[Zawgyi]








ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

“အရုပ်ကျရာဆေးစက်ထင်” မှာ တွေ့ရဦးမယ့် ပိုင်ဖြိုးသု

“အရုပ်ကျရာဆေးစက်ထင်” ရုပ်ရှင်ဇာတ်ကားမှာ ပိုင်ဖြိုးသုရဲ ့သရုပ်ဆောင်မှုတွေကို ခံစားရဦးမှာပါ။ ပိုင်ဖြိုးသုဟာ သရုပ်ဆောင်တဲ့ အခါ သဘာဝကျကျသရုပ်ဆောင်တတ်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး သူမရဲ ့ပီပြင်တဲ့ သရုပ်ဆောင်မှုတွေ ကို ဒီဇာတ်ကားမှာလည်း တွေ့ရမှာပါ။

ဇာတ်ကားရိုက်ကူးဖို့ အတွက် ကန်တော့ပွဲပေးတဲ့ အခမ်းအနားကိုတက်ရောက်လာတဲ့ မြင်ကွင်းတချို့ကို ပြန်လည်ဖော်ပြပေးမှာဖြစ်ပါတယ်။ ပါဝင်ကြမယ့် သရုပ်ဆောင်တွေကတော့ ထွန်းအိန္ဒြာဗိုလ် ၊ ဒေါင်း ၊ ပိုင်ဖြိုးသု နဲ့ နေအောင်တို့ပါဝင်ပါတယ်။

“ဒီနေ့”အရုပ်ကျရာဆေးစက်ထင်”ဇာတ်ကားအတွက် ရွှေတိဂုံဘုရားမှာကန်တော့ပွဲ

ချစ်ရင်အသဲလေးပေးခဲ့” ဆိုပြီးတော့လည်း ပိုင်ဖြိုးသုက သူမရဲ ့လူမှုကွန်ရက်မှာ တင်ထားတာကို တွေ့ရပါတယ်။

ဇာတ်ကားနာမည် က “အရုပ်ကျရာဆေးစက်ထင်”ဆိုတော့ ပရိသတ်ကြီးစိတ်ထဲမှာ နည်းနည်း ထူးဆန်းနေသလို ခံစားမိမှာပါ။ မြန်မာစကားမှာ ဆေးစက်ကျရာ အရုပ်ထင် ဆိုတာပဲ ရှိတာဖြစ်တဲ့ အတွက် ဒီဇာတ်ကားရဲ ့နာမည် “အရုပ်ကျရာဆေးစက်ထင်” ဆိုတာကို ပါဝင်ကြတဲ့ သရုပ်ဆောင်တွေနဲ့ စီစဉ်သူတွေ ဘယ်လို ပုံဖော်ကြမလဲ ဆိုတာကတော့ အခုထဲ ကတောင်စိတ်ဝင်စားစရာကောင်းလို့နေပါတယ်။

Photo Credit:Paing Phyoe Thu (Amazing Grace)

ကြည်သာ (Akhayar)

www.akhayar.com