[ZawGyi]

Lululemon ကိုေက်ာ္တက္သြားႏိုင္တဲ႔ Outdoor Voices ရဲ႕Founder Tyler Haney

Outdoor Voices ဆိုတာ Athletic Wear ေတြထုတ္တဲ႔ ကုမၸဏီတစ္ခုျဖစ္ျပီး လူငယ္ေတြၾကားမွာ Workout ခ်စ္သူေတြၾကားမွာေရပန္းစားလာတဲ႔ Brand တစ္ခုပါ။ အရည္အေသြးေကာင္းျပီး Idea ေကာင္းေတြနဲ႔ ေစ်းကြက္ကိုထိုးေဖာက္လာႏိုင္တဲ႔ ဒီ Brand ကိုစတင္သူကေတာ႔ အသက္ ၂၉ ႏွစ္သာရွိေသးတဲ႔ Tyler Haney ပဲျဖစ္ပါတယ္။ အမ်ိဳးသားေတြသာၾကီးစိုးေနတဲ႔ အားကစားဝတ္စံုထုတ္လုပ္မႈအပိုင္းမွာ သူမကပထမဆံုးေသာစြန္႔ဦးတီထြင္အမ်ိဳးသမီးတစ္ေယာက္ျဖစ္လာခဲ႔တာပါ။ ဒါအျပင္ အမ်ိဳးသမီးေတြရဲ႕လုိအပ္ခ်က္ကိုသိတဲ႔ သူမရဲ႕စိတ္ကူးေကာင္းတစ္ခုက အားလံုးကိုေက်ာ္တက္သြားႏိုင္ခဲ႔တာပဲျဖစ္ပါတယ္။ အခုဆုိရင္ Outdoor Voices ဆုိင္ေပါင္း ၇ ဆုိင္ရွိထားျပီး New York ၊ Californiaည၊ Texas ၊ Aspen နဲ႔ Coloradoတုိ႔မွာဖြင္႔လွစ္ထားတာျဖစ္ပါတယ္။ Outdoor Voices မွာေတာ႔ ေျပးျခင္း၊ တင္းနက္စ္၊ ေယာဂ၊ ေခြးေလးနဲ႔လမ္းေလွ်ာက္၊ ေတာင္တက္၊ ေရကူး စသျဖင္႔ Activities တစ္ခုခ်င္းစီအတြက္ သီးသန္႔ထုတ္ကုန္ေတြရွိသလုိ အမ်ိဳးသားေတြအတြက္ပါရရွိႏိုင္ပါျပီ။

Founder Tyler Haney

Founder Tyler Haney

Outdoor Voices ရဲ႕ထူးျခားခ်က္က ဘယ္လုိ လႈပ္ရွားမႈမ်ိဳးနဲ႔မဆုိအဆင္ေျပသင္႔ေတာ္ေနျခင္းပါပဲ။ Tyler Haney ရဲ႕စိတ္ကူးက ရိုးရွင္းပါတယ္။ Outdoor Voices ကို ကမၻာ႔နံပါတ္ ၁ ျဖစ္ခ်င္တယ္ဆုိတဲ႔ရည္ရြယ္ခ်က္ပါပဲ။ Lululemon နဲ႔ Under Armour လုိမ်ိဳးနာမည္ၾကီး Brand ေတြကိုေက်ာ္တက္ခ်င္တဲ႔ ဆႏၵလည္းပါပါတယ္။

outdoor-voices-shop

outdoor-voices-shop

ဒီလိုစိတ္ကူးေတြရွိခဲ႔တဲ႔ သူမကျပင္းျပင္းထန္ထန္ၾကိဳးစားမႈေတြနဲ႔ ၅ ႏွစ္အတြင္းမွာပဲ အေမရိကန္ေဒၚလာ ၅၆.၄ သန္းအထိရင္းႏွီးျမွဳပ္ႏွံမႈရသြားခဲ႔တာပါ။ သူမရဲ႕ ဒီ Brand အေပၚမွာ အဓိကရင္းႏွီးေငြထုတ္ေပးတာကေတာ႔ Google Ventures ပါပဲ။ “အဓိကကၽြန္မရဲ႕ ရည္ရြယ္ခ်က္ကလူေတြ ကိုယ္လက္လႈပ္ရွားမႈ မ်ားမ်ားျပဳလုပ္ျဖစ္ျပီး ပိုမိုေကာင္းမြန္တဲ႔ဘဝကိုရရွိဖုိ႔ပါ။ ကၽြန္မတို႔ Brand ဟာ ဖက္ရွင္ Brand မဟုတ္တဲ႔အတြက္ လွပျခင္းဘက္ကိုအာရံုမထားဘဲ ေခၽြးမ်ားမ်ားထြက္ေစဖုိ႔နဲ႔ သက္ေသာင္႔သက္သာရွိေစဖုိ႔ကို ဦးတည္ပါတယ္” လုိ႔ Tyler Haney ကေျပာပါတယ္။

