[Zawgyi]

ေဒါ႔မြန္အသင္းကို အငွားနဲ႔ ေျပာင္းေရႊ႕ခဲ႔တဲ႔ တိုက္စစ္မႈး အယ္လ္ကာဆာ Alcacer

ဘာစီလိုနာအသင္းတိုက္စစ္မႈး အယ္လ္ကာဆာ Alcacer ဟာ ဂ်ာမန္ဘြန္ဒစ္လီဂါကလပ္ ေဒါ႔မြန္အသင္းကို တစ္ရာသီအငွားနဲ႔ ေျပာင္းေရႊ႕ခဲ႔ပါတယ္။ အသက္(၂၄)ႏွစ္ အရြယ္ရိွျပီျဖစ္သူ အယ္လ္ကာဆာ Alcacer ဟာ ဗလင္စီယာအသင္းကေန ဘာစီလိုနာအသင္းကို ၂၀၁၆ ခုႏွစ္က ေပါင္သန္း(၃၀)နဲ႔ေျပာင္းေရႊ႕ခဲ႔သူပါ။ ဗလင္စီယာအသင္းမွာ ေျခစြမ္းေကာင္းေတြျပသႏိုင္ခဲ႔ေပမယ္႔ ဘာစီလိုနာအသင္းမွာေတာ႔ အယ္လ္ကာဆာ Alcacer ဟာ အရန္ခံုမွာပဲ အခ်ိန္ျဖဳန္းေနရတာေၾကာင္႔ အခုလိုအသင္းေျပာင္းေရႊ႕ခဲ႔တာပဲ ျဖစ္ပါတယ္။ အယ္လ္ကာဆာ Alcacer ရဲ႕ေျခစြမ္းေပၚမူတည္ျပီး ေဒါ႔မြန္အသင္းဟာ ရာသီကုန္ရင္ေပါင္(၂၅)သန္းနဲ႔ အျပီးသတ္ေခၚယူခြင္႔လည္းရိွပါတယ္။

Alcacer

Alcacer

ဘာစီလိုနာအသင္းအတြက္ ပြဲေပါင္း(၅၀)ကစားခဲ႔ျပီး သြင္းဂိုး(၁၅)ဂိုးသြင္းယူခဲ႔သူ အယ္လ္ကာဆာ Alcacer ဟာ အသက္ငယ္ရြယ္ေသးတာေၾကာင္႔ တိုးတက္မႈေတြရိွလာႏိုင္ေသးတဲ႔ ကစားသမားျဖစ္ျပီး လက္ရိွမွာအသင္းေျပာင္းေရႊ႕ခဲ႔တာဟာ မွန္ကန္တဲ႔လုပ္ရပ္လို႔ဆိုရမွာပါ။ အယ္လ္ကာဆာ Alcacer က ” ေဒါ႔မြန္အသင္းမွာကစားဖို႔ က်ြန္ေတာ္ တကယ္႔ကို ေစာင္႔ေမွ်ာ္ေနတာပါ။ ေဒါ႔မြန္အသင္းပရိသတ္ေတြရဲ႕ အားေပးပံုဟာ မယံုႏိုင္စရာပါ ” လို႔ေျပာၾကားခဲ႔ပါတယ္။

Ref: BBC Sport
Photo: Goal.com , Dortmund Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဒေါ့မွန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှုး အယ်လ်ကာဆာ Alcacer

ဘာစီလိုနာအသင်းတိုက်စစ်မှုး အယ်လ်ကာဆာ Alcacer ဟာ ဂျာမန်ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ အသက်(၂၄)နှစ် အရွယ်ရှိပြီဖြစ်သူ အယ်လ်ကာဆာ Alcacer ဟာ ဗလင်စီယာအသင်းကနေ ဘာစီလိုနာအသင်းကို ၂၀၁၆ ခုနှစ်က ပေါင်သန်း(၃၀)နဲ့ပြောင်းရွှေ့ခဲ့သူပါ။ ဗလင်စီယာအသင်းမှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းမှာတော့ အယ်လ်ကာဆာ Alcacer ဟာ အရန်ခုံမှာပဲ အချိန်ဖြုန်းနေရတာကြောင့် အခုလိုအသင်းပြောင်းရွှေ့ခဲ့တာပဲ ဖြစ်ပါတယ်။ အယ်လ်ကာဆာ Alcacer ရဲ့ခြေစွမ်းပေါ်မူတည်ပြီး ဒေါ့မွန်အသင်းဟာ ရာသီကုန်ရင်ပေါင်(၂၅)သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်လည်းရှိပါတယ်။

Alcacer

Alcacer

ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း(၅၀)ကစားခဲ့ပြီး သွင်းဂိုး(၁၅)ဂိုးသွင်းယူခဲ့သူ အယ်လ်ကာဆာ Alcacer ဟာ အသက်ငယ်ရွယ်သေးတာကြောင့် တိုးတက်မှုတွေရှိလာနိုင်သေးတဲ့ ကစားသမားဖြစ်ပြီး လက်ရှိမှာအသင်းပြောင်းရွှေ့ခဲ့တာဟာ မှန်ကန်တဲ့လုပ်ရပ်လို့ဆိုရမှာပါ။ အယ်လ်ကာဆာ Alcacer က ” ဒေါ့မွန်အသင်းမှာကစားဖို့ ကျွန်တော် တကယ့်ကို စောင့်မျှော်နေတာပါ။ ဒေါ့မွန်အသင်းပရိသတ်တွေရဲ့ အားပေးပုံဟာ မယုံနိုင်စရာပါ ” လို့ပြောကြားခဲ့ပါတယ်။

Ref: BBC Sport
Photo: Goal.com , Dortmund Twitter
Ko Kyue(Akhayar)
www.akhayar.com