[Zawgyi]

ရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ္႔ နာမည္ေက်ာ္ကစားသမားမ်ား (၂)

လက္ရိွ ေဘာလံုးေလာကမွာ ကစားသမားေတြရဲ႕ ေျပာင္းေရႊ႕ေၾကးေတြဟာ မတရားျမင္႔တက္ေနတာကို အားလံုးအသိပါပဲ။ ကစားသမားတစ္ေယာက္ကို ေခၚယူဖို႔ဆိုရင္ သူ႔ရဲ႕တန္ေၾကးထက္ပိုတဲ႔ အေနအထားကိုေပးျပီး ေခၚယူေနရတာကလည္း အခုေနာက္ပိုင္းမွာ ထံုးစံတစ္ခုလိုေတာင္ျဖစ္ေနပါျပီ။ ေျပာင္းေရႊ႕ေၾကးေတြဟာ အခုလိုေဖာင္းပြေနေပမယ္႔ ဒီႏွစ္ေဘာလံုးရာသီကုန္မွာ ေငြတစ္ျပားမွ မသံုးရဘဲနဲ႔ ေခၚယူႏိုင္မယ္႔ နာမည္ေက်ာ္ကစားသမားေတြရိွေနပါတယ္။ ဒီကစားသမားေတြကို ေခၚယူဖို႔လိုက္ေနတဲ႔ အသင္းေတြလည္းရိွေနျပီး Akhayar Sports ပရိသတ္ေတြအတြက္ ဒီကစားသမားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၆) ရာဘီယူ Rabiot

Rabiot

Rabiot

PSG အသင္းဟာ ရာဘီယူ Rabiot ကို အသင္းမွာ ဆက္ရိွဖို႔ ၾကိဳးစားေနေပမယ္႔ ရာဘီယူဘက္ကေတာ႔ ေအးစက္စက္ျဖစ္ေနပါတယ္။ လက္ရိွမွာ ရာဘီယူ ရဲ႕ အသက္ဟာ (၂၃)ႏွစ္သာ ရိွေသးသလို ေျခစြမ္းပိုင္းကလည္း ေကာင္းမြန္တဲ႔ ကစားသမားျဖစ္တာေၾကာင္႔ အသင္းၾကီးအမ်ားစုကေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။

(၅) ရမ္ေဆး Ramsey

Ramsey

Ramsey

အာဆင္နယ္ကြင္းလယ္လူ ရမ္ေဆး Ramsey ကေတာ႔ ရာသီကုန္မွာ အသင္းကေနထြက္ခြာေတာ႔မယ္ အေၾကာင္းကို ေျပာခဲ႔ျပီးပါျပီ။ ရမ္ေဆး ကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ကလပ္ အသင္းၾကီးတိုင္းလိုလိုက စိတ္၀င္စားေနသလို ဂ်ာမန္ထိပ္သီး ဘိုင္ယန္ျမဴးနစ္အသင္းကလညး္ စိတ္၀င္စားေနပါတယ္။ ရမ္ေဆး လို ကစားသမားမ်ိဳးကို ဘယ္အသင္းကအလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မလဲဆိုတာ စိတ္၀င္စားစရာပါပဲ။

(၄) မီလ္နာ Milner

Milner

Milner

ပရီးမီးယားလိဂ္ရဲ႕ စံခ်ိန္မွတ္တမ္းေကာင္းေတြကို ပိုင္ဆိုင္ထားတဲ႔ မီလ္နာ Milner ဟာ ရာသီကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ႔မွာျဖစ္ပါတယ္။ က်ရာေနရာမွာ အေကာင္းဆံုး အသံုးေတာ္ခံႏိုင္စြမ္းရိွတဲ႔ မီလ္နာ လိုကစားသမားမ်ိဳးကိုေတာ႔ လီဗာပူးလ္အသင္းအေနနဲ႔ စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ အျမန္ဆံုးၾကိဳးစားရမွာပါ။

