[Zawgyi]

ေ၀ဖန္မႈေတြ ခံေနရတဲ့ ဂ်ာမန္ကြင္းလယ္လူ အုိေဇးလ္ Ozil လက္ေရြးစင္အသင္းက အနားယူသြားၿပီ

ပရိသတ္ေတြရဲ႕ ေ၀ဖန္ျပစ္တင္မႈေတြနဲ႔ ရင္ဆုိင္ေနရတဲ့ အုိေဇးလ္ Ozil ဟာ ဂ်ာမနီလက္ေရြးစင္အသင္းကေန ႐ုတ္တရက္ အနားယူသြားၿပီျဖစ္ပါတယ္။ အုိေဇးလ္ဟာ ပရိသတ္ေတြရဲ႕ ေ၀ဖန္မႈအျပင္ ဂ်ာမန္ေဘာလုံးအဖဲြ႕ခ်ဳပ္(DFB)ရဲ႕ ဖိအားေပးမႈနဲ႔ ရင္ဆုိင္ခဲ့ရတာေၾကာင့္ လက္ေရြးစင္အသင္းကေန အနားယူဖုိ႔ ဆုံးျဖတ္လုိက္တာလည္းျဖစ္ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားမတိုင္ခင္တုန္းက အုိေဇးလ္ဟာ တူရကီသမၼတ အာဒုိဂန္ Erdogan နဲ႔ ေတြ႕ဆုံခဲ့ၿပီး အတူဓာတ္ပုံ႐ုိက္ကူးခဲ့တဲ့ျဖစ္ရပ္အေပၚ ဂ်ာမန္ေဘာလုံးအဖဲြ႕ခ်ဳပ္က ေ၀ဖန္ျပစ္တင္ခဲ့တယ္။ တခ်ိဳ႕က အုိေဇးလ္ဟာ အာဒုိဂန္ သမၼတေရြးေကာက္ပဲြမွာ အႏုိင္ရဖုိ႔အတြက္ တစ္စိတ္တစ္ပုိင္း ကူညီေပးခဲ့တယ္ဆုိၿပီး စြပ္စဲြခဲ့ၾကေပမယ့္ အုိေဇးလ္ကေတာ့ သူတို႔ႏွစ္ဦးဟာ ေဘာလုံးနဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြပဲ ေျပာဆုိခဲ့တယ္လုိ႔ တုံ႔ျပန္ခဲ့တယ္။

Ozil-was-lambasted-after-taking-a-picture-with-Turkish-president-Recep-Tayyip-Erdogan

Ozil-was-lambasted-after-taking-a-picture-with-Turkish-president-Recep-Tayyip-Erdogan

တူရကီအမ်ိဳးအႏြယ္က ဆင္းသက္လာတဲ့ အုိေဇးလ္ကုိ ဂ်ာမန္ပရိသတ္ေတြကပါ အျမင္မၾကည္ျဖစ္ခဲ့ၿပီး ကမၻာ႔ဖလားမတိုင္ခင္ ကစားခဲ့တဲ့ ေျခစမ္းပဲြမွာ ေလွာင္ေျပာင္ခဲ့ၾကသလုိ ကမၻာ႔ဖလားအုပ္စုေနာက္ဆုံးပဲြျဖစ္တဲ့ ေတာင္ကုိရီးယားနဲ႔ပဲြအၿပီးမွာလည္း ဂ်ာမန္ပရိသတ္ေတြနဲ႔ အုိေဇးလ္တို႔ ျပႆနာတက္ခဲ့ပါေသးတယ္။

