစချီပြီး ကုန်းဘောင်ခေတ်အနွယ်တော်တွေရဲ့ပုံတွေ၊ ရှေးခေတ်ပုံတွေ၊ ပန်းချီကားတွေနဲ့ Bar တစ်ခုလုံးကို ရင်သပ်ရှုမောဖွယ်အလှဆင်ထားတာပါပဲ။ အဲ့ပုံကြီးတွေက ဒီ Bar ရဲ့ အသက် အလှပါပဲ။ အကြွေဆင်ကြီးတွေ။

ရောက်တာနဲ့ကို ကြွေသွားမှာ အမှန်ပဲ။ နောက်ထပ် ထန်းတောထဲမှာ ထိုင်နေရတဲ့ Feeling မျိုးဖြစ်အောင်ပြင်ထားတဲ့ Decoration အလန်းကြီးလည်း ရှိသေးတယ်။ ပုံုသာ ကြည့်လိုက်တော့နော်။

Bar ဆိုပေမယ့် မြန်မာအစားအစာတွေနဲ့ ထန်းရည်စစ်စစ်ကို သောက်ချင်သူတွေအတွက် ဆိုင်ရှင်က ဒီလို အဆင့်မီမီလေး ဖန်တီးဖြစ်ဖို့ Idea ရခဲ့တာလို့ ဆိုပါတယ်။ ထန်းရည်အစစ်ဆိုတော့ နေမွန်းမတည့်ခင်လာသောက်ရင်တော့ ချိုချိုလေးဖြစ်မှာပေါ့။ ဆိုင်က မြန်မာ့ရိုးရာ အစားအစာစစ်စစ်တွေကို အဓိကထားရောင်းတာမျိုးမို့ အမိုက်ဆုံးတွေဆို-

(၁) ထန်းသီးတန်ပူရာ

ထန်းသီးနုနုချိုချိုလေးကို တန်ပူရာကြော်လေး ကြော်ထားတာ ဘူးသီးနုနုလေးစားနေရသလိုပဲ။ မန်ကျည်းချဉ်လေးနဲ့ဆိုတော့ တကယ် စားကောင်းတယ်။ စားဖူးတယ်ရှိအောင် လာစားကြည့်နော်။ သူက ၂၅၀၀ ကျပ်ပဲ ရှိတယ်။

(၂) အစုံသုပ်ဗန်း

အစုံသုပ်ဆို ဆတ်သားခြောက်သုပ်၊ စောင်းလျားသီးသုပ်၊ မျှစ်သုပ်၊ ခရမ်းသီးသုပ်၊ ခရမ်းချဉ်သီးသုပ်တွေကို ဘေးမှာ တစ်ပုံစီသုပ်ထားပြီး အလယ်က ထန်းသီးနုလေးတွေကို ချဉ်ငန်စပ်လေးသုပ်ထားတာ။ အကုန်လုံး လတ်ဆတ်ချိုမြနေပြီး ဗမာ့အိမ်သုပ်အရသာကို တသဝေမတိမ်းခံစားရမှာပါ။ တစ်ဗန်းလုံးမှ သူက ၁၀၀၀၀ ကျပ်တဲ့။ မကြိုက်တာဆို ခရမ်းသီးသုပ်နဲ့ ခရမ်းချဉ်သီးသုပ်ကို တွဲထည့်ပေးထားတာတော့ အစပ်ဟပ်မတည့်ဘူး ခံစားရတာပါပဲ။

(၃) ကောက်ညှင်းငါးခြောက်ဒေါင်းလန်း

သူက ကောက်ညှင်းဆီထမင်းလေးတွေကို ဘေးက ငါးကျည်း၊ ငါးသလဲထိုး၊ ငါးရံ့ခြောက်၊ ငါးမွှေထိုးကြော်ကြွပ်ကြွပ်လေးတွေနဲ့ ရံထားတာ ကောက်ညှင်းဆီဆမ်းအိအိကို ငါးကြော်လေးတွေမွှေးမွှေးနဲ့ စားကောင်းချက်။ သူလည်း တန်တယ်။ ၁၀၀၀၀ ကျပ်ပဲ။ ငါးမွှေထိုးကြော်တော့ နည်းနည်းညှီတယ်။

