[Zawgyi]

Pablo Escobar ရဲ႕ သက္ညႇာမႈေၾကာင့္ အသက္ခ်မ္းသာရာ ရခဲ့တဲ့ ပီ႐ူးအသင္းနည္းျပ

ကုိလံဘီယာႏုိင္ငံက မူးယစ္ရာဇာႀကီး ပတ္ဘလုိအက္စ္ကုိးဘား Pablo Escobar ရဲ႕ နာမည္က အခုအခ်ိန္အထိ ႏုိင္ငံတကာမွာ လႊမ္းမုိးထားေနဆဲ။ “The King of Cocaine” လုိ႔ အမည္ေျပာင္ရတဲ့ အက္စ္ကိုးဘားဟာ တစ္ေခတ္တစ္ခါတုန္းက မူးယစ္ေဆး၀ါးေလာကမွာ ေနလုိလလုိ ထင္ရွားခဲ့သူ၊ ရာဇ၀တ္ေကာင္ေတြထဲမွာ အခ်မ္းသာဆုံးအျဖစ္ ရပ္တည္ႏုိင္ခဲ့သူ။ ၁၉၉၃ ခုႏွစ္မွာ အသတ္ခံခဲ့ရတဲ့ အက္စ္ကုိးဘား ေသဆုံးတာ (၂၅)ႏွစ္နီးပါးရွိလာၿပီျဖစ္ေပမယ့္ သူ႔နာမည္ကေတာ့ အခုအခ်ိန္အထိ မေသေသးဘူး။ မေကာင္းတာေတြ အမ်ားႀကီး က်ဴးလြန္ခဲ့တဲ့ အက္စ္ကုိးဘားလုိ လူမ်ိဳးမွာ ေကာင္းကြက္ေလးတစ္ခုေတာ့ ရွိပါေသးတယ္။ အဲဒါကေတာ့ သူဟာ ေဘာလုံးအားကစားနည္းကုိ ႏွစ္သက္တဲ့သူျဖစ္ေနတာပါပဲ။ အဲဒီအခ်က္ေၾကာင့္ပဲ အခု ပီ႐ူးအသင္းကုိ ကုိင္တြယ္ေနတဲ့ နည္းျပ ရီကာဒုိဂါရီကာ Ricardo Gareca ဟာ ဒီေန႔အခ်ိန္အထိ အသက္ရွင္ခြင့္ ရခဲ့တာပါ။

Ricardo-Gareca

Ricardo-Gareca

အျဖစ္အပ်က္ကေတာ့ ဒီလုိပါ။ ကုိလံဘီယာႏုိင္ငံက Medellin မွာ အက္စ္ကုိးဘားတို႔ရဲ႕ မူးယစ္ဂုိဏ္းက တန္ခုိးထြားေနခ်ိန္ ၁၉၈၀ ကာလေတြမွာ ျဖစ္ပါတယ္။ သူတို႔နဲ႔ ၿပိဳင္ဘက္က Cali ေဒသအေျခစုိက္ မူးယစ္ဂုိဏ္းပါပဲ။ ဒီႏွစ္ဖဲြ႕ရဲ႕ အားၿပိဳင္မႈမွာ ေသြးေျမက်ခဲ့ရတာေတြ၊ အသက္ခ်င္းထပ္ခဲ့ရတာေတြက အမ်ားႀကီး။ Cali မွာရွိတဲ့ မူးယစ္ဂုိဏ္းဟာ အက္စ္ကုိးဘားရဲ႕ မိသားစုကုိ ဗုံးခဲြၿပီး လုပ္ႀကံသတ္ျဖတ္ဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ ကံေကာင္းေထာက္မစြာနဲ႔ လြတ္ေျမာက္ခဲ့ၿပီး အက္စ္ကုိးဘားဘက္က လူေတြ အေတာ္မ်ားမ်ား ေသခဲ့လုိ႔ လက္စားေခ်ဖုိ႔ ျပင္ဆင္ပါေတာ့တယ္။

Pablo-Escobar

Pablo-Escobar

အက္စ္ကုိးဘားရဲ႕ အဓိကပစ္မွတ္က Cali ေဒသအေျခစုိက္ကလပ္အသင္းျဖစ္တဲ့ America de Cali ပါပဲ။ အက္စ္ကုိးဘားတို႔ဘက္က America de Cali အသင္းရဲ႕ ဘတ္စ္ကားကုိ ဗုံးခဲြၿပီး တုံ႔ျပန္ဖုိ႔ စီစဥ္ခဲ့တယ္။ အဲဒီအခ်ိန္တုန္းက ရီကာဒုိဂါရီကာ (ပီ႐ူးအသင္းနည္းျပ)ဟာ America de Cali အသင္းမွာ ကစားေနတဲ့အခ်ိန္ပါ။ ဒါေပမဲ့ အက္စ္ကုိးဘားဟာ သူ ပထမစီစဥ္ထားတာကုိ ဖ်က္ခဲ့တယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အက္စ္ကုိးဘားဟာ ေဘာလုံး၀ါသနာအုိး တစ္ေယာက္ျဖစ္တာေၾကာင့္ အဲဒီအႀကံအစည္ကုိ ဖ်က္ခဲ့တာပဲျဖစ္ပါတယ္။

