[Zawgyi]

ရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ္႔ နာမည္ေက်ာ္ကစားသမားမ်ား (၁)

လက္ရိွ ေဘာလံုးေလာကမွာ ကစားသမားေတြရဲ႕ ေျပာင္းေရႊ႕ေၾကးေတြဟာ မတရားျမင္႔တက္ေနတာကို အားလံုးအသိပါပဲ။ ကစားသမားတစ္ေယာက္ကို ေခၚယူဖို႔ဆိုရင္ သူ႔ရဲ႕တန္ေၾကးထက္ပိုတဲ႔ အေနအထားကိုေပးျပီး ေခၚယူေနရတာကလည္း အခုေနာက္ပိုင္းမွာ ထံုးစံတစ္ခုလိုေတာင္ျဖစ္ေနပါျပီ။ ေျပာင္းေရႊ႕ေၾကးေတြဟာ အခုလိုေဖာင္းပြေနေပမယ္႔ ဒီႏွစ္ေဘာလံုးရာသီကုန္မွာ ေငြတစ္ျပားမွ မသံုးရဘဲနဲ႔ ေခၚယူႏိုင္မယ္႔ နာမည္ေက်ာ္ကစားသမားေတြရိွေနပါတယ္။ ဒီကစားသမားေတြကို ေခၚယူဖို႔လိုက္ေနတဲ႔ အသင္းေတြလည္းရိွေနျပီး Akhayar Sports ပရိသတ္ေတြအတြက္ ဒီကစားသမားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဒီဂီယာ Degea

Degea

Degea

မန္ယူဂိုးသမား ဒီဂီယာ Degea ဟာ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ကို အခ်ိန္ဆြဲေနပါတယ္။ လက္ရိွမွာ ဒီဂီယာ ကို ဂ်ဴဗင္တပ္စ္အသင္းက ေခၚယူဖို႔ စိတ္၀င္စားေနတယ္ဆိုတဲ႔ သတင္းေတြကလည္း ထြက္ေနတာေၾကာင္႔ မန္ယူပရိသတ္ေတြအတြက္ေတာ႔ ရင္ေမာစရာပါပဲ။ ဒီဂီယာ ဟာ အသင္းအတြက္ အေထာက္အကူျဖစ္တဲ႔ ကစားသမားဆိုတာ အားလံုးအသိပါပဲ။ ဒီဂီယာ အသင္းမွာဆက္ရိွေနဖို႔အတြက္ မန္ယူအသင္းတာ၀န္ရိွသူေတြ အေနနဲ႔ အေကာင္းဆံုးၾကိဳးပမ္းသြားရမွာျဖစ္ျပီး ဒီဂီယာနဲ႔ မန္ယူတို႔ရဲ႕ စာခ်ဳပ္မွာ တစ္ႏွစ္ထပ္တိုးခြင္႔ ပါရိွေနတာေၾကာင္႔သာ အနည္းငယ္သက္သာရာရေနတာပါ။

(၂) အယ္လ္ဒါ၀ီရယ္လ္ Alderweireld

Alderweireld

Alderweireld

ျပီးခဲ႔တဲ႔ ေႏြရာသီအေျပာင္းအေရႊ႕ကာလတုန္းက မန္ယူအသင္းရဲ႕ ပစ္မွတ္ျဖစ္ခဲ႔ဲတဲ႔ စပါးေနာက္ခံလူ အယ္လ္ဒါ၀ီရယ္လ္ Alderweireld ဟာလည္း ရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ႔မွာျဖစ္ပါတယ္။ ဒါေပမယ္႔ အယ္လ္ဒါ၀ီရယ္လ္နဲ႔ စပါးတို႔ရဲ႕ စာခ်ဳပ္မွာလည္း တစ္ႏွစ္ထပ္တိုးခြင္႔ပါ၀င္ေနပါတယ္။