Outdoor-Voices

Outdoor-Voices

Outdoor Voices ကိုတည္ေထာင္ျဖစ္ဖုိ႔ စိတ္ကူးျဖစ္ခဲ႔တာက သူမကိုယ္တုိင္ကလည္း အားကစားသမားျဖစ္ခဲ႔လုိ႔ပါ။ လႈပ္လႈပ္ရွားရွားအားကစားလုပ္သူေတြအတြက္ သူတုိ႔ဝတ္ရတဲ႔ဝတ္စံုဟာ ေပါ႔ပါးခိုင္ခ႔ံဖုိ႔ သက္ေသာင္႔သက္သာရွိဖုိ႔လုိတယ္ဆုိတာ သူမခံစားသိရွိတာမုိ႔ Outdoor Voices ကိုထူေထာင္ခဲ႔တာျဖစ္ပါတယ္။ Colorado မွာေနထိုင္တဲ႔ သူမက မိသားစုကိုထားရစ္ခဲ႔ျပီး New York မွာ Art and Design School ကိုတက္ေရာက္ရာကေန ခုလိုေအာင္ျမင္တဲ႔ ဘဝကိုရရွိႏိုင္ခဲ႔တာပဲျဖစ္ပါတယ္။

TylerHaneyTechCrunchDisruptNY2017Day

TylerHaneyTechCrunchDisruptNY2017Day

သူမရဲ႕ Brand အတြက္သူမက အရည္အေသြးမက်ဖုိ႔ကိုပဲဦးတည္ထားျပီး Discount ေပးတာမ်ိဳးလံုးဝလုပ္ေလ႔မရွိပါဘူး။ “လူတစ္ေယာက္က အရည္အေသြးစစ္မွန္တဲ႔ ပစၥည္းကိုပဲလုိခ်င္တယ္။ ကိုယ္ကလည္း ဒီအရည္အေသြးေကာင္းကိုေပးႏိုင္တယ္ဆုိရင္ ဒါဟာ လံုေလာက္ပါျပီ။ ေစ်းေလွ်ာ႔ေရာင္းတာေတြ Promotion ေတြမလိုဘူးလုိ႔ ကၽြန္မယူဆတယ္” သူမကေျပာထားပါတယ္။

Outdoor Voices ကိုေတာ႔သူမကလူမႈကြန္ရက္ကိုအသံုးျပဳျပီး Brand ကိုထိုးေဖာက္တာျဖစ္ပါတယ္။ Outdoor Voices ကိုဝတ္ျပီး အားကစားလုပ္ရတာတကယ္သက္ေသာင္႔သက္သာရွိတယ္ဆုိရင္ ဓာတ္ပံုေလးရိုက္ျပီးလူမႈကြန္ရက္ေပၚကေန ျပန္မွ်ေဝခိုင္းတာပါ။ ဒီလို တစ္ေယာက္ပံုကို အျခားတစ္ေယာက္ကျမင္ေတြ႔ျပီးစိတ္ဝင္စားလာကာ ေရာင္းအားတက္ေစျခင္းပဲျဖစ္ပါတယ္။ Outdoor Voices ကို Harry Styles ၊ Natalie Portman ၊ Frank Ocean ၊ Gwyneth Paltrow နဲ႔ Olympic စကိတ္သမား Nina Lussi တုိ႔ကလည္း အားေပးဝတ္ဆင္ပါတယ္။

