[Zawgyi]

ေရခဲမုန္႔မေကာင္းေၾကာင္း Review ေရးမိလို ေဖ့စ္ဘြတ္ပရိုဖိုင္း ရာသက္ပန္ဖ်က္သိမ္းဖို႔ ၿခိမ္းေျခာက္ခံရ

ေခတ္သစ္ေၾကာ္ျငာေစ်းကြက္တစ္ခုလိုျဖစ္လာတဲ့ ေဖ့စ္ဘြတ္ဟာ လူသံုးအမ်ားဆံုးကြန္ရက္တစ္ခုျဖစ္လာၿပီး ဒီကေနတစ္ဆင့္ အေၾကာင္းအရာေပါင္းစံုကို နည္းမ်ိဳးစံုနဲ႔ ျဖန္႔ေဝတင္ဆက္လာၾကပါတယ္။အေတြ႕အႀကံဳ Sharing လုပ္တယ္ပဲေျပာေျပာ၊ ေနာက္လူေတြထပ္မျဖစ္ေအာင္ သတိေပးတာပဲဆိုဆို၊ ျဖစ္ပ်က္ခဲ့တာေတြကို ျပန္လွန္ေျပာျပတဲ့ Review ဆိုတဲ့ေခါင္းစဥ္နဲ႔ ေၾကာ္ျငာနည္းကလည္း ေတာ္ေတာ္ေလး တြင္က်ယ္လာပါတယ္။ အဲဒီလို Review ေရးတဲ့ တင္ဆက္တဲ့အလုပ္ကိုပဲ သီးသန္႔စီးပြားေရးအေနနဲ႔ လုပ္ေနတဲ့သူေတြရွိသလို ကိုယ္တိုင္အေတြ႕အႀကံဳကို ေကာင္းသည္ဆိုးသည္ ေနာက္လူေတြ ယူသင့္တာယူ၊ ပယ္သင့္တာပယ္ႏိုင္ေအာင္ ကိုယ့္စရိတ္ကိုယ္စားၿပီး ေစတနာနဲ႔ Review ေရးတဲ့သူေတြရွိပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ Review ဆိုကတည္းက အနည္းဆံုး တစ္ႀကိမ္ေတာ့ စမ္းသပ္ခံၿပီးၿပီဆိုတဲ့သေဘာ ပါပဲ။ တခ်ိဳ႕က်ေတာ့ ကိုယ္တိုင္ႀကံဳရလား၊ ထိေတြ႕စမ္းသပ္ထားလားမသိေပမယ့္ ေရးေပးပါဦး၊ လုပ္ေပးပါဦးဆိုရင္ အခေၾကးေငြယူၿပီး အေကာင္းေတြခ်ည္းေရးေပးတာမ်ိဳးေတြရွိပါတယ္။ အဲလို Reviewေတြက်ေတာ့ လူလူခ်င္း လူေဇာ္လုပ္တယ္၊ တစ္ပတ္ရိုက္တယ္၊ ဂ်င္းထည့္တယ္လို႔ပဲ သတ္မွတ္ရမွာပါ။ လုပ္ငန္းရွင္ေတြက်ေတာ့ အဲလို Review သမားေတြကို တစ္ဖက္လွည္႔နဲ႔ ေၾကာ္ျငာခိုင္းလိုက္တဲ့သေဘာပါပဲ။

မ်ားေသာအားျဖင့္ အဲဒီလို ဂ်င္း Review ေတြကို စားေသာက္ဆိုင္ေတြ၊ အစားအေသာက္ Review ေတြမွာ ပိုၿပီးေတြ႕ရတတ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အစားအေသာက္ဆိုတာ ေယာက္်ား၊ မိန္းမ၊ လူႀကီးလူငယ္ ခြဲျခားစရာမလိုဘဲ အားလံုးနဲ႔သက္ဆိုင္တဲ့အတြက္ ဒီလို Review ဆိုရင္စိတ္ဝင္စားၾကသလို အသစ္အဆန္းဆိုရင္ ျမည္းစမ္းၾကည့္ခ်င္ၾကပါတယ္။တခ်ိဳ႕ အဲဒီလိုဂ်င္း Review ေတြဖတ္မိၿပီး တကယ္သြားစားတဲ့အခါ ဝန္ေဆာင္မႈ ထင္သေလာက္မေကာင္းတာေတြ၊ အစားအေသာက္မဝေရဆာကို ေစ်းမတန္တဆေပးစားခဲ့ရတာေတြ ႀကံဳရပါေတာ့တယ္။

