[Zawgyi]

“မီ”ဇာတ္ကားႀကီးကို ပရိသတ္ေရွ႕အျမန္ဆံုးေရာက္ေအာင္ တင္ဆက္ေပးသြားမယ္ဆိုတဲ့ ပုိင္ၿဖိဳးသု

စာေရးဆရာမႀကီးၾကည္ေအးရဲ႕ မီဝတၳဳကို ရုပ္ရွင္ဇာတ္ကားအျဖစ္ပံုေဖာ္ဖန္တီးခဲ့တဲ့ ပိုင္ၿဖိဳးသုက “မီ”ရုပ္ရွင္ဇာတ္ကားႀကီးကို ပရိသတ္ေတြအေရွ႕အျမန္ဆံုးေရာက္ေအာင္ တင္ဆက္ေပးသြားဖို႔ အစြမ္းကုန္ႀကိဳးစားေနတယ္လို႔ဆိုပါတယ္။ “မီရုုပ္ရွင္ဇာတ္ကားႀကီးကိုေတာ့ ေအာင္ျမင္စြာရိုုက္ကူးၿပီးပါၿပီ။ “မီ” ရုပ္ရွင္ဇာတ္ကားႀကီး ျဖစ္ေျမာက္ေရးအတြက္ စိတ္အား လူအားျဖင့္ ဝိုင္းဝန္ကူညီလုပ္ကိုင္ေပးခဲ့ၾကတဲ့ လုပ္ေဖာ္ကိုင္ဖက္၊ မိတ္ေဆြ၊ သူငယ္ခ်င္းမ်ားအားလံုုးကို ေက်းဇူးအထူးတင္ပါတယ္။ Post Production လုပ္ငန္းစဥ္ေတြကို ႀကိဳးစားလုပ္ေဆာင္ၿပီး “မီ” ရုုပ္ရွင္ဇာတ္ကားႀကီးကို ပရိသတ္ေရွ႕ကုိအျမန္ဆံုုးတင္ဆက္ေပးသြားဖို႔ သုသုတို႔ ႀကိဳးစားေနပါတယ္” လို႔ မီရုပ္ရွင္ဇာတ္ကားႀကီး ရံုအျမန္တင္ႏိုင္ဖို႔အတြက္ကို ပိုင္ၿဖိဳးသုကေျပာပါတယ္။

“မီ”ဇာတ္ေကာင္ကို အပီျပင္ဆံုးနဲ႔ အေကာင္းဆံုးျဖစ္ေအာင္လည္း ႀကိဳးစားသရုပ္ေဆာင္ခ့ဲရတဲ့အေၾကာင္းကို ပိုင္ၿဖိဳးသုက” ဒီဇာတ္ကားက သုသုကိုယ္တိုင္ အရမ္းကိုႀကိဳက္လို႔ ႐ိုက္ခဲ့တဲ့ဇာတ္ကားေလးပါ။ စာေရးဆရာမႀကီး ၾကည္ေအးက သုသုအႀကိဳက္ဆံုးစာေရးဆရာေတြထဲက တစ္ေယာက္အပါအဝင္ပါ။ ဒီထဲကဇာတ္ေကာင္ေနရာကို မပီျပင္မွာ အရမ္းစိုးရိမ္ခဲ႔တယ္။ က်န္းမာေရးမေကာင္းတဲ့အခန္းေတြဆို တကယ္ကိုပိန္ေအာင္ဆိုၿပီး ဝိတ္ေလ်ာ့လိုက္တာပါ။ အဓိက ဆရာမႀကီးၾကည္ေအးဝတၴဳက အရမ္းနာမည္ႀကီးခဲ့ေတာ့ အဲဒီဝတၴဳပ်က္သြားမွာအရမ္းေၾကာက္တယ္။ သုသုကိုယ္တိုင္ အရမ္းစိတ္ပူတယ္။ ကိုယ္ခ်စ္တဲ့အရာတစ္ခုကို ဖ်က္ဆီးပစ္တာမ်ဳိးျဖစ္မွာေၾကာက္တာေပါ့”လို႔ ဆိုပါတယ္။