ခုလုိေအာင္ျမင္လာတဲ႔သူမကို Nike လိုမ်ိဳးေနာက္ထပ္ Brand တစ္ခုျဖစ္လာေအာင္ ထူေထာင္ေတာ႔မလားရယ္လို႔ေမွ်ာ္လင္႔ေနၾကေပမယ္႔ သူမက “ကၽြန္မတို႔ကကိုယ္႔ကစားနည္းမွာ ကိုယ္႔စည္းမ်ဥ္းနဲ႔ကိုယ္တည္ေဆာက္ျပီးေနၾကတာပါ။ ကၽြန္မ Nike ကိုစိတ္မဝင္စားသလုိ သူတုိ႔လုိ႔လုပ္ဖုိ႔လည္းဆႏၵမရွိဘူး။ Outdoor Voices ကိုပဲ အရင္ထက္ပိုေကာင္းေအာင္ တည္ေဆာက္သြားမွာပါ” လို႔ေျပာခဲ႔တာျဖစ္ပါတယ္။

Founder Tyler Haney with OV

Founder Tyler Haney with OV

သူမကို လူေတြေနာက္ထပ္စိတ္ဝင္တစားရွိသြားေစတဲ႔အေၾကာင္းကေတာ႔Tesla နဲ႔ SpaceX တည္ေထာင္သူ Elon Musk နဲ႔တြဲခုတ္ေနတယ္ဆုိတဲ႔ သတင္းေၾကာင္႔ပါ။ သူမက ဒါကိုျငင္းဆိုခဲ႔ျပီး “Elon Musk ကကၽြန္မေလးစားအားက်ရတဲ႔သူ၊ ကၽြန္မရဲ႕ ဟီးရိုးပါ။ ခ်စ္ၾကိဳက္ေနတယ္ဆုိတာ မဟုတ္ပါဘူး။ သူနဲ႔စကားေျပာျဖစ္တယ္ အခ်ိန္ျဖဳန္းတယ္ဆုိတာက သူဘယ္လုိေတြးေခၚလဲ ဘယ္လုိဆံုးျဖတ္လဲဆိုတာကို သိနားလည္ခ်င္ပညာယူခ်င္လုိ႔ပါ” လုိ႔ဖြင္႔ဟထားပါတယ္။

သူမကေတာ႔ Outdoor Voices ရဲ႕ေနာက္ထပ္ဆုိင္ေတြကို ျမိဳ႕ေတြအမ်ားၾကီးမွာထပ္ဖြင္႔ႏိုင္ဖုိ႔အတြက္ လုပ္ေဆာင္စရာေတြအျပည္႔နဲ႔ဆက္လက္ၾကိဳးစားလ်က္ပါ။ ဒါေၾကာင္႔ လူငယ္ေတြလည္းအားမေလွ်ာ႔ပါနဲ႔။ ကိုယ္႔ရဲ႕Idea ေကာင္းရင္ေကာင္းသလုိ အခြင္႔အလမ္းေကာင္းေတြအမ်ားၾကီးရလာပါလိမ္႔မယ္။

www.akhayar.com

[Unicode]

Lululemon ကိုကျော်တက်သွားနိုင်တဲ့ Outdoor Voices ရဲ့Founder Tyler Haney

Outdoor Voices ဆိုတာ Athletic Wear တွေထုတ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး လူငယ်တွေကြားမှာ Workout ချစ်သူတွေကြားမှာရေပန်းစားလာတဲ့ Brand တစ်ခုပါ။ အရည်အသွေးကောင်းပြီး Idea ကောင်းတွေနဲ့ ဈေးကွက်ကိုထိုးဖောက်လာနိုင်တဲ့ ဒီ Brand ကိုစတင်သူကတော့ အသက် ၂၉ နှစ်သာရှိသေးတဲ့ Tyler Haney ပဲဖြစ်ပါတယ်။ အမျိုးသားတွေသာကြီးစိုးနေတဲ့ အားကစားဝတ်စုံထုတ်လုပ်မှုအပိုင်းမှာ သူမကပထမဆုံးသောစွန့်ဦးတီထွင်အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့တာပါ။ ဒါအပြင် အမျိုးသမီးတွေရဲ့လိုအပ်ချက်ကိုသိတဲ့ သူမရဲ့စိတ်ကူးကောင်းတစ်ခုက အားလုံးကိုကျော်တက်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင် Outdoor Voices ဆိုင်ပေါင်း ၇ ဆိုင်ရှိထားပြီး New York ၊ Californiaည၊ Texas ၊ Aspen နဲ့ Coloradoတို့မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ Outdoor Voices မှာတော့ ပြေးခြင်း၊ တင်းနက်စ်၊ ယောဂ၊ ခွေးလေးနဲ့လမ်းလျှောက်၊ တောင်တက်၊ ရေကူး စသဖြင့် Activities တစ်ခုချင်းစီအတွက် သီးသန့်ထုတ်ကုန်တွေရှိသလို အမျိုးသားတွေအတွက်ပါရရှိနိုင်ပါပြီ။

