OPPO ရဲ႕ စမတ္ဖုန္းအသစ္တစ္ခုက မၾကာခင္မွာ ေစ်းကြက္ထဲကို ဝင္ေရာက္လာဖုိ႔ ရွိေနျပီးေတာ့ အဆိုပါ စမတ္ဖုန္းက ေငြက်ပ္ ၂ သိန္းေအာက္ ဘတ္ဂ်တ္ဖုန္းေစ်းကြက္ထဲကို ဝင္ေရာက္လာမွာျဖစ္ပါတယ္။ အဆုိပါ စမတ္ဖုန္းကေတာ့ OPPO A3s ပဲျဖစ္ျပီး လာမယ့္ ၾသဂုတ္လ တတိယပတ္ကေနစတင္ျပီး ေငြက်ပ္ ၁၉၉,၀၀၀ က်ပ္နဲ႔ ေစ်းကြက္ထဲမွာ ဝယ္ယူရရွိႏိုင္ေတာ့မွာပဲျဖစ္ပါတယ္။

OPPO A3s

အခုလုိမ်ိဳး ၂ သိန္းေအာက္မွာ ေရာင္းခ်မွာျဖစ္ေပမယ့္လည္း OPPO A3s ရဲ႕ စြမ္းေဆာင္ရည္ပိုင္းက လက္ရွိ ေစ်းကြက္ထဲက စမတ္ဖုန္းေတြနဲ႔ ႏႈိင္းယွဥ္ႏုိင္တဲ့အဆင့္ရွိတာကို ေတြ႕ရပါတယ္။

OPPO A3s

OPPO A3s စမတ္ဖုန္းရဲ႕ Display က 6.2″ အရြယ္အစားရွိျပီးေတာ့ HD+ Resolution (720×1520 Pixels) ရွိမွာျဖစ္ပါတယ္။ Display မွာ Notch လည္းပါဝင္ျပီးေတာ့ Screen-to-Body Ratio အေနနဲ႔လည္း 88.8% အထိ ရွိေနတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ လက္ရွိ ၂ သိန္းေအာက္စမတ္ဖုန္းေတြထဲမွာ Screen-to-Body Ratio အျမင့္ဆံုးဖုန္းတစ္ခုလုိ႔ေတာင္ေျပာလုိ႔ရပါတယ္။

OPPO A3s

ကင္မရာပိုင္းအေနနဲ႔လည္း အခု OPPO A3s စမတ္ဖုန္းက ျမန္မာႏုိင္ငံကို တင္သြင္းတဲ့ A Series ဖုန္းေတြထဲမွာ ပထမဆံုးအေနနဲ႔ Dual Camera ပါဝင္လာတာျဖစ္ျပီး 13MP+2MP Dual Back Camera ပါဝင္တဲ့အတြက္ ကင္မရာပိုင္းေကာင္းမြန္သလုိ Portrait ပံုေတြပါ ရုိက္ႏုိင္ဦးမွာပါ။ Front Selfie Camera အေနနဲ႔ကေတာ့ AI နည္းပညာေတြပါဝင္တဲ့ 8MP Selfie Camera ကို တပ္ဆင္ေပးထားပါတယ္။

စြမ္းေဆာင္ရည္ပိုင္းအေနနဲ႔လည္း Qualcomm Snapdragon 450 Processor နဲ႔အတူ RAM 2GB ၊ ROM 16GB ထည့္သြင္းေပးထားျပီး MicroSD Card ကေန ထပ္မံတိုးခ်ဲ႕လုိ႔ရမွာပါ။ MicroSD Card အတြက္လည္း SIM 2 Slot မွာထည့္စရာမလုိတဲ့ Triple-Slot Tray ကို အသံုးျပဳေပးထားတာျဖစ္ပါတယ္။

OPPO A3s

ေနာက္ထပ္ OPPO A3s ရဲ႕ သေဘာက်ဖုိ႔ေကာင္းတဲ့အခ်က္တစ္ခုကေတာ့ Battery ပဲျဖစ္ျပီးေတာ့ ၾကီးမားတဲ့ 4230mAh Battery ကို ထည့္သြင္းထားတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ ပံုမွန္အသံုးျပဳမႈေတြအတြက္ ၁၅ နာရီအထိ အသံုးခံမွာပါ။ Dual 4G ကိုလည္း Support ျပဳလုပ္ျပီး Android 8.1 Oreo ကို အေျခခံထားတဲ့ Color OS 5.1 ကို အသံုးျပဳထားပါတယ္။ အဲ့ဒီအတြက္ Bluetooth ကေန တူညီတဲ့သီခ်င္းတစ္ပုဒ္ကို Color 5.1 နဲ႔အထက္ OPPO ဖုန္းေတြ တစ္ျပိဳင္နက္နားေထာင္ႏုိင္မယ့္ Music Party Feature ကို စတင္အသံုးျပဳႏုိင္မွာပဲျဖစ္ပါတယ္။

