[Zawgyi]

သႀကၤန္မွာ အိမ္တြင္းပုန္းလုပ္ျဖစ္ခ်င္လုပ္ျဖစ္မယ္ဆိုတဲ့ ပိုင္တံခြန္

အႏုပညာေလာကမွာ ႏွစ္အေတာ္ၾကာေမာ္ဒယ္လ္အျဖစ္နဲ႔ စတင္ေလွ်ာက္လွမ္းလာခဲ့ရာမွ အခုဆိုရင္ မိန္းကေလးပရိသတ္အႀကိဳက္ ႏႈတ္ခမ္းနီမေလးေတြရဲ႕အသည္းစြဲ အားေပးခ်စ္ခင္မႈအျမင့္ဆုံးရရိွထားတဲ့သူကေတာ့ သရုပ္ေဆာင္ပိုင္တံခြန္ပဲျဖစ္ပါတယ္။ သူဟာ လတ္တေလာမွာေတာ့ တီဗီေၾကာ္ျငာေတြနဲ႔ သီခ်င္း MTV ေတြကို ရိုက္ကူးေနတယ္လို႔ သိရပါတယ္။ မၾကာခင္က်ေရာက္ေတာ့မယ့္ သႀကၤန္ရက္နဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကို သႀကၤန္ႏွစ္သစ္ဆုေတာင္းစကား ေျပာခဲ့ပါတယ္။

” ဒီႏွစ္သႀကၤန္ေတာ့ Oversea ထြက္ရင္လည္း ထြက္မယ္။ ဒါမွမဟုတ္ရင္ ျပည္တြင္းခရီးသြားရင္လည္း သြားျဖစ္မယ္။ မေသခ်ာေသးဘူးခင္ဗ်ာ။ Oversea က ေမာ္ဒိုက္ျဖစ္္မယ္။ ျပည္တြင္းဆိုရင္ေတာ့ မႏၱေလးျဖစ္ဖို႔မ်ားပါတယ္။ ဘယ္မွမသြားျဖစ္ရင္ေတာ့ အိမ္တြင္းပုန္းပဲလုပ္မွာပါ” လို႔ ဆိုပါတယ္။

သႀကၤန္နဲ႔ပတ္သက္တဲ့ အမွတ္တရကေတာ့ သႀကၤန္မွာ ရည္းစားရခဲ့တာကေတာ့ မွတ္မွတ္ရရပဲ။ ဒါေပမယ့္ ေနာက္ႏွစ္သႀကၤန္ေရာက္ေတာ့ အဲဒီရည္းစားနဲ႔ျပတ္သြားခဲ့တာကလည္း အမွတ္တရပါပဲခင္ဗ်ာ”တဲ့။ “သႀကၤန္မွာ ပရိသတ္ႀကီးအားလုံးပဲ ႏွစ္ေဟာင္းမွာလုပ္ခဲ့တဲ့ အျပစ္ေၾကြးေတြကိုေဆးေၾကာၿပီးေတာ့ ႏွစ္သစ္မွာ စိတ္သစ္၊ လူသစ္နဲ႔ ေပ်ာ္ႏိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္။ ေနာက္ၿပီး အေပ်ာ္ကေန အပ်က္ဘက္မေရာက္ေအာင္လို႔ အားလုံးပဲထိန္းၾကပါလို႔လည္း ေျပာခ်င္ပါတယ္” လို႔ဆိုၿပီး ႏွစ္သစ္ဆုေတာင္းစကား ဆိုသြားပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သင်္ကြန်မှာ အိမ်တွင်းပုန်းလုပ်ဖြစ်ချင်လုပ်ဖြစ်မယ်ဆိုတဲ့ ပိုင်တံခွန်

အနုပညာလောကမှာ နှစ်အတော်ကြာမော်ဒယ်လ်အဖြစ်နဲ့ စတင်လျှောက်လှမ်းလာခဲ့ရာမှ အခုဆိုရင် မိန်းကလေးပရိသတ်အကြိုက် နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ အားပေးချစ်ခင်မှုအမြင့်ဆုံးရရှိထားတဲ့သူကတော့ သရုပ်ဆောင်ပိုင်တံခွန်ပဲဖြစ်ပါတယ်။ သူဟာ လတ်တလောမှာတော့ တီဗီကြော်ငြာတွေနဲ့ သီချင်း MTV တွေကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။ မကြာခင်ကျရောက်တော့မယ့် သင်္ကြန်ရက်နဲ့ပတ်သက်ပြီး ပရိသတ်တွေကို သင်္ကြန်နှစ်သစ်ဆုတောင်းစကား ပြောခဲ့ပါတယ်။

” ဒီနှစ်သင်္ကြန်တော့ Oversea ထွက်ရင်လည်း ထွက်မယ်။ ဒါမှမဟုတ်ရင် ပြည်တွင်းခရီးသွားရင်လည်း သွားဖြစ်မယ်။ မသေချာသေးဘူးခင်ဗျာ။ Oversea က မော်ဒိုက်ဖြစ်မယ်။ ပြည်တွင်းဆိုရင်တော့ မန္တလေးဖြစ်ဖို့များပါတယ်။ ဘယ်မှမသွားဖြစ်ရင်တော့ အိမ်တွင်းပုန်းပဲလုပ်မှာပါ” လို့ ဆိုပါတယ်။

သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရကတော့ သင်္ကြန်မှာ ရည်းစားရခဲ့တာကတော့ မှတ်မှတ်ရရပဲ။ ဒါပေမယ့် နောက်နှစ်သင်္ကြန်ရောက်တော့ အဲဒီရည်းစားနဲ့ပြတ်သွားခဲ့တာကလည်း အမှတ်တရပါပဲခင်ဗျာ”တဲ့။ “သင်္ကြန်မှာ ပရိသတ်ကြီးအားလုံးပဲ နှစ်ဟောင်းမှာလုပ်ခဲ့တဲ့ အပြစ်ကြွေးတွေကိုဆေးကြောပြီးတော့ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ နောက်ပြီး အပျော်ကနေ အပျက်ဘက်မရောက်အောင်လို့ အားလုံးပဲထိန်းကြပါလို့လည်း ပြောချင်ပါတယ်” လို့ဆိုပြီး နှစ်သစ်ဆုတောင်းစကား ဆိုသွားပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။