Founder Tyler Haney

Founder Tyler Haney

Outdoor Voices ရဲ့ထူးခြားချက်က ဘယ်လို လှုပ်ရှားမှုမျိုးနဲ့မဆိုအဆင်ပြေသင့်တော်နေခြင်းပါပဲ။ Tyler Haney ရဲ့စိတ်ကူးက ရိုးရှင်းပါတယ်။ Outdoor Voices ကို ကမ္ဘာ့နံပါတ် ၁ ဖြစ်ချင်တယ်ဆိုတဲ့ရည်ရွယ်ချက်ပါပဲ။ Lululemon နဲ့ Under Armour လိုမျိုးနာမည်ကြီး Brand တွေကိုကျော်တက်ချင်တဲ့ ဆန္ဒလည်းပါပါတယ်။

outdoor-voices-shop

outdoor-voices-shop

ဒီလိုစိတ်ကူးတွေရှိခဲ့တဲ့ သူမကပြင်းပြင်းထန်ထန်ကြိုးစားမှုတွေနဲ့ ၅ နှစ်အတွင်းမှာပဲ အမေရိကန်ဒေါ်လာ ၅၆.၄ သန်းအထိရင်းနှီးမြှုပ်နှံမှုရသွားခဲ့တာပါ။ သူမရဲ့ ဒီ Brand အပေါ်မှာ အဓိကရင်းနှီးငွေထုတ်ပေးတာကတော့ Google Ventures ပါပဲ။ “အဓိကကျွန်မရဲ့ ရည်ရွယ်ချက်ကလူတွေ ကိုယ်လက်လှုပ်ရှားမှု များများပြုလုပ်ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝကိုရရှိဖို့ပါ။ ကျွန်မတို့ Brand ဟာ ဖက်ရှင် Brand မဟုတ်တဲ့အတွက် လှပခြင်းဘက်ကိုအာရုံမထားဘဲ ချွေးများများထွက်စေဖို့နဲ့ သက်သောင့်သက်သာရှိစေဖို့ကို ဦးတည်ပါတယ်” လို့ Tyler Haney ကပြောပါတယ်။

Outdoor-Voices

Outdoor-Voices

Outdoor Voices ကိုတည်ထောင်ဖြစ်ဖို့ စိတ်ကူးဖြစ်ခဲ့တာက သူမကိုယ်တိုင်ကလည်း အားကစားသမားဖြစ်ခဲ့လို့ပါ။ လှုပ်လှုပ်ရှားရှားအားကစားလုပ်သူတွေအတွက် သူတို့ဝတ်ရတဲ့ဝတ်စုံဟာ ပေါ့ပါးခိုင်ခံ့ဖို့ သက်သောင့်သက်သာရှိဖို့လိုတယ်ဆိုတာ သူမခံစားသိရှိတာမို့ Outdoor Voices ကိုထူထောင်ခဲ့တာဖြစ်ပါတယ်။ Colorado မှာနေထိုင်တဲ့ သူမက မိသားစုကိုထားရစ်ခဲ့ပြီး New York မှာ Art and Design School ကိုတက်ရောက်ရာကနေ ခုလိုအောင်မြင်တဲ့ ဘဝကိုရရှိနိုင်ခဲ့တာပဲဖြစ်ပါတယ်။