OPPO A3s

အခုလုိမ်ိဳး ေငြက်ပ္ ၂ သိန္းေအာက္ စမတ္ဖုန္းေစ်းကြက္ထဲကို ဝင္ေရာက္လာတဲ့ OPPO A3s စမတ္ဖုန္းကို စိတ္ဝင္စားတယ္ဆုိရင္ အေရာက္အေနနဲ႔ အနီေရာင္နဲ႔ ခရမ္းနက္ဆုိျပီး ၂ မ်ိဳးကို ဝယ္ယူႏုိင္မယ္လုိ႔ သိရပါတယ္။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

OPPO ရဲ့ စမတ်ဖုန်းအသစ်တစ်ခုက မကြာခင်မှာ ဈေးကွက်ထဲကို ဝင်ရောက်လာဖို့ ရှိနေပြီးတော့ အဆိုပါ စမတ်ဖုန်းက ငွေကျပ် ၂ သိန်းအောက် ဘတ်ဂျတ်ဖုန်းဈေးကွက်ထဲကို ဝင်ရောက်လာမှာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းကတော့ OPPO A3s ပဲဖြစ်ပြီး လာမယ့် သြဂုတ်လ တတိယပတ်ကနေစတင်ပြီး ငွေကျပ် ၁၉၉,၀၀၀ ကျပ်နဲ့ ဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်တော့မှာပဲဖြစ်ပါတယ်။

OPPO A3s

အခုလိုမျိုး ၂ သိန်းအောက်မှာ ရောင်းချမှာဖြစ်ပေမယ့်လည်း OPPO A3s ရဲ့ စွမ်းဆောင်ရည်ပိုင်းက လက်ရှိ ဈေးကွက်ထဲက စမတ်ဖုန်းတွေနဲ့ နှိုင်းယှဉ်နိုင်တဲ့အဆင့်ရှိတာကို တွေ့ရပါတယ်။

OPPO A3s

OPPO A3s စမတ်ဖုန်းရဲ့ Display က 6.2″ အရွယ်အစားရှိပြီးတော့ HD+ Resolution (720×1520 Pixels) ရှိမှာဖြစ်ပါတယ်။ Display မှာ Notch လည်းပါဝင်ပြီးတော့ Screen-to-Body Ratio အနေနဲ့လည်း 88.8% အထိ ရှိနေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ ၂ သိန်းအောက်စမတ်ဖုန်းတွေထဲမှာ Screen-to-Body Ratio အမြင့်ဆုံးဖုန်းတစ်ခုလို့တောင်ပြောလို့ရပါတယ်။

OPPO A3s

ကင်မရာပိုင်းအနေနဲ့လည်း အခု OPPO A3s စမတ်ဖုန်းက မြန်မာနိုင်ငံကို တင်သွင်းတဲ့ A Series ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Dual Camera ပါဝင်လာတာဖြစ်ပြီး 13MP+2MP Dual Back Camera ပါဝင်တဲ့အတွက် ကင်မရာပိုင်းကောင်းမွန်သလို Portrait ပုံတွေပါ ရိုက်နိုင်ဦးမှာပါ။ Front Selfie Camera အနေနဲ့ကတော့ AI နည်းပညာတွေပါဝင်တဲ့ 8MP Selfie Camera ကို တပ်ဆင်ပေးထားပါတယ်။

စွမ်းဆောင်ရည်ပိုင်းအနေနဲ့လည်း Qualcomm Snapdragon 450 Processor နဲ့အတူ RAM 2GB ၊ ROM 16GB ထည့်သွင်းပေးထားပြီး MicroSD Card ကနေ ထပ်မံတိုးချဲ့လို့ရမှာပါ။ MicroSD Card အတွက်လည်း SIM 2 Slot မှာထည့်စရာမလိုတဲ့ Triple-Slot Tray ကို အသုံးပြုပေးထားတာဖြစ်ပါတယ်။

OPPO A3s

နောက်ထပ် OPPO A3s ရဲ့ သဘောကျဖို့ကောင်းတဲ့အချက်တစ်ခုကတော့ Battery ပဲဖြစ်ပြီးတော့ ကြီးမားတဲ့ 4230mAh Battery ကို ထည့်သွင်းထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ပုံမှန်အသုံးပြုမှုတွေအတွက် ၁၅ နာရီအထိ အသုံးခံမှာပါ။ Dual 4G ကိုလည်း Support ပြုလုပ်ပြီး Android 8.1 Oreo ကို အခြေခံထားတဲ့ Color OS 5.1 ကို အသုံးပြုထားပါတယ်။ အဲ့ဒီအတွက် Bluetooth ကနေ တူညီတဲ့သီချင်းတစ်ပုဒ်ကို Color 5.1 နဲ့အထက် OPPO ဖုန်းတွေ တစ်ပြိုင်နက်နားထောင်နိုင်မယ့် Music Party Feature ကို စတင်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

OPPO A3s

အခုလိုမျိုး ငွေကျပ် ၂ သိန်းအောက် စမတ်ဖုန်းဈေးကွက်ထဲကို ဝင်ရောက်လာတဲ့ OPPO A3s စမတ်ဖုန်းကို စိတ်ဝင်စားတယ်ဆိုရင် အရောက်အနေနဲ့ အနီရောင်နဲ့ ခရမ်းနက်ဆိုပြီး ၂ မျိုးကို ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Zawyè (Akhayar) 

www.akhayar.com