ဒါကေတာ့ Review နဲ႔ပတ္သက္ၿပီး ျဖစ္ေနတဲ့လက္ရွိအေျခအေနေလးေတြကို အၾကမ္းဖ်င္းေဝမွ်ရံုပါ။ အခု စင္ကာပူႏိုင္ငံက Review ေရးတဲ့ ေကာင္မေလးက်ေတာ့လည္း တစ္မ်ိဳး၊ သူသြားစားတဲ့ေရခဲမုန္႔ မေကာင္းတာကို မေကာင္းတဲ့အေၾကာင္းေရးလို႔ ဆိုင္ရွင္က တရားစြဲမယ္ဆိုၿပီး ၿခိမ္းေျခာက္ခံေနရပါတယ္။ စင္ကာပူႏိုင္ငံ Orchard Getaway မွာ Celena Ho ဆိုတဲ့ မိန္းကေလးက နာမည္ႀကီးေနတဲ့ Fantasy Desserts က ေရခဲမုန္႔ကို သူမလည္းစားဖူးၾကည့္ခ်င္တာနဲ႔ ျမည္းစမ္းခဲ့ပါတယ္။ Fantasy Desserts ဆိုတာ သူတို႔ဆီမွာေတာ့ နာမည္ႀကီး Ice Cream Store ကိုး။ နာမည္ႀကီးလြန္းတဲ့ အဲဒီေရခဲမုန္႔ကို သူမတကယ္တမ္းသြားစားေတာ့ ဝန္ေဆာင္မႈေရာ အစားအေသာက္ေရာညံ့တယ္ဆိုတဲ့အေၾကာင္းကို သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးတင္ခဲ့ပါတယ္။

သိပ္မၾကာခင္မွာပဲ Fantasy Desserts ရဲ႕တာဝန္ရွိသူ Sara Shantelle Lim ဆိုတဲ့ အမ်ိဳးသမီးက Celena Ho ရဲ႕ပို႔စ္က “Fake” ျဖစ္တယ္ဆိုၿပီး တုန္႔ျပန္ခဲ့သလို တစ္ဖက္မွာလည္း သူတို႔ရဲ႕စားသံုးသူေတြကို အထင္ျမင္လြဲေစခဲ့တဲ့အတြက္ ေတာင္းပန္းပါတယ္ဆိုတဲ့အေၾကာင္းနဲ႔ ကုမၸဏီရဲ႕ေၾကာ္ျငာေတြနဲ႔ နားလည္မႈလြဲၿပီး အခုလို Ho မိန္းကေလးက ေရးသားခဲ့ပံုရတယ္လို႔လည္း ျပန္လည္ေျဖရွင္းခဲ့ပါတယ္။ အဲဒီေနာက္ Ho ကို နားလည္မႈလြဲတဲ့ကိစၥေတြနဲ႔ အဆင္မေျပခဲ့မႈေတြအတြက္ ေျဖရွင္းဖို႔(ပို႔စ္ျပန္ဖ်က္ဖို႔) Ms.Lim က ေဖ့စ္ဘြတ္မက္ေဆ့ကေန ခ်ဥ္းကပ္ခဲ့ေပမယ့္ Ho ကလ်စ္လ်ဴရႈခဲ့ပါတယ္။ မိန္းကေလး Ho ဘက္ကဘာမွမတုန္႔ျပန္တဲ့အတြက္ Ho ရဲ႕ပို႔စ္ေအာက္မွာ Comment ေတြေရးၿပီး သူမကိုျပန္ၿပီး Reply ျပန္ေပးပါဆိုတဲ့အေၾကာင္းေတြလည္း သြားေျပာခဲ့ျပန္ပါတယ္။

