[Zawgyi]

သႀကၤန္မွာ ၿမိဳ႕ေတာ္ဝန္မ႑ပ္မွာ သီခ်င္းသီိဆိုသြားမယ့္ အကယ္ဒမီပိုင္ၿဖိဳးသု

မၾကာေသးခင္ကမွ က်င္းပခဲ့တဲ့၂၀၁၇ ခုႏွစ္အတြက္ ျမန္မာ့ရုပ္ရွင္အကယ္ဒမီထူးခၽြန္ဆုေပးပြဲမွာ“သရဲမ ဘီလူးမႏွင့္ မိန္းမပ်ိဳ” ရုပ္ရွင္ဇာတ္ကားနဲ႔ အမ်ိဳးသမီးဇာတ္ပို႔ဆုကိုရရွိခဲ့တဲ့ ပိုင္ၿဖိဳးသုက ျမန္မာႏိုင္ငံရုပ္ရွင္အစည္းအရံုးရဲ႕ တာဝန္ေပးမႈနဲ႔ သႀကၤန္အတက္ေန႔မွာ ၿမိဳ႕ေတာ္ဝန္မ႑ပ္မွာ သီခ်င္းသီဆိုေဖ်ာ္ေျဖေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ေတးသီခ်င္းသီဆိုမႈနဲ႔ပတ္သက္ၿပီး ပိုင္ၿဖိဳးသုက ရုပ္ရွင္အစည္းအရံုးက လူႀကီးေတြက သူမရဲ႕အသံကို ယံုၾကည္ၿပီး သီခ်င္းသီဆိုေဖ်ာ္ေျဖဖုိ႔ ငွားရဲေၾကာင္းကို ဟာသေႏွာကာ “ ရုပ္ရွင္အစည္းအရံုးကလူႀကီးေတြမ်ားေလ မေၾကာက္မရြံ႕ သုသုမကို သႀကၤန္အတက္ေန႔ ၿမိဳ႕ေတာ္ဝန္မ႑ပ္မွာ သီခ်င္းဆိုဖို႔ တာဝန္ေပးတယ္။ အိမ္း.. သုသုမရဲ႕ Vocal အားႀကီးနဲ႔ေတာ့ေနာ္..ေတာ္ၾကာ အမ်ိဴးသမီးေရးရာျပဇာတ္တုန္းကလို အသံမ်ိဳးႀကီးထြက္ရင္ေတာ့ ဒိုးခပဲ” လို႔ သူမရဲ႕ေဖ့ဘုတ္စာမ်က္ႏွာထက္မွာ ေရးသားထားတာျဖစ္ပါတယ္။

သရုပ္ေဆာင္အကယ္ဒမီပိုင္ၿဖိဳးသုအေနနဲ႔ “အႏုပညာပ်ိဳးခင္း” အစီအစဥ္မွ ေရြးခ်ယ္စင္တင္ေပးခဲ့တဲ့သရုပ္ေဆာင္အနုပညာရွင္တစ္ဦးျဖစ္ကာ ဗီဒီယိုဇာတ္ကား ရုပ္ရွင္ဇာတ္ကားမ်ားစြာကိုလည္း ရိုက္ကူးရတဲ့သူတစ္ဦးအျဖစ္ အႏုပညာေလာကထဲမွာ ရပ္တည္ေနႏိုင္တဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္။

www.akhayr.com

[Unicode]

သင်္ကြန်မှာ မြို့တော်ဝန်မဏ္ဍပ်မှာ သီချင်းသီဆိုသွားမယ့် အကယ်ဒမီပိုင်ဖြိုးသု

မကြာသေးခင်ကမှ ကျင်းပခဲ့တဲ့၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ“သရဲမ ဘီလူးမနှင့် မိန်းမပျို” ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုကိုရရှိခဲ့တဲ့ ပိုင်ဖြိုးသုက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ တာဝန်ပေးမှုနဲ့ သင်္ကြန်အတက်နေ့မှာ မြို့တော်ဝန်မဏ္ဍပ်မှာ သီချင်းသီဆိုဖျော်ဖြေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

တေးသီချင်းသီဆိုမှုနဲ့ပတ်သက်ပြီး ပိုင်ဖြိုးသုက ရုပ်ရှင်အစည်းအရုံးက လူကြီးတွေက သူမရဲ့အသံကို ယုံကြည်ပြီး သီချင်းသီဆိုဖျော်ဖြေဖို့ ငှားရဲကြောင်းကို ဟာသနှောကာ “ ရုပ်ရှင်အစည်းအရုံးကလူကြီးတွေများလေ မကြောက်မရွံ့ သုသုမကို သင်္ကြန်အတက်နေ့ မြို့တော်ဝန်မဏ္ဍပ်မှာ သီချင်းဆိုဖို့ တာဝန်ပေးတယ်။ အိမ်း.. သုသုမရဲ့ Vocal အားကြီးနဲ့တော့နော်..တော်ကြာ အမျိူးသမီးရေးရာပြဇာတ်တုန်းကလို အသံမျိုးကြီးထွက်ရင်တော့ ဒိုးခပဲ” လို့ သူမရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားထားတာဖြစ်ပါတယ်။

သရုပ်ဆောင်အကယ်ဒမီပိုင်ဖြိုးသုအနေနဲ့ “အနုပညာပျိုးခင်း” အစီအစဉ်မှ ရွေးချယ်စင်တင်ပေးခဲ့တဲ့သရုပ်ဆောင်အနုပညာရှင်တစ်ဦးဖြစ်ကာ ဗီဒီယိုဇာတ်ကား ရုပ်ရှင်ဇာတ်ကားများစွာကိုလည်း ရိုက်ကူးရတဲ့သူတစ်ဦးအဖြစ် အနုပညာလောကထဲမှာ ရပ်တည်နေနိုင်တဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

www.akhayr.com