Ozil-was-blamed-by-many-fans-

Ozil-was-blamed-by-many-fans-

လက္ေရြးစင္အသငး္က အနားယူခဲ့တဲ့ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး အုိေဇးလ္က “ၿပီးခဲ့တဲ့ျဖစ္ရပ္ေတြအေပၚ ေသေသခ်ာခ်ာ စဥ္းစားခဲ့ၿပီးေနာက္မွာေတာ့ ဂ်ာမနီလက္ေရြးစင္အသင္းအတြက္ ေနာက္ထပ္ ပါ၀င္ကစားေတာ့မွာ မဟုတ္ပါဘူး။ လူမ်ိဳးေရးခဲြျခားတာ၊ ေလးစားမႈမရွိတာေတြနဲ႔ ကၽြန္ေတာ္ ႀကံဳေတြ႕ခဲ့ရတယ္လုိ႔ ခံစားမိပါတယ္။ ဂ်ာမနီအသင္းအက်ႌကုိ ေလးစားဂုဏ္ယူတဲ့စိတ္အျပည့္နဲ႔ ၀တ္ဆင္ကစားခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ ၿပီးဆုံးသြားခဲ့ပါၿပီ။ ဂ်ာမနီေဘာလုံးအဖဲြ႕ခ်ဳပ္က ထိပ္တန္းတာ၀န္ရွိသူေတြဟာ ကၽြန္ေတာ့္ရဲ႕ မ်ိဳးႏြယ္ျဖစ္တ့ဲ တူရကီႏုိင္ငံကို မေလးစားခဲ့တဲ့အျပင္ ကၽြန္ေတာ့္ကုိလည္း ႏုိင္ငံေရး၀ါဒျဖန္႔မႈေတြမွာ ပါ၀င္တဲ့သူတစ္ေယာက္ျဖစ္ေအာင္ စြပ္စဲြခဲ့ၾကတယ္။ ဂ်ာမနီေဘာလုံးအဖဲြ႕ခ်ဳပ္ဥကၠ႒ ဂရင္ဒယ္လ္ Grindel နဲ႔ တာ၀န္ရွိသူေတြက ဂ်ာမနီအသင္းႏုိင္ရင္ ကၽြန္ေတာ္က ဂ်ာမန္၊ ႐ႈံးပဲြေတြ႕ခဲ့ရင္ေတာ့ ကၽြန္ေတာ္က တျခားႏုိင္ငံသားလုိ႔ ျမင္ခဲ့ၾကပါတယ္။ ဂ်ာမနီႏုိင္ငံမွာ သတ္မွတ္ထားတဲ့အခြန္ေတြ ေပးေဆာင္ခဲ့သလုိ စာသင္ေက်ာင္းေတြအတြက္ လွဴဒါန္းမႈေတြ လုပ္ခဲ့ၿပီး ဂ်ာမနီအသင္းနဲ႔အတူ ၂၀၁၄ ကမၻာ႔ဖလားခ်န္ပီယံဆုရယူခဲ့ေပမယ့္ ဒီလူ႔အသုိင္းအ၀ုိင္းမွာ ကၽြန္ေတာ့္ကုိ ဂ်ာမန္ျပည္သူအျဖစ္ လက္မခံၾကပါဘူး။။ ကၽြန္ေတာ့္ကုိ လူမ်ိဳးျခားတစ္ေယာက္လုိပဲ ဆက္ဆံခဲ့ၾကပါတယ္”လုိ႔ သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ျပင္းျပင္းထန္ထန္ တုံ႔ျပန္ခဲ့တယ္။

Ozil-With-2014-FIFA-World-Cup

Ozil-With-2014-FIFA-World-Cup

အသက္(၂၉)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အုိေဇးလ္ဟာ ဂ်ာမနီအသင္းမွာ ၂၀၀၉ ခုႏွစ္က စတင္ေရြးခ်ယ္ခံခဲ့ရၿပီး လက္ေရြးစင္ကစားသမားဘ၀ (၉)ႏွစ္တာကာလအတြင္း အသင္းအတြက္ (၉၂)ပဲြကစား၊ (၂၃)ဂုိးသြင္းယူခဲ့သလုိ ယူ-၂၁အသင္းနဲ႔ ဥေရာပခ်န္ပီယံရွစ္ဖလား၊ စီနီယာအသင္းနဲ႔အတူ ၂၀၁၄ ကမၻာ႔ဖလားခ်န္ပီယံဆုေတြ ရယူႏုိင္ခဲ့သူျဖစ္ပါတယ္။

REF:The Sun
Photo:The Sun,Washington Post
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဝေဖန်မှုတွေ ခံနေရတဲ့ ဂျာမန်ကွင်းလယ်လူ အိုဇေးလ် Ozil လက်ရွေးစင်အသင်းက အနားယူသွားပြီ

ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အိုဇေးလ် Ozil ဟာ ဂျာမနီလက်ရွေးစင်အသင်းကနေ ရုတ်တရက် အနားယူသွားပြီဖြစ်ပါတယ်။ အိုဇေးလ်ဟာ ပရိသတ်တွေရဲ့ ဝေဖန်မှုအပြင် ဂျာမန်ဘောလုံးအဖွဲ့ချုပ်(DFB)ရဲ့ ဖိအားပေးမှုနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် လက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမတိုင်ခင်တုန်းက အိုဇေးလ်ဟာ တူရကီသမ္မတ အာဒိုဂန် Erdogan နဲ့ တွေ့ဆုံခဲ့ပြီး အတူဓာတ်ပုံရိုက်ကူးခဲ့တဲ့ဖြစ်ရပ်အပေါ် ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ဝေဖန်ပြစ်တင်ခဲ့တယ်။ တချို့က အိုဇေးလ်ဟာ အာဒိုဂန် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် တစ်စိတ်တစ်ပိုင်း ကူညီပေးခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့ကြပေမယ့် အိုဇေးလ်ကတော့ သူတို့နှစ်ဦးဟာ ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲ ပြောဆိုခဲ့တယ်လို့ တုံ့ပြန်ခဲ့တယ်။

Ozil-was-lambasted-after-taking-a-picture-with-Turkish-president-Recep-Tayyip-Erdogan

Ozil-was-lambasted-after-taking-a-picture-with-Turkish-president-Recep-Tayyip-Erdogan

တူရကီအမျိုးအနွယ်က ဆင်းသက်လာတဲ့ အိုဇေးလ်ကို ဂျာမန်ပရိသတ်တွေကပါ အမြင်မကြည်ဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားမတိုင်ခင် ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ လှောင်ပြောင်ခဲ့ကြသလို ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ တောင်ကိုရီးယားနဲ့ပွဲအပြီးမှာလည်း ဂျာမန်ပရိသတ်တွေနဲ့ အိုဇေးလ်တို့ ပြဿနာတက်ခဲ့ပါသေးတယ်။

Ozil-was-blamed-by-many-fans-

Ozil-was-blamed-by-many-fans-

လက်ရွေးစင်အသင်းက အနားယူခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အိုဇေးလ်က “ပြီးခဲ့တဲ့ဖြစ်ရပ်တွေအပေါ် သေသေချာချာ စဉ်းစားခဲ့ပြီးနောက်မှာတော့ ဂျာမနီလက်ရွေးစင်အသင်းအတွက် နောက်ထပ် ပါဝင်ကစားတော့မှာ မဟုတ်ပါဘူး။ လူမျိုးရေးခွဲခြားတာ၊ လေးစားမှုမရှိတာတွေနဲ့ ကျွန်တော် ကြုံတွေ့ခဲ့ရတယ်လို့ ခံစားမိပါတယ်။ ဂျာမနီအသင်းအကျႌကို လေးစားဂုဏ်ယူတဲ့စိတ်အပြည့်နဲ့ ဝတ်ဆင်ကစားခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဂျာမနီဘောလုံးအဖွဲ့ချုပ်က ထိပ်တန်းတာဝန်ရှိသူတွေဟာ ကျွန်တော့်ရဲ့ မျိုးနွယ်ဖြစ်တဲ့ တူရကီနိုင်ငံကို မလေးစားခဲ့တဲ့အပြင် ကျွန်တော့်ကိုလည်း နိုင်ငံရေးဝါဒဖြန့်မှုတွေမှာ ပါဝင်တဲ့သူတစ်ယောက်ဖြစ်အောင် စွပ်စွဲခဲ့ကြတယ်။ ဂျာမနီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရင်ဒယ်လ် Grindel နဲ့ တာဝန်ရှိသူတွေက ဂျာမနီအသင်းနိုင်ရင် ကျွန်တော်က ဂျာမန်၊ ရှုံးပွဲတွေ့ခဲ့ရင်တော့ ကျွန်တော်က တခြားနိုင်ငံသားလို့ မြင်ခဲ့ကြပါတယ်။ ဂျာမနီနိုင်ငံမှာ သတ်မှတ်ထားတဲ့အခွန်တွေ ပေးဆောင်ခဲ့သလို စာသင်ကျောင်းတွေအတွက် လှူဒါန်းမှုတွေ လုပ်ခဲ့ပြီး ဂျာမနီအသင်းနဲ့အတူ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဆုရယူခဲ့ပေမယ့် ဒီလူ့အသိုင်းအဝိုင်းမှာ ကျွန်တော့်ကို ဂျာမန်ပြည်သူအဖြစ် လက်မခံကြပါဘူး။။ ကျွန်တော့်ကို လူမျိုးခြားတစ်ယောက်လိုပဲ ဆက်ဆံခဲ့ကြပါတယ်”လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တယ်။

Ozil-With-2014-FIFA-World-Cup

Ozil-With-2014-FIFA-World-Cup

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုဇေးလ်ဟာ ဂျာမနီအသင်းမှာ ၂၀၀၉ ခုနှစ်က စတင်ရွေးချယ်ခံခဲ့ရပြီး လက်ရွေးစင်ကစားသမားဘ၀ (၉)နှစ်တာကာလအတွင်း အသင်းအတွက် (၉၂)ပွဲကစား၊ (၂၃)ဂိုးသွင်းယူခဲ့သလို ယူ-၂၁အသင်းနဲ့ ဥရောပချန်ပီယံရှစ်ဖလား၊ စီနီယာအသင်းနဲ့အတူ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။

REF:The Sun
Photo:The Sun,Washington Post
Naing Linn(Akhayar)
www.akhayar.com