icecream-review

Facebook Message Post

ေနာက္ဆံုး Ho ဘက္က ဘာ Reply မွမလာတဲ့အတြက္ Fantasy Desserts ရဲ႕ တာဝန္ရွိသူတစ္ေယာက္အေနနဲ႔ လုပ္စရာရွိတာလုပ္ဖို႔ Lim ကဆံုးျဖတ္ခဲ့ၿပီး Ho ဆီကို တရားဥပေဒေၾကာင္းအရ ေျဖရွင္းဖို႔ Notice စာ ပို႔လိုက္ပါေတာ့တယ္။ သတိေပးစာကို ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ ၃၀ ရက္စြဲနဲ႔ ပို႔လိုက္တာျဖစ္ၿပီးေတာ့ အဲဒီသတိေပးစာအရ မိန္းကေလး Ho အေနနဲ႔ Fantasy Desserts နဲ႔ပတ္သက္ၿပီး ေရးထားတဲ့ပို႔စ္ကို ျပန္ဖ်က္ေပးရံုသာမက ေဖ့စ္ဘြတ္ပရိုဖိုင္းတစ္ခုလံုး(အေကာင့္)ကိုပါ လံုးဝဖ်က္သိမ္းဖို႔ ၿခိမ္းေျခာက္ထားတယ္လို႔လည္း သိရပါတယ္။

အဲဒီ Notice စာမွာ အခ်ိန္ဘယ္ေလာက္ေစာင့္မယ္ဆိုတာမပါဘဲ Celena Ho ရဲ႕ဆံုးျဖတ္ခ်က္ေပၚမူ တည္ၿပီး Fantasy Desserts ဘက္က တုန္႔ျပန္သြားမယ္လို႔သိရပါတယ္ဆိုေတာ့ လက္ရွိျပည္တြင္းမွာလည္း ေဖ့စ္ဘြတ္သံုးသူေတြၾကားမွာ အဲဒီလို Review ေရးတာေတြလည္း ေခတ္ထေနတယ္ဆိုေတာ့ အဲဒီလိုအေသးအဖြဲကိစၥေလးေတြကေန မလိုလားအပ္တဲ့ ျပႆနာေတြ ႀကီးထြားသြားႏိုင္တာကို သတိျပဳေစခ်င္ပါတယ္။ မဟုတ္တာကို မဟုတ္တဲ့အေၾကာင္း၊ မေကာင္းတာကို မေကာင္းတဲ့အေၾကာင္းေရးတယ္ဆိုေပမယ့္ တစိခါတစ္ေလမွာ အမွန္တရားဆိုတာ တကယ္ခါးတယ္ဆိုတာလည္း မေမ့နဲ႔ဦး ပရိသတ္ႀကီးေရ….။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ရေခဲမုန့်မကောင်းကြောင်း Review ရေးမိလို ဖေ့စ်ဘွတ်ပရိုဖိုင်း ရာသက်ပန်ဖျက်သိမ်းဖို့ ခြိမ်းခြောက်ခံရ

