OPPO ကနေ အခုနောက်ပိုင်းမှာ OPPO Reno နာမည်နဲ့ စမတ်ဖုန်း Lineup အသစ်ကို မိတ်ဆက်လာပြီးတော့ အခုအချိန်မှာတော့ Reno Series စမတ်ဖုန်းတွေထဲက နောက်ဆုံးတစ်ခုဖြစ်တဲ့ OPPO Reno Z စမတ်ဖုန်းကို မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။

အခု OPPO Reno Z စမတ်ဖုန်းက တခြားသော Reno စမတ်ဖုန်းတွေလိုမျိုး High End Level မဟုတ်ဘဲ Mid Range Level ကို ဦးတည်ပြီး မိတ်ဆက်လိုက်တာဖြစ်ပြီးတော့ စွမ်းဆောင်ရည်ပိုင်းအရလည်း MediaTek ရဲ့ နောက်ဆုံးထွက် Helio P90 Processor ကို အသုံးပြုလာတာဖြစ်ပါတယ်။

Display ပိုင်းအနေနဲ့တော့ OPPO Reno Z စမတ်ဖုန်းက 6.4″ Full HD+ AMOLED Display ကို အသုံးပြုထားပြီးတော့ 32MP Selfie Camera ကို Waterdrop Notch နဲ့အတူ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒီ Display က HDR10 ကို Support ပြုလုပ်နိုင်သလိုပဲ Under-Display Fingerprint Scanner လည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

OPPO Reno Z ဖုန်းက ခုနက ပြောခဲ့သလို MediaTek Helio P90 Processor အပြင် RAM 6GB ၊ 256GB Storage Version နဲ့ RAM 8GB | Storage 128GB Version ဆိုပြီး ၂ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။

ဒါ့အပြင် OPPO Reno Z ဖုန်းမှာ 4035mAh Battery ပါဝင်ပြီးတော့ 20W VOOC 3.0 Fast Charging ပါဝင်မှာပါ။ နောက်ထပ် NFC နဲ့ Dolby Atmos ကိုလည်း Support ပြုလုပ်ဦးမယ်လို့ သိရပါတယ်။

OPPO Reno Z ဖုန်းက Night Black ၊ Star Purple ၊ Bead White နဲ့ Coral Orange ဆိုပြီး အရောင်မျိုးစုံနဲ့ မိတ်ဆက်ထားပြီးဈေးအရလည်း တရုတ်ယွမ်ငွေ ၂,၄၉၉ (သို့) ၃၆၂ ဒေါ်လာဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref : GSMArena