(၄) လက်ဖက်အဘိုးကြီးသုပ်

လက်ဖက်အဘိုးကြီးသုပ်ဆိုတာမျိုးက အညာဆန်ဆန် လက်ဖက်ညွန့်လေးတွေကို ဂေါ်ဖီလေးတွေနဲ့ ချဉ်စပ်လေးနှပ်ထားပြီး ဘေးက ကြက်သွန်ကြော်၊ နှစ်ပြန်ကြော်၊ နှမ်း၊ ပုစွန်ခြောက်တို့နဲ့ အပုံလေးတွေပုံစားရတာမျိုးပါ။ ပုံထဲကလို စပါယ်ရှယ် လက်ဖက်တစ်ပွဲကိုမှ ၃၀၀၀ ကျပ်ပါ။

အဓိက ချီးကျူးချင်တာက ဗမာသုပ်တွေက သုပ်တဲ့လက်မပေါက်ရင် စားလို့အဆင်မပြေတတ်တဲ့အမျိုးတွေမို့ ဒီဆိုင်ရဲ့လက်ရာက ထန်းသီးနုလေးတွေကိုတောင် အရသာနိုင်နိုင်နင်းနင်းသုပ်တတ်တာမျိုးနဲ့တင် အရသာက ဆရာကျနေပါပြီ။

Palm Wine Bar ရောက်ပြီး မမြည်းမဖြစ်မြည်းခဲ့ရမှာကတော့ သန်လျင်ထန်းတောတွေဘက်ကနေ တင်သွင်းထားတဲ့ ထန်းရည်ချိုမြမြလေးတွေပဲနော်။ မြူအိုးနဲ့လည်းရတယ်။ ပုံမှန် ဖန်ပြွန်လေးနဲ့ လည်း ချပေးတယ်။ သူကတော့ ၂၀၀၀ ကျပ်ပါ။ တစ်ခွက်တစ်ဖလားကစ်ချင်တဲ့ သူတွေအတွက်တော့ မိုက်တယ်။ တန်တယ်။ နေ့ခင်းကျော်ရည်တော့ ထန်းရည်တို့ရဲ့သဘာဝအတိုင်း ချဉ်စူးစူးလေးနဲ့ ရီဝေဝေဖြစ်ပြီနော်။

ဆိုင်ကလှနေခမ်းနားနေရက်နဲ့ ဆိုင်နေရာလေး နည်းနည်းကျဉ်းသွားတာရယ်၊ Juice လေးတွေ အရသာရယ်ကိုတော့ အားမရခဲ့ဘူး။ ကျန်တာတော့ သဘောကျပါတယ်။သူ့ဆိုင်မှာ အညာကနေ ပြောင်းဖူးဖက်တို့၊ ဖက်ကြမ်းတို့နဲ့ လိပ်တဲ့ ဆေးပေါ့လိပ်ချိုချိုကြီးတွေလည်း လက်ဆောင်တိုက်သေးသတဲ့နော်။

Bar ပဲဆိုပေမယ့် Bar မဆန်ပါဘူး။ မနက်ပိုင်းတွေအတွက်တော့ မနက်စာအစုံလင် အရသာရှိရှိစားနိုင်ပြီး နေ့လည်ကနေ ညထိတော့ Lunch နဲ့ Bar ပုံစံ ခင်းကျင်းထားတာပါဖြစ်ပါတယ်။ Tropical Wild Life တစ်ခုကို ခံစားရမယ့် နေရာလှလှလေးဖြစ်တဲ့အပြင် Sat, Sun ဆိုရင် Unplugged Show တွေနဲ့ ငြိမ့်နိုင်မယ့် Bar တစ်ခုမို့ ရောက်အောင်သွားပြီး တကယ့်ထန်းတောထဲကအရသာစစ်စစ်ကို Palm Wine Bar မှာ ခံစားလို့ရပါပြီ။

လိပ်စာကတော့ ထန်းတောတွေဘက်က Culture ကို ယူထားတာဆိုတော့ Wing B, A4 Star City သန်လျင်ထဲမှာ ရှိတာပါ။ သန်လျင် တံတားလေးအဆင်းတင်ပဲနော်။ Star City ဘက်ခြမ်းမှာ အမိုက်စား Bar တွေ၊ဆိုင်တွေနေရာယူလာပြီဆိုတော့ တစ်ညနေလောက်တော့ သွားကိုသွား အချိန်ပေးပြီး Chill လိုက်ကြဦးနော်။ မနက် ၇ နာရီမှ ည ၁၀ နာရီ ထိတဲ့နော်။

EiEiKhineMinn ( Akhayar)

www.akhayar.com