ခေတ်သစ်ကြော်ငြာဈေးကွက်တစ်ခုလိုဖြစ်လာတဲ့ ဖေ့စ်ဘွတ်ဟာ လူသုံးအများဆုံးကွန်ရက်တစ်ခုဖြစ်လာပြီး ဒီကနေတစ်ဆင့် အကြောင်းအရာပေါင်းစုံကို နည်းမျိုးစုံနဲ့ ဖြန့်ဝေတင်ဆက်လာကြပါတယ်။အတွေ့အကြုံ Sharing လုပ်တယ်ပဲပြောပြော၊ နောက်လူတွေထပ်မဖြစ်အောင် သတိပေးတာပဲဆိုဆို၊ ဖြစ်ပျက်ခဲ့တာတွေကို ပြန်လှန်ပြောပြတဲ့ Review ဆိုတဲ့ခေါင်းစဉ်နဲ့ ကြော်ငြာနည်းကလည်း တော်တော်လေး တွင်ကျယ်လာပါတယ်။ အဲဒီလို Review ရေးတဲ့ တင်ဆက်တဲ့အလုပ်ကိုပဲ သီးသန့်စီးပွားရေးအနေနဲ့ လုပ်နေတဲ့သူတွေရှိသလို ကိုယ်တိုင်အတွေ့အကြုံကို ကောင်းသည်ဆိုးသည် နောက်လူတွေ ယူသင့်တာယူ၊ ပယ်သင့်တာပယ်နိုင်အောင် ကိုယ့်စရိတ်ကိုယ်စားပြီး စေတနာနဲ့ Review ရေးတဲ့သူတွေရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Review ဆိုကတည်းက အနည်းဆုံး တစ်ကြိမ်တော့ စမ်းသပ်ခံပြီးပြီဆိုတဲ့သဘော ပါပဲ။ တချို့ကျတော့ ကိုယ်တိုင်ကြုံရလား၊ ထိတွေ့စမ်းသပ်ထားလားမသိပေမယ့် ရေးပေးပါဦး၊ လုပ်ပေးပါဦးဆိုရင် အခကြေးငွေယူပြီး အကောင်းတွေချည်းရေးပေးတာမျိုးတွေရှိပါတယ်။ အဲလို Reviewတွေကျတော့ လူလူချင်း လူဇော်လုပ်တယ်၊ တစ်ပတ်ရိုက်တယ်၊ ဂျင်းထည့်တယ်လို့ပဲ သတ်မှတ်ရမှာပါ။ လုပ်ငန်းရှင်တွေကျတော့ အဲလို Review သမားတွေကို တစ်ဖက်လှည့်နဲ့ ကြော်ငြာခိုင်းလိုက်တဲ့သဘောပါပဲ။

များသောအားဖြင့် အဲဒီလို ဂျင်း Review တွေကို စားသောက်ဆိုင်တွေ၊ အစားအသောက် Review တွေမှာ ပိုပြီးတွေ့ရတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစားအသောက်ဆိုတာ ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ် ခွဲခြားစရာမလိုဘဲ အားလုံးနဲ့သက်ဆိုင်တဲ့အတွက် ဒီလို Review ဆိုရင်စိတ်ဝင်စားကြသလို အသစ်အဆန်းဆိုရင် မြည်းစမ်းကြည့်ချင်ကြပါတယ်။တချို့ အဲဒီလိုဂျင်း Review တွေဖတ်မိပြီး တကယ်သွားစားတဲ့အခါ ဝန်ဆောင်မှု ထင်သလောက်မကောင်းတာတွေ၊ အစားအသောက်မဝရေဆာကို ဈေးမတန်တဆပေးစားခဲ့ရတာတွေ ကြုံရပါတော့တယ်။

ဒါကတော့ Review နဲ့ပတ်သက်ပြီး ဖြစ်နေတဲ့လက်ရှိအခြေအနေလေးတွေကို အကြမ်းဖျင်းဝေမျှရုံပါ။ အခု စင်ကာပူနိုင်ငံက Review ရေးတဲ့ ကောင်မလေးကျတော့လည်း တစ်မျိုး၊ သူသွားစားတဲ့ရေခဲမုန့် မကောင်းတာကို မကောင်းတဲ့အကြောင်းရေးလို့ ဆိုင်ရှင်က တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်ခံနေရပါတယ်။ စင်ကာပူနိုင်ငံ Orchard Getaway မှာ Celena Ho ဆိုတဲ့ မိန်းကလေးက နာမည်ကြီးနေတဲ့ Fantasy Desserts က ရေခဲမုန့်ကို သူမလည်းစားဖူးကြည့်ချင်တာနဲ့ မြည်းစမ်းခဲ့ပါတယ်။ Fantasy Desserts ဆိုတာ သူတို့ဆီမှာတော့ နာမည်ကြီး Ice Cream Store ကိုး။ နာမည်ကြီးလွန်းတဲ့ အဲဒီရေခဲမုန့်ကို သူမတကယ်တမ်းသွားစားတော့ ဝန်ဆောင်မှုရော အစားအသောက်ရောညံ့တယ်ဆိုတဲ့အကြောင်းကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးတင်ခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ Fantasy Desserts ရဲ့တာဝန်ရှိသူ Sara Shantelle Lim ဆိုတဲ့ အမျိုးသမီးက Celena Ho ရဲ့ပို့စ်က “Fake” ဖြစ်တယ်ဆိုပြီး တုန့်ပြန်ခဲ့သလို တစ်ဖက်မှာလည်း သူတို့ရဲ့စားသုံးသူတွေကို အထင်မြင်လွဲစေခဲ့တဲ့အတွက် တောင်းပန်းပါတယ်ဆိုတဲ့အကြောင်းနဲ့ ကုမ္ပဏီရဲ့ကြော်ငြာတွေနဲ့ နားလည်မှုလွဲပြီး အခုလို Ho မိန်းကလေးက ရေးသားခဲ့ပုံရတယ်လို့လည်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ အဲဒီနောက် Ho ကို နားလည်မှုလွဲတဲ့ကိစ္စတွေနဲ့ အဆင်မပြေခဲ့မှုတွေအတွက် ဖြေရှင်းဖို့(ပို့စ်ပြန်ဖျက်ဖို့) Ms.Lim က ဖေ့စ်ဘွတ်မက်ဆေ့ကနေ ချဉ်းကပ်ခဲ့ပေမယ့် Ho ကလျစ်လျူရှုခဲ့ပါတယ်။ မိန်းကလေး Ho ဘက်ကဘာမှမတုန့်ပြန်တဲ့အတွက် Ho ရဲ့ပို့စ်အောက်မှာ Comment တွေရေးပြီး သူမကိုပြန်ပြီး Reply ပြန်ပေးပါဆိုတဲ့အကြောင်းတွေလည်း သွားပြောခဲ့ပြန်ပါတယ်။

