[Zawgyi]
Ospina
Ospina
Ref: .The Guardian
Ko Kyue(Akhayar)
www.akhayar.com
[Unicode]
နာပိုလီကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အော့စ်ပင်နာ Ospina
အာဆင်နယ်ဂိုးသမား အော့စ်ပင်နာ Ospina ဟာ စီးရီးအေကလပ်နာပိုလီအသင်းကို (၁)ရာသီအငှားနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ အော့စ်ပင်နာ Ospina ရဲ့စာချုပ်ထဲမှာ ရာသီကုန်ကျရင် အပြီးသတ်ခေါ်ယူခွင့်ကိုလည်းထည့်သွင်းထားပါတယ်။ အာဆင်နယ်အသင်းမှာ အော့စ်ပင်နာ Ospina ဟာ ပီတာချက် Petr Cech ရဲ့နောက် ဒုတိယဦၤးစားပေးဂိုးသမားအဖြစ် ကစားနေရသူဖြစ်ပြီး လက်ရှိအချိန်မှာ အာဆင်နယ်အသင်းကို လေနို Leno ပါရောက်ရှိလာတာကြောင့် အော့စ်ပင်နာ Ospina ဟာအသင်းပြောင်းဖို့ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။
Ospina
Ospina
နာပိုလီအသင်းရဲ့ဂိုးသမားသစ် အဲလက်စ်မာရက် Alex Meret ဟာ လေ့ကျင့်ရေးကွင်းမှာ လက်မောင်းရိုးကျိုးဒဏ်ရာရရှိခဲ့တာကြောင့် နာပိုလီအသင်းဟာ ဂိုးသမားရှာဖွေနေခဲ့ပြီး လက်ရှိအချိန်မှာ အော့စ်ပင်နာ Ospina ကိုခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ အော့စ်ပင်နာ Ospina ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကိုလံဘီယာအသင်းမှာ လက်စွမ်းပြနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းကိုရောက်ရှိလာခဲ့သူဖြစ်ပြီး အာဆငိနယ်အသင်းမှာ ပုံမှန်နေရာအတွက်ရုန်းကန်ခဲ့ရပါတယ်။ အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ အော့စ်ပင်နာ Ospina ဟာ လက်ရှိအချိန်ထိ အာဆင်နယ်အသင်းအတွက်ပွဲပေါင်း (၇၀)ကစားခဲ့ပြီး အသင်းနဲ့အတူ FA Cup ချန်ပီယံဆုကို (၂)ကြိမ် ၊ ကွန်မြူနတီဒိုင်းကို (၁)ကြိမ်ရရှိခဲ့ပါတယ်။
Ref: .The Guardian
Photo: Evening Standard , 1 News Net
Ko Kyue(Akhayar)
www.akhayar.com