Jhon-Jairo-Velazquez

Jhon-Jairo-Velazquez

အဲဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး အက္စ္ကုိးဘားရဲ႕ လက္႐ုံးတစ္ဆူျဖစ္ခဲ့တဲ့ Jhon Jairo Velazquez ဆုိသူက အခုလုိဖြင့္ခ်ခဲ့ပါတယ္။ “Boss (အက္စ္ကုိးဘား)က America de Cali ကလပ္က ကစားသမားေတြ အားလုံးရဲ႕အေျခအေနကုိ ေစာင့္ၾကည့္ေနတာဗ်။ အဲဒီအခ်ိန္ကတည္း Cali ဘက္က ဂုိဏ္းနဲ႔ ကၽြန္ေတာ္တို႔ အျပန္အလွန္ ခ်ေနခ်ိန္ေပါ့။ အက္စ္ကုိးဘားရဲ႕ ပစ္မွတ္ထဲမွာ ရီကာဒုိဂါရီကာလည္း ပါတယ္။ ကၽြန္ေတာ္တို႔ဟာ Boss ရဲ႕ မိသားစု ခံခဲ့ရတဲ့အတိုင္း America de Cali အသင္းရဲ႕ဘတ္စ္ကားကုိ ဗုံးခဲြဖုိ႔ေတာင္ စီစဥ္ၿပီးသြားပါၿပီ။ ဒါေပမဲ့ ရီကာဒုိဂါရီကာ ကံေကာင္းခဲ့ပါတယ္။ Boss က ေဘာလုံး၀ါသနာအုိးျဖစ္တဲ့အတြက္ အဲဒီအႀကံကုိ အေကာင္အထည္ မေဖာ္ခဲ့တာပါ။ အဲဒီအခ်ိန္တုန္းက ကုိလံဘီယာေဘာလုံးေလာကမွာ ဒုစ႐ုိက္ဂုိးဏ္းေတြရဲ႕ လႊမ္းမုိးမႈက အေတာ္ႀကီးခဲ့တာဗ်”။ ဒါကေတာ့ အက္စ္ကုိးဘားရဲ႕ ေဘာလုံး၀ါသနာေၾကာင့္ America de Cali ကစားသမားေတြ အသက္ခ်မ္းသာရာရခဲ့တဲ့ အျဖစ္အပ်က္ပါပဲ။ ပရိသတ္ေတြလည္း ဒီအေၾကာင္းအရာကုိ ဖတ္ၿပီး ဗဟုသုတရေစမယ္လုိ႔ ေမွ်ာ္လင့္ပါတယ္ . .

REF:The Sun,Mirror,ronaldo.com
Photo:TyC Sports,The Sun,Mirror
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Pablo Escobar ရဲ့ သက်ညှာမှုကြောင့် အသက်ချမ်းသာရာ ရခဲ့တဲ့ ပီရူးအသင်းနည်းပြ

ကိုလံဘီယာနိုင်ငံက မူးယစ်ရာဇာကြီး ပတ်ဘလိုအက်စ်ကိုးဘား Pablo Escobar ရဲ့ နာမည်က အခုအချိန်အထိ နိုင်ငံတကာမှာ လွှမ်းမိုးထားနေဆဲ။ “The King of Cocaine” လို့ အမည်ပြောင်ရတဲ့ အက်စ်ကိုးဘားဟာ တစ်ခေတ်တစ်ခါတုန်းက မူးယစ်ဆေးဝါးလောကမှာ နေလိုလလို ထင်ရှားခဲ့သူ၊ ရာဇဝတ်ကောင်တွေထဲမှာ အချမ်းသာဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သူ။ ၁၉၉၃ ခုနှစ်မှာ အသတ်ခံခဲ့ရတဲ့ အက်စ်ကိုးဘား သေဆုံးတာ (၂၅)နှစ်နီးပါးရှိလာပြီဖြစ်ပေမယ့် သူ့နာမည်ကတော့ အခုအချိန်အထိ မသေသေးဘူး။ မကောင်းတာတွေ အများကြီး ကျူးလွန်ခဲ့တဲ့ အက်စ်ကိုးဘားလို လူမျိုးမှာ ကောင်းကွက်လေးတစ်ခုတော့ ရှိပါသေးတယ်။ အဲဒါကတော့ သူဟာ ဘောလုံးအားကစားနည်းကို နှစ်သက်တဲ့သူဖြစ်နေတာပါပဲ။ အဲဒီအချက်ကြောင့်ပဲ အခု ပီရူးအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ရီကာဒိုဂါရီကာ Ricardo Gareca ဟာ ဒီနေ့အချိန်အထိ အသက်ရှင်ခွင့် ရခဲ့တာပါ။