icecream-review

Facebook Message Post

နောက်ဆုံး Ho ဘက်က ဘာ Reply မှမလာတဲ့အတွက် Fantasy Desserts ရဲ့ တာဝန်ရှိသူတစ်ယောက်အနေနဲ့ လုပ်စရာရှိတာလုပ်ဖို့ Lim ကဆုံးဖြတ်ခဲ့ပြီး Ho ဆီကို တရားဥပဒေကြောင်းအရ ဖြေရှင်းဖို့ Notice စာ ပို့လိုက်ပါတော့တယ်။ သတိပေးစာကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်စွဲနဲ့ ပို့လိုက်တာဖြစ်ပြီးတော့ အဲဒီသတိပေးစာအရ မိန်းကလေး Ho အနေနဲ့ Fantasy Desserts နဲ့ပတ်သက်ပြီး ရေးထားတဲ့ပို့စ်ကို ပြန်ဖျက်ပေးရုံသာမက ဖေ့စ်ဘွတ်ပရိုဖိုင်းတစ်ခုလုံး(အကောင့်)ကိုပါ လုံးဝဖျက်သိမ်းဖို့ ခြိမ်းခြောက်ထားတယ်လို့လည်း သိရပါတယ်။

အဲဒီ Notice စာမှာ အချိန်ဘယ်လောက်စောင့်မယ်ဆိုတာမပါဘဲ Celena Ho ရဲ့ဆုံးဖြတ်ချက်ပေါ်မူ တည်ပြီး Fantasy Desserts ဘက်က တုန့်ပြန်သွားမယ်လို့သိရပါတယ်ဆိုတော့ လက်ရှိပြည်တွင်းမှာလည်း ဖေ့စ်ဘွတ်သုံးသူတွေကြားမှာ အဲဒီလို Review ရေးတာတွေလည်း ခေတ်ထနေတယ်ဆိုတော့ အဲဒီလိုအသေးအဖွဲကိစ္စလေးတွေကနေ မလိုလားအပ်တဲ့ ပြဿနာတွေ ကြီးထွားသွားနိုင်တာကို သတိပြုစေချင်ပါတယ်။ မဟုတ်တာကို မဟုတ်တဲ့အကြောင်း၊ မကောင်းတာကို မကောင်းတဲ့အကြောင်းရေးတယ်ဆိုပေမယ့် တစိခါတစ်လေမှာ အမှန်တရားဆိုတာ တကယ်ခါးတယ်ဆိုတာလည်း မမေ့နဲ့ဦး ပရိသတ်ကြီးရေ….။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။