TylerHaneyTechCrunchDisruptNY2017Day

TylerHaneyTechCrunchDisruptNY2017Day

သူမရဲ့ Brand အတွက်သူမက အရည်အသွေးမကျဖို့ကိုပဲဦးတည်ထားပြီး Discount ပေးတာမျိုးလုံးဝလုပ်လေ့မရှိပါဘူး။ “လူတစ်ယောက်က အရည်အသွေးစစ်မှန်တဲ့ ပစ္စည်းကိုပဲလိုချင်တယ်။ ကိုယ်ကလည်း ဒီအရည်အသွေးကောင်းကိုပေးနိုင်တယ်ဆိုရင် ဒါဟာ လုံလောက်ပါပြီ။ ဈေးလျှော့ရောင်းတာတွေ Promotion တွေမလိုဘူးလို့ ကျွန်မယူဆတယ်” သူမကပြောထားပါတယ်။

Outdoor Voices ကိုတော့သူမကလူမှုကွန်ရက်ကိုအသုံးပြုပြီး Brand ကိုထိုးဖောက်တာဖြစ်ပါတယ်။ Outdoor Voices ကိုဝတ်ပြီး အားကစားလုပ်ရတာတကယ်သက်သောင့်သက်သာရှိတယ်ဆိုရင် ဓာတ်ပုံလေးရိုက်ပြီးလူမှုကွန်ရက်ပေါ်ကနေ ပြန်မျှဝေခိုင်းတာပါ။ ဒီလို တစ်ယောက်ပုံကို အခြားတစ်ယောက်ကမြင်တွေ့ပြီးစိတ်ဝင်စားလာကာ ရောင်းအားတက်စေခြင်းပဲဖြစ်ပါတယ်။ Outdoor Voices ကို Harry Styles ၊ Natalie Portman ၊ Frank Ocean ၊ Gwyneth Paltrow နဲ့ Olympic စကိတ်သမား Nina Lussi တို့ကလည်း အားပေးဝတ်ဆင်ပါတယ်။

ခုလိုအောင်မြင်လာတဲ့သူမကို Nike လိုမျိုးနောက်ထပ် Brand တစ်ခုဖြစ်လာအောင် ထူထောင်တော့မလားရယ်လို့မျှော်လင့်နေကြပေမယ့် သူမက “ကျွန်မတို့ကကိုယ့်ကစားနည်းမှာ ကိုယ့်စည်းမျဉ်းနဲ့ကိုယ်တည်ဆောက်ပြီးနေကြတာပါ။ ကျွန်မ Nike ကိုစိတ်မဝင်စားသလို သူတို့လို့လုပ်ဖို့လည်းဆန္ဒမရှိဘူး။ Outdoor Voices ကိုပဲ အရင်ထက်ပိုကောင်းအောင် တည်ဆောက်သွားမှာပါ” လို့ပြောခဲ့တာဖြစ်ပါတယ်။

Founder Tyler Haney with OV

Founder Tyler Haney with OV

သူမကို လူတွေနောက်ထပ်စိတ်ဝင်တစားရှိသွားစေတဲ့အကြောင်းကတော့Tesla နဲ့ SpaceX တည်ထောင်သူ Elon Musk နဲ့တွဲခုတ်နေတယ်ဆိုတဲ့ သတင်းကြောင့်ပါ။ သူမက ဒါကိုငြင်းဆိုခဲ့ပြီး “Elon Musk ကကျွန်မလေးစားအားကျရတဲ့သူ၊ ကျွန်မရဲ့ ဟီးရိုးပါ။ ချစ်ကြိုက်နေတယ်ဆိုတာ မဟုတ်ပါဘူး။ သူနဲ့စကားပြောဖြစ်တယ် အချိန်ဖြုန်းတယ်ဆိုတာက သူဘယ်လိုတွေးခေါ်လဲ ဘယ်လိုဆုံးဖြတ်လဲဆိုတာကို သိနားလည်ချင်ပညာယူချင်လို့ပါ” လို့ဖွင့်ဟထားပါတယ်။

သူမကတော့ Outdoor Voices ရဲ့နောက်ထပ်ဆိုင်တွေကို မြို့တွေအများကြီးမှာထပ်ဖွင့်နိုင်ဖို့အတွက် လုပ်ဆောင်စရာတွေအပြည့်နဲ့ဆက်လက်ကြိုးစားလျက်ပါ။ ဒါကြောင့် လူငယ်တွေလည်းအားမလျှော့ပါနဲ့။ ကိုယ့်ရဲ့Idea ကောင်းရင်ကောင်းသလို အခွင့်အလမ်းကောင်းတွေအများကြီးရလာပါလိမ့်မယ်။

www.akhayar.com