[Zawgyi]

ေမာ္ဒယ္သရုပ္ေဆာင္ပိုင္တံခြန္က ေမြးေန႔အမွတ္တရအျဖစ္ ေတးသီခ်င္း (၅) ပုဒ္ပါဝင္တဲ့ မီနီေတးအယ္လ္ဘမ္ကို လာမယ့္ စက္တင္ဘာ ၁၇ ရက္မွာ ထြက္ရွိႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ့္ေမြးေန႔အမွတ္တရအျဖစ္ မီနီအယ္လ္ဘမ္ေလး ထုတ္ဖို႔႐ွိပါတယ္။ သီခ်င္းအမ်ိဳးအစားေတြကေတာ့ Pop နဲ႔ R&B ေလးေတြပါပဲ။ ဒီေခြေလးကို ကြၽန္ေတာ့္ေမြးေန႔ စက္တင္ဘာလ ၁၇ ရက္ေန႔အမီ ထြက္ႏိုင္ေအာင္ ကၽြန္ေတာ္ႀကိဳးစားေနပါတယ္။ အဓိကေတာ့ ကၽြန္ေတာ့္ပရိတ္သတ္ေတြအတြက္ အမွတ္တရေလးျဖစ္ေအာင္ ထုတ္ျဖစ္တာပါ”လို႔ ပိုင္တံခြန္ကေျပာပါတယ္။

ပိုင္တံခြန္အေနနဲ႔ လက္ရွိထြက္ရွိမယ့္ေတးစီးရီးကို ေတးသံရွင္တစ္ဦးအေနနဲ႔ ထုတ္ျဖစ္ခဲ့တာမဟုတ္ဘဲ အနာဂါတ္မွာလည္း သ႐ုပ္ေဆာင္အေနနဲ႔သာ ရပ္တည္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

“ကၽြန္ေတာ္ဝါသနာေလးကို ပရိသတ္ကိုခ်ျပခ်င္တဲ့အတြက္ သီခ်င္းဆိုျဖစ္ခဲ့တာပါ။ အဆိုေတာ္အေနနဲ႔ ရပ္တည္ဖို႔ေတာ့ မ႐ွိပါဘူး။ ကၽြန္ေတာ့္အဓိကရည္မွန္းခ်က္က ေမာ္ဒယ္နဲ႔ သရုပ္ေဆာင္တစ္ေယာက္အေနနဲ႔ပဲ ရပ္တည္သြားမွာပါ”လို႔ ပိုင္တံခြန္ကေျပာပါတယ္။

ပုိင္တံခြန္သည္ မႏၱေလးေမာ္ဒယ္သရုပ္ေဆာင္ၿပိဳင္ပြဲမွ တဆင့္ အႏုပညာေလာကကုိ စတင္ဝင္ေရာက္ခဲ့ၿပီး လိင္တူခ်စ္သူတုိ႔၏ ထူးျခားဆန္းၾကယ္ေသာ အခ်စ္ဇာတ္လမ္းကုိ ပံုေဖာ္ရုိက္ကူးထားတဲ့ သံမဏိေမြ႔ယာဇာတ္ကားနဲ႔ ပုိင္တံခြန္ကုိ သတိထားမိလာျခင္းျဖစ္ပါတယ္။

လက္ရွိမွာေတာ႔ ပိုင္တံခြန္အေနနဲ႔ ထိုင္းအေျခစိုက္ထုတ္လုပ္ေရးကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး ကုန္ပစၥည္း ေၾကာ္ညာေတြ႐ိုက္ကူးျဖစ္ေနသလို၊ ဇာတ္ကားေတြမွာလည္း ပါဝင္သရုပ္ေဆာင္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။HGID_KV_Ads_Square-42

www.akhayar.com

[Unicode]

မော်ဒယ်သရုပ်ဆောင်ပိုင်တံခွန်က မွေးနေ့အမှတ်တရအဖြစ် တေးသီချင်း (၅) ပုဒ်ပါဝင်တဲ့ မီနီတေးအယ်လ်ဘမ်ကို လာမယ့် စက်တင်ဘာ ၁၇ ရက်မှာ ထွက်ရှိနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

“ကျွန်တော့်မွေးနေ့အမှတ်တရအဖြစ် မီနီအယ်လ်ဘမ်လေး ထုတ်ဖို့ရှိပါတယ်။ သီချင်းအမျိုးအစားတွေကတော့ Pop နဲ့ R&B လေးတွေပါပဲ။ ဒီခွေလေးကို ကျွန်တော့်မွေးနေ့ စက်တင်ဘာလ ၁၇ ရက်နေ့အမီ ထွက်နိုင်အောင် ကျွန်တော်ကြိုးစားနေပါတယ်။ အဓိကတော့ ကျွန်တော့်ပရိတ်သတ်တွေအတွက် အမှတ်တရလေးဖြစ်အောင် ထုတ်ဖြစ်တာပါ”လို့ ပိုင်တံခွန်ကပြောပါတယ်။

ပိုင်တံခွန်အနေနဲ့ လက်ရှိထွက်ရှိမယ့်တေးစီးရီးကို တေးသံရှင်တစ်ဦးအနေနဲ့ ထုတ်ဖြစ်ခဲ့တာမဟုတ်ဘဲ အနာဂါတ်မှာလည်း သရုပ်ဆောင်အနေနဲ့သာ ရပ်တည်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်ဝါသနာလေးကို ပရိသတ်ကိုချပြချင်တဲ့အတွက် သီချင်းဆိုဖြစ်ခဲ့တာပါ။ အဆိုတော်အနေနဲ့ ရပ်တည်ဖို့တော့ မရှိပါဘူး။ ကျွန်တော့်အဓိကရည်မှန်းချက်က မော်ဒယ်နဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပဲ ရပ်တည်သွားမှာပါ”လို့ ပိုင်တံခွန်ကပြောပါတယ်။

ပိုင်တံခွန်သည် မန္တလေးမော်ဒယ်သရုပ်ဆောင်ပြိုင်ပွဲမှ တဆင့် အနုပညာလောကကို စတင်ဝင်ရောက်ခဲ့ပြီး လိင်တူချစ်သူတို့၏ ထူးခြားဆန်းကြယ်သော အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတဲ့ သံမဏိမွေ့ယာဇာတ်ကားနဲ့ ပိုင်တံခွန်ကို သတိထားမိလာခြင်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ပိုင်တံခွန်အနေနဲ့ ထိုင်းအခြေစိုက်ထုတ်လုပ်ရေးကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားပြီး ကုန်ပစ္စည်း ကြော်ညာတွေရိုက်ကူးဖြစ်နေသလို၊ ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။HGID_KV_Ads_Square-42

www.akhayar.com