(၃) ေဒးဗစ္လူး၀စ္ဇ္ David Luiz

David-Luiz

David-Luiz

ခ်ယ္လ္ဆီးေနာက္ခံလူ ေဒးဗစ္လူး၀စ္ဇ္ David Luiz ဟာ ရာသီကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ႔မွာျဖစ္ပါတယ္။ ေဒးဗစ္လူး၀စ္ဇ္ ဟာ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ရိွတယ္လို႔ အသံေတြထြက္ခဲ႔ေပမယ္႔ လက္ေတြ႕မွာေတာ႔ ေအးစက္ေနၾကပါတယ္။ နည္းျပ ဆာရီ Serri လက္ထက္မွာ ေဒးဗစ္လူး၀စ္ဇ္ဟာ အေကာင္းဆံုးေျခစြမ္းေတြကို ျပေနတဲ႔ ကစားသမားျဖစ္ျပီး အသင္းအတြက္ အရာအားလံုးေပးဆပ္ကစားတတ္တဲ႔သူလည္း ျဖစ္တာေၾကာင္႔ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ သူ႕ကို အျမန္ဆံုး စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔လိုအပ္ေနပါတယ္။

(၄) မြန္ရီယယ္လ္ Monreal

Monreal

Monreal

မြန္ရီယယ္လ္ Monreal ဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ရိွေနေပမယ္႔ လက္ေတြ႕မွာေတာ႔ ျဖစ္မလာေသးပါဘူး။ မြန္ရီယယ္လ္ ဟာ အသက္(၃၂)ႏွစ္ရိွေနျပီျဖစ္ျပီး အာဆင္နယ္အသင္းရဲ႕ အေျပာင္းအေရႊ႕ေပၚလစီေၾကာင္႔ သူ႔ရဲ႕အနာဂတ္ဟာ စိတ္၀င္စားစရာျဖစ္ေနပါတယ္။

(၅) ဖီလစ္ပီလူး၀စ္ဇ္ Filipe Luís

Filipe-Luís

Filipe-Luís

ဖီလစ္ပီလူး၀စ္ဇ္ Filipe Luís ဟာ အက္သလက္တီကိုအသင္းမွာ လက္ရိွအခ်ိန္ထိ ေျခစြမ္းျပကစားေနေပမယ္႔ စာခ်ဳပ္သစ္နဲ႔ ပတ္သက္တဲ႔ ဘာသတင္းမွေတာ႔ ထြက္ေပၚလာျခင္းမရိွေသးပါဘူး။ အက္သလက္တီကိုအသင္းဘက္က အခုလိုျငိမ္သက္ေနရတဲ႔ အေၾကာင္းအရင္းကေတာ႔ ျပင္သစ္လူငယ္ဘယ္ေနာက္ခံလူ Lucas Hernández လူးကပ္စ္ ဟာနန္ဒက္ဇ္ ေၾကာင္႔လို႔ပဲ ယူဆရပါလိမ္႔မယ္။

Ref: Bleacher Report Football
Photo: Football Fancast , Sporting News , Yahoo! Sports – Yahoo News , The Independent , Premier League
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် နာမည်ကျော်ကစားသမားများ (၁)

လက်ရှိ ဘောလုံးလောကမှာ ကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေးတွေဟာ မတရားမြင့်တက်နေတာကို အားလုံးအသိပါပဲ။ ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ဆိုရင် သူ့ရဲ့တန်ကြေးထက်ပိုတဲ့ အနေအထားကိုပေးပြီး ခေါ်ယူနေရတာကလည်း အခုနောက်ပိုင်းမှာ ထုံးစံတစ်ခုလိုတောင်ဖြစ်နေပါပြီ။ ပြောင်းရွှေ့ကြေးတွေဟာ အခုလိုဖောင်းပွနေပေမယ့် ဒီနှစ်ဘောလုံးရာသီကုန်မှာ ငွေတစ်ပြားမှ မသုံးရဘဲနဲ့ ခေါ်ယူနိုင်မယ့် နာမည်ကျော်ကစားသမားတွေရှိနေပါတယ်။ ဒီကစားသမားတွေကို ခေါ်ယူဖို့လိုက်နေတဲ့ အသင်းတွေလည်းရှိနေပြီး Akhayar Sports ပရိသတ်တွေအတွက် ဒီကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဒီဂီယာ Degea