Ricardo-Gareca

Ricardo-Gareca

အဖြစ်အပျက်ကတော့ ဒီလိုပါ။ ကိုလံဘီယာနိုင်ငံက Medellin မှာ အက်စ်ကိုးဘားတို့ရဲ့ မူးယစ်ဂိုဏ်းက တန်ခိုးထွားနေချိန် ၁၉၈၀ ကာလတွေမှာ ဖြစ်ပါတယ်။ သူတို့နဲ့ ပြိုင်ဘက်က Cali ဒေသအခြေစိုက် မူးယစ်ဂိုဏ်းပါပဲ။ ဒီနှစ်ဖွဲ့ရဲ့ အားပြိုင်မှုမှာ သွေးမြေကျခဲ့ရတာတွေ၊ အသက်ချင်းထပ်ခဲ့ရတာတွေက အများကြီး။ Cali မှာရှိတဲ့ မူးယစ်ဂိုဏ်းဟာ အက်စ်ကိုးဘားရဲ့ မိသားစုကို ဗုံးခွဲပြီး လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်ခဲ့ပြီး အက်စ်ကိုးဘားဘက်က လူတွေ အတော်များများ သေခဲ့လို့ လက်စားချေဖို့ ပြင်ဆင်ပါတော့တယ်။

Pablo-Escobar

Pablo-Escobar

အက်စ်ကိုးဘားရဲ့ အဓိကပစ်မှတ်က Cali ဒေသအခြေစိုက်ကလပ်အသင်းဖြစ်တဲ့ America de Cali ပါပဲ။ အက်စ်ကိုးဘားတို့ဘက်က America de Cali အသင်းရဲ့ ဘတ်စ်ကားကို ဗုံးခွဲပြီး တုံ့ပြန်ဖို့ စီစဉ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ရီကာဒိုဂါရီကာ (ပီရူးအသင်းနည်းပြ)ဟာ America de Cali အသင်းမှာ ကစားနေတဲ့အချိန်ပါ။ ဒါပေမဲ့ အက်စ်ကိုးဘားဟာ သူ ပထမစီစဉ်ထားတာကို ဖျက်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အက်စ်ကိုးဘားဟာ ဘောလုံးဝါသနာအိုး တစ်ယောက်ဖြစ်တာကြောင့် အဲဒီအကြံအစည်ကို ဖျက်ခဲ့တာပဲဖြစ်ပါတယ်။

Jhon-Jairo-Velazquez

Jhon-Jairo-Velazquez

အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အက်စ်ကိုးဘားရဲ့ လက်ရုံးတစ်ဆူဖြစ်ခဲ့တဲ့ Jhon Jairo Velazquez ဆိုသူက အခုလိုဖွင့်ချခဲ့ပါတယ်။ “Boss (အက်စ်ကိုးဘား)က America de Cali ကလပ်က ကစားသမားတွေ အားလုံးရဲ့အခြေအနေကို စောင့်ကြည့်နေတာဗျ။ အဲဒီအချိန်ကတည်း Cali ဘက်က ဂိုဏ်းနဲ့ ကျွန်တော်တို့ အပြန်အလှန် ချနေချိန်ပေါ့။ အက်စ်ကိုးဘားရဲ့ ပစ်မှတ်ထဲမှာ ရီကာဒိုဂါရီကာလည်း ပါတယ်။ ကျွန်တော်တို့ဟာ Boss ရဲ့ မိသားစု ခံခဲ့ရတဲ့အတိုင်း America de Cali အသင်းရဲ့ဘတ်စ်ကားကို ဗုံးခွဲဖို့တောင် စီစဉ်ပြီးသွားပါပြီ။ ဒါပေမဲ့ ရီကာဒိုဂါရီကာ ကံကောင်းခဲ့ပါတယ်။ Boss က ဘောလုံးဝါသနာအိုးဖြစ်တဲ့အတွက် အဲဒီအကြံကို အကောင်အထည် မဖော်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ကိုလံဘီယာဘောလုံးလောကမှာ ဒုစရိုက်ဂိုးဏ်းတွေရဲ့ လွှမ်းမိုးမှုက အတော်ကြီးခဲ့တာဗျ”။ ဒါကတော့ အက်စ်ကိုးဘားရဲ့ ဘောလုံးဝါသနာကြောင့် America de Cali ကစားသမားတွေ အသက်ချမ်းသာရာရခဲ့တဲ့ အဖြစ်အပျက်ပါပဲ။ ပရိသတ်တွေလည်း ဒီအကြောင်းအရာကို ဖတ်ပြီး ဗဟုသုတရစေမယ်လို့ မျှော်လင့်ပါတယ် . .

REF:The Sun,Mirror,ronaldo.com
Photo:TyC Sports,The Sun,Mirror
Naing Linn(Akhayar)
www.akhayar.com