(၃) မာတာ Mata

Mata

Mata

မန္ယူကြင္းလယ္လူ မာတာ Mata ဟာလည္း ရာသီကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ႔မွာပါ။ မာတာ ဟာ မန္ယူပရိသတ္ေတြရဲ႕ အၾကိဳက္ ကစားသမားတစ္ဦးျဖစ္ျပီး ေဘာလံုးဦးေႏွာက္လည္း ျပည္႔၀တဲ႔ ကစားသမားျဖစ္ပါတယ္။ လက္ရိွမွာေတာ႔ မာတာ ကို ဂ်ဴဗင္တပ္စ္အသင္းက ေခၚယူဖို႔စိတ္၀င္စားေနပါတယ္။

(၂) မာစီယဲလ္ Martial

Martial

Martial

အခုေနာက္ပိုင္းပြဲေတြမွာ ေျခစြမ္းျပျပီး ဂိုးေတြဆက္တိုက္သြင္းယူေနတဲ႔ မန္ယူေတာင္ပံတိုက္စစ္ကစားသမား မာစီယဲလ္ Martial ဟာ ရာသီကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ႔မွာျဖစ္ေပမယ္႔ သူနဲ႔ မန္ယူတို႔ရဲ႕စာခ်ဳပ္မွာ တစ္ႏွစ္ထပ္တိုးခြင္႔ေတာ႔ပါ၀င္ေနပါတယ္။ မန္ယူအသင္းအေနနဲ႔ ဒီအခြင္႔အေရးကို အျပည္႔အ၀အသံုးခ်ဖို႔လိုအပ္ပါတယ္။ မန္ယူနဲ႔ မာစီယဲလ္ တို႔ဟာ လက္ရိွမွာ စာခ်ဳပ္သစ္ကိစၥအတြက္ ထပ္ျပီးေဆြးေႏြးၾကမယ္႔ အေနအထားမွာရိွေနပါတယ္။ မာစီယဲလ္ ကိုေခၚယူဖို႔အတြက္ ဥေရာပရဲ႕ ထိပ္တန္းအသင္းၾကီးအမ်ားစုက စိတ္၀င္စားေနၾကပါတယ္။

(၁) ဘာလိုတယ္လီ Balotelli

Balotelli

Balotelli

ေဘာလံုးလူဆိုးတစ္ဦးလို႔ သတ္မွတ္ခံထားရတဲ႔ ဘာလိုတယ္လီ Balotelli ဟာလည္း ရာသီကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ႔မွာျဖစ္ပါတယ္။ လက္ရိွမွာ ဘာလိုတယ္လီရဲ႕ အသက္ဟာ (၂၈)ႏွစ္ရိွျပီျဖစ္ျပီး ကစားသမားဘ၀ကိုလည္း ကလပ္အသင္းေတာ္ေတာ္မ်ားမ်ားနဲ႔ ျဖတ္သန္းျပီးပါျပီ။ ဘာလိုတယ္လီရဲ႕ အနာဂတ္ လာမယ္႔ႏွစ္မွာ ဘယ္ကိုေရာက္ရိွသြားမလဲ ဆိုတာ စိတ္၀င္စားစရာပါပဲ။

Ref: Bleacher Report Football
Photo: The Independent , Premier League ,Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် နာမည်ကျော်ကစားသမားများ (၂)

လက်ရှိ ဘောလုံးလောကမှာ ကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေးတွေဟာ မတရားမြင့်တက်နေတာကို အားလုံးအသိပါပဲ။ ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ဆိုရင် သူ့ရဲ့တန်ကြေးထက်ပိုတဲ့ အနေအထားကိုပေးပြီး ခေါ်ယူနေရတာကလည်း အခုနောက်ပိုင်းမှာ ထုံးစံတစ်ခုလိုတောင်ဖြစ်နေပါပြီ။ ပြောင်းရွှေ့ကြေးတွေဟာ အခုလိုဖောင်းပွနေပေမယ့် ဒီနှစ်ဘောလုံးရာသီကုန်မှာ ငွေတစ်ပြားမှ မသုံးရဘဲနဲ့ ခေါ်ယူနိုင်မယ့် နာမည်ကျော်ကစားသမားတွေရှိနေပါတယ်။ ဒီကစားသမားတွေကို ခေါ်ယူဖို့လိုက်နေတဲ့ အသင်းတွေလည်းရှိနေပြီး Akhayar Sports ပရိသတ်တွေအတွက် ဒီကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၆) ရာဘီယူ Rabiot

Rabiot

Rabiot

PSG အသင်းဟာ ရာဘီယူ Rabiot ကို အသင်းမှာ ဆက်ရှိဖို့ ကြိုးစားနေပေမယ့် ရာဘီယူဘက်ကတော့ အေးစက်စက်ဖြစ်နေပါတယ်။ လက်ရှိမှာ ရာဘီယူ ရဲ့ အသက်ဟာ (၂၃)နှစ်သာ ရှိသေးသလို ခြေစွမ်းပိုင်းကလည်း ကောင်းမွန်တဲ့ ကစားသမားဖြစ်တာကြောင့် အသင်းကြီးအများစုကခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

(၅) ရမ်ဆေး Ramsey

Ramsey

Ramsey

အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး Ramsey ကတော့ ရာသီကုန်မှာ အသင်းကနေထွက်ခွာတော့မယ် အကြောင်းကို ပြောခဲ့ပြီးပါပြီ။ ရမ်ဆေး ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် အသင်းကြီးတိုင်းလိုလိုက စိတ်ဝင်စားနေသလို ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။ ရမ်ဆေး လို ကစားသမားမျိုးကို ဘယ်အသင်းကအလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

(၄) မီလ်နာ Milner

Milner

Milner

ပရီးမီးယားလိဂ်ရဲ့ စံချိန်မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ မီလ်နာ Milner ဟာ ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ကျရာနေရာမှာ အကောင်းဆုံး အသုံးတော်ခံနိုင်စွမ်းရှိတဲ့ မီလ်နာ လိုကစားသမားမျိုးကိုတော့ လီဗာပူးလ်အသင်းအနေနဲ့ စာချုပ်သက်တမ်းတိုးနိုင်ဖို့ အမြန်ဆုံးကြိုးစားရမှာပါ။

(၃) မာတာ Mata

Mata

Mata

မန်ယူကွင်းလယ်လူ မာတာ Mata ဟာလည်း ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။ မာတာ ဟာ မန်ယူပရိသတ်တွေရဲ့ အကြိုက် ကစားသမားတစ်ဦးဖြစ်ပြီး ဘောလုံးဦးနှောက်လည်း ပြည့်ဝတဲ့ ကစားသမားဖြစ်ပါတယ်။ လက်ရှိမှာတော့ မာတာ ကို ဂျူဗင်တပ်စ်အသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

(၂) မာစီယဲလ် Martial

Martial

Martial

အခုနောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြပြီး ဂိုးတွေဆက်တိုက်သွင်းယူနေတဲ့ မန်ယူတောင်ပံတိုက်စစ်ကစားသမား မာစီယဲလ် Martial ဟာ ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် သူနဲ့ မန်ယူတို့ရဲ့စာချုပ်မှာ တစ်နှစ်ထပ်တိုးခွင့်တော့ပါဝင်နေပါတယ်။ မန်ယူအသင်းအနေနဲ့ ဒီအခွင့်အရေးကို အပြည့်အဝအသုံးချဖို့လိုအပ်ပါတယ်။ မန်ယူနဲ့ မာစီယဲလ် တို့ဟာ လက်ရှိမှာ စာချုပ်သစ်ကိစ္စအတွက် ထပ်ပြီးဆွေးနွေးကြမယ့် အနေအထားမှာရှိနေပါတယ်။ မာစီယဲလ် ကိုခေါ်ယူဖို့အတွက် ဥရောပရဲ့ ထိပ်တန်းအသင်းကြီးအများစုက စိတ်ဝင်စားနေကြပါတယ်။

(၁) ဘာလိုတယ်လီ Balotelli

Balotelli

Balotelli

ဘောလုံးလူဆိုးတစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ ဘာလိုတယ်လီ Balotelli ဟာလည်း ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ လက်ရှိမှာ ဘာလိုတယ်လီရဲ့ အသက်ဟာ (၂၈)နှစ်ရှိပြီဖြစ်ပြီး ကစားသမားဘဝကိုလည်း ကလပ်အသင်းတော်တော်များများနဲ့ ဖြတ်သန်းပြီးပါပြီ။ ဘာလိုတယ်လီရဲ့ အနာဂတ် လာမယ့်နှစ်မှာ ဘယ်ကိုရောက်ရှိသွားမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: Bleacher Report Football
Photo: The Independent , Premier League ,Goal.com
Ko Kyue(Akhayar)
www.akhayar.com