
OPPO 5G Phone





OPPO 5G Test


Ref : GizmoChina

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

လာမယ့် ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ 5G Network က အောင်မြင်လာဖို့ များနေပါတယ်။ အခုအချိန်မှာတော့ OPPO ကနေ 5G Network နဲ့ ပတ်သတ်ပြီး အောင်မြင်မှုနောက်ထပ်တစ်ခုကို ရရှိသွားပြီလို့ သိရပါတယ်။

OPPO 5G Phone

အခုသတင်းကတော့ OPPO ရဲ့ Vice President ဖြစ်တဲ့ Shen Yiren ကနေ တရုတ်နိုင်ငံတွင်း Social Media Website တစ်ခုဖြစ်တဲ့ Weibo မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာတုန်းက 5G Network ကို အသုံးပြုပြီးတော့ WeChat ကနေ Video Call ခေါ်ဆိုနိုင်ခဲ့ပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

OPPO Weibo 5G Video Call Test

အခုပြောကြားချက်အရ OPPO ရဲ့ Major Research Institute ၆ ခုက လက်ရှိမှာ တကမ္ဘာလုံးမှာ ချိတ်ဆက်ထားပြီဖြစ်တဲ့အတွက် 5G ဟာ တကယ်ဖြစ်လာဖို့ လက်တကမ်းပဲလိုတော့တယ်လို့ ပြောကြားခဲ့တာပါ။

OPPO ဟာ လောလောဆယ်မှာ 5G ကို ဦးဆောင်နေတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ထဲက 5G Network အတွက် စတင်စမ