Degea

Degea

မန်ယူဂိုးသမား ဒီဂီယာ Degea ဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ကို အချိန်ဆွဲနေပါတယ်။ လက်ရှိမှာ ဒီဂီယာ ကို ဂျူဗင်တပ်စ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်နေတာကြောင့် မန်ယူပရိသတ်တွေအတွက်တော့ ရင်မောစရာပါပဲ။ ဒီဂီယာ ဟာ အသင်းအတွက် အထောက်အကူဖြစ်တဲ့ ကစားသမားဆိုတာ အားလုံးအသိပါပဲ။ ဒီဂီယာ အသင်းမှာဆက်ရှိနေဖို့အတွက် မန်ယူအသင်းတာဝန်ရှိသူတွေ အနေနဲ့ အကောင်းဆုံးကြိုးပမ်းသွားရမှာဖြစ်ပြီး ဒီဂီယာနဲ့ မန်ယူတို့ရဲ့ စာချုပ်မှာ တစ်နှစ်ထပ်တိုးခွင့် ပါရှိနေတာကြောင့်သာ အနည်းငယ်သက်သာရာရနေတာပါ။

(၂) အယ်လ်ဒါဝီရယ်လ် Alderweireld

Alderweireld

Alderweireld

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလတုန်းက မန်ယူအသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ဲတဲ့ စပါးနောက်ခံလူ အယ်လ်ဒါဝီရယ်လ် Alderweireld ဟာလည်း ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အယ်လ်ဒါဝီရယ်လ်နဲ့ စပါးတို့ရဲ့ စာချုပ်မှာလည်း တစ်နှစ်ထပ်တိုးခွင့်ပါဝင်နေပါတယ်။

(၃) ဒေးဗစ်လူးဝစ်ဇ် David Luiz

David-Luiz

David-Luiz

ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လူးဝစ်ဇ် David Luiz ဟာ ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒေးဗစ်လူးဝစ်ဇ် ဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ရှိတယ်လို့ အသံတွေထွက်ခဲ့ပေမယ့် လက်တွေ့မှာတော့ အေးစက်နေကြပါတယ်။ နည်းပြ ဆာရီ Serri လက်ထက်မှာ ဒေးဗစ်လူးဝစ်ဇ်ဟာ အကောင်းဆုံးခြေစွမ်းတွေကို ပြနေတဲ့ ကစားသမားဖြစ်ပြီး အသင်းအတွက် အရာအားလုံးပေးဆပ်ကစားတတ်တဲ့သူလည်း ဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ သူ့ကို အမြန်ဆုံး စာချုပ်သက်တမ်းတိုးနိုင်ဖို့လိုအပ်နေပါတယ်။

(၄) မွန်ရီယယ်လ် Monreal

Monreal

Monreal

မွန်ရီယယ်လ် Monreal ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ရှိနေပေမယ့် လက်တွေ့မှာတော့ ဖြစ်မလာသေးပါဘူး။ မွန်ရီယယ်လ် ဟာ အသက်(၃၂)နှစ်ရှိနေပြီဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီကြောင့် သူ့ရဲ့အနာဂတ်ဟာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

(၅) ဖီလစ်ပီလူးဝစ်ဇ် Filipe Luís

Filipe-Luís

Filipe-Luís

ဖီလစ်ပီလူးဝစ်ဇ် Filipe Luís ဟာ အက်သလက်တီကိုအသင်းမှာ လက်ရှိအချိန်ထိ ခြေစွမ်းပြကစားနေပေမယ့် စာချုပ်သစ်နဲ့ ပတ်သက်တဲ့ ဘာသတင်းမှတော့ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ အက်သလက်တီကိုအသင်းဘက်က အခုလိုငြိမ်သက်နေရတဲ့ အကြောင်းအရင်းကတော့ ပြင်သစ်လူငယ်ဘယ်နောက်ခံလူ Lucas Hernández လူးကပ်စ် ဟာနန်ဒက်ဇ် ကြောင့်လို့ပဲ ယူဆရပါလိမ့်မယ်။

Ref: Bleacher Report Football
Photo: Football Fancast , Sporting News , Yahoo! Sports – Yahoo News , The Independent , Premier League
Ko Kyue(Akhayar)
www.akhayar.com