သရုပ္ေဆာင္ပိုင္ၿဖိဳးသုသည္ အႏုပညာပ်ိဳးခင္းအစီအစဥ္က စင္တင္မင္းသမီးတစ္ဦးျဖစ္ၿပီး၊ သရုပ္ေဆာင္ပီျပင္မႈေၾကာင့္ ပရိသတ္ေတြလက္ခံခဲ့တဲ့ သရုပ္ေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။”မီ”႐ုပ္ရွင္ဇာတ္ကားကို ဇာတ္ညႊန္းနဲ႔ဒါ႐ိုက္တာအျဖစ္ ဒါရိုက္တာဏႀကီး႐ိုက္ကူးပံုေဖာ္ထားခဲ့ၿပီး သ႐ုပ္ေဆာင္မ်ားအျဖစ္ ေနတိုး၊ ရဲေအာင္၊ မင္းဦး၊ သားညီ၊ မင္းေသြးနဲ႔ ပိုင္ၿဖိဳးသုတို႔က ပါဝင္သ႐ုပ္ေဆာင္ထားၾကတာျဖစ္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

“မီ”ဇာတ်ကားကြီးကို ပရိသတ်ရှေ့အမြန်ဆုံးရောက်အောင် တင်ဆက်ပေးသွားမယ်ဆိုတဲ့ ပိုင်ဖြိုးသု

စာရေးဆရာမကြီးကြည်အေးရဲ့ မီဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ်ပုံဖော်ဖန်တီးခဲ့တဲ့ ပိုင်ဖြိုးသုက “မီ”ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေအရှေ့အမြန်ဆုံးရောက်အောင် တင်ဆက်ပေးသွားဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ဆိုပါတယ်။ “မီရုုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောင်မြင်စွာရိုုက်ကူးပြီးပါပြီ။ “မီ” ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်မြောက်ရေးအတွက် စိတ်အား လူအားဖြင့် ဝိုင်းဝန်ကူညီလုပ်ကိုင်ပေးခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေ၊ သူငယ်ချင်းများအားလုံုးကို ကျေးဇူးအထူးတင်ပါတယ်။ Post Production လုပ်ငန်းစဉ်တွေကို ကြိုးစားလုပ်ဆောင်ပြီး “မီ” ရုုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်ရှေ့ကိုအမြန်ဆုံုးတင်ဆက်ပေးသွားဖို့ သုသုတို့ ကြိုးစားနေပါတယ်” လို့ မီရုပ်ရှင်ဇာတ်ကားကြီး ရုံအမြန်တင်နိုင်ဖို့အတွက်ကို ပိုင်ဖြိုးသုကပြောပါတယ်။

“မီ”ဇာတ်ကောင်ကို အပီပြင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားသရုပ်ဆောင်ခဲ့ရတဲ့အကြောင်းကို ပိုင်ဖြိုးသုက” ဒီဇာတ်ကားက သုသုကိုယ်တိုင် အရမ်းကိုကြိုက်လို့ ရိုက်ခဲ့တဲ့ဇာတ်ကားလေးပါ။ စာရေးဆရာမကြီး ကြည်အေးက သုသုအကြိုက်ဆုံးစာရေးဆရာတွေထဲက တစ်ယောက်အပါအဝင်ပါ။ ဒီထဲကဇာတ်ကောင်နေရာကို မပီပြင်မှာ အရမ်းစိုးရိမ်ခဲ့တယ်။ ကျန်းမာရေးမကောင်းတဲ့အခန်းတွေဆို တကယ်ကိုပိန်အောင်ဆိုပြီး ဝိတ်လျော့လိုက်တာပါ။ အဓိက ဆရာမကြီးကြည်အေးဝတ္ထုက အရမ်းနာမည်ကြီးခဲ့တော့ အဲဒီဝတ္ထုပျက်သွားမှာအရမ်းကြောက်တယ်။ သုသုကိုယ်တိုင် အရမ်းစိတ်ပူတယ်။ ကိုယ်ချစ်တဲ့အရာတစ်ခုကို ဖျက်ဆီးပစ်တာမျိုးဖြစ်မှာကြောက်တာပေါ့”လို့ ဆိုပါတယ်။

သရုပ်ဆောင်ပိုင်ဖြိုးသုသည် အနုပညာပျိုးခင်းအစီအစဉ်က စင်တင်မင်းသမီးတစ်ဦးဖြစ်ပြီး၊ သရုပ်ဆောင်ပီပြင်မှုကြောင့် ပရိသတ်တွေလက်ခံခဲ့တဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။”မီ”ရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်းနဲ့ဒါရိုက်တာအဖြစ် ဒါရိုက်တာဏကြီးရိုက်ကူးပုံဖော်ထားခဲ့ပြီး သရုပ်ဆောင်များအဖြစ် နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ မင်းသွေးနဲ့ ပိုင်ဖြိုးသုတို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။