OPPO Find X
OPPO Find X
Ref : GSMArena
Zawyè (Akhayar) 
www.akhayar.com
[UNICODE]
အခုအချိန်မှာ Samsung နဲ့ Huawei လိုမျိုး စမတ်ဖုန်းကုမ္ပဏီကြီးတွေက ခေါက်ချိုးနိုင်တဲ့ Foldable စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ကို အပြိုင််အဆိုင်ကြိုးစားနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အခုလို Huawei နဲ့ Samsung လိုမျိုး ကုမ္ပဏီတွေမဟုတ်ဘဲ နောက်ထပ် ကုမ္ပဏီတစ်ခုက ပထမဆုံးသော Foldable စမတ်ဖုန်းကို မိတ်ဆက်တော့မယ့်ပုံစံပါပဲ။
OPPO Find X
အခု ပထမဆုံးဖြစ်လာနိုင်တဲ့ Foldable ဖုန်းကို မိတ်ဆက်လာမယ့်ကုမ္ပဏီကတော့ OPPO ပဲဖြစ်ပြီးတော့ အခုသတင်းက Leak ဖြစ်လာတာမျိုးမဟုတ်ဘဲ OPPO ရဲ့ Product Manager Chuck Wang ကိုယ်တိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီသတင်းက ကျိန်းသေနေပြီလို့တောင်ပြောနိုင်ပါတယ်။
Chuck Wang ရဲ့ ပြောကြးချက်အရ OPPO ကနေ လာမယ့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာပြုလုပ်မယ့် Mobile World Congress (MWC) 2019 မှာ ပထမဆုံးသော Foldable စမတ်ဖုန်းကို မိတ်ဆက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် OPPO ကနေ 5G စမတ်ဖုန်းတွေကို ၂၀၂၀ မှာ အများအပြားထုတ်လုပ်သွားမှာဖြစ်တယ်လို့ပါ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။
OPPO Find X
ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Samsung နဲ့ Huawei တို့ရဲ့ ဒီ Foldable စမတ်ဖုန်းအတွက် ယှဉ်ပြိုင်မှုမှာ OPPO လည်းပါဝင်လာပြီဆိုတော့ နောက်နှစ်က ဒီ ခေါက်ချိုးလို့ရတဲ့ စမတ်ဖုန်းတွေ ခေတ်စားလာဖို့များနေပါတယ်။
Ref : GSMArena
Zawyè (Akhayar) 
www.akhayar.com