[Zawgyi]



Healer Mercy’s New Skin



2B (Akhayar)

www.akhayar.com

Ref: Engadget


[Unicode]

ဒေါ်လာ ၁၂ သန်း ထောက်ပံ့လိုက်တဲ့ Overwatch ဟီးရိုးလေး Healer Mercy

Overwatch ဂိမ်းရေးဆွဲသူ Blizzard အနေနဲ့ ပြီးခဲတဲ့ မေလတုန်းက Healer Mercy ရဲ့အပန်းရောင် Skin အသစ်ကို ၁၅ ဒေါ်လာနဲ့ ရောင်းချပေးခဲ့ပါတယ်။ ဒီငွေကြေးလေးဟာ Breast Cancer Research Foundation (BCRF) ရဲ့ သုတေသုန လုပ်ငန်း ထောက်ပံ့ဖို့ မဆိုစလောက် ပမာဏလေးဆိုပေမယ့် Mercy လေးက လူသားအကျိုးပြု ဂိမ်းဟီးရိုးတစ်ကောင် ဖြစ်လာခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ အချိန်တိုအတွင်း ရရှိခဲ့တဲ့ Mercy Skin ရောင်းရငွေ ဒေါ်လာ ၁၂.၇ သန်းလုံးကို BCRF အတွက် ထောက်ပံ့ခဲ့လို့ပါ။ BCRF အဆိုအရ၂၅ နှစ်တာကာလအတွင်း အများဆုံး ရရှိခဲ့တဲ့ ထောက်ပံ့ငွေဖြစ်ပြီး Overwatch ဟီးရိုးလေးကို ချီးမွမ်းစကားပြောဆိုနေပါပြီ။

Healer Mercy’s New Skin

ဒီလို ရောင်းအားတက်စေခဲ့တဲ့ အချက်တွေထဲမှာ Player တချို့ ဒေါ်လာ ၃၀ တန် Limited Edition တီရှပ်ကို Overwatch ရဲ့ Community Artist ကနေ ဝယ်ယူခဲ့တာလည်း ပါပါတယ်။ ဒါ့အပြင် ၂ ပတ်ဆက်တိုက် ကျင်းပခဲ့တဲ့ Overwatch Campaign တွေမှာလည်း ဒေါ်လာ ၁၃၀,၀၀၀ အထိ ဝင်ငွေရစေခဲ့တဲ့ In-game Streamers တွေကြောင့်လည်း ဝင်ငွေပိုရခဲ့တာပါ။ အခုလို  ရသမျှ ဝင်ငွေအားလုံးက်ု BCRF အတွက် ထောက်ပံ့ခဲ့လို့ Healer ဆိုတဲ့ နာမည်နဲ့ ပိုပြီးလိုက်ဖက်သွားပြီလို့ ဆိုရမှာပါ။ တကယ်လည်း Overwatch ဟီးရိုးလေးဟာ လူချစ်လူခင်အများဆုံး ဂိမ်းဇာတ်ကောင်ဖြစ်လာခဲ့သလို မကြာသေးခင်က မိတ်ဆက်ထားတဲ့ Wrecking Ball Skin အသစ်နဲ့ Huston Outlaws ကရော Mercy လို အပြင်မှာ ဟီးရိုးဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Healer Mercy ဟီးရိုးအတွက် BCRF ဂုဏ်ပြုထားတဲ့ ဗီဒီယိုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

2B (Akhayar)

www.akhayar.com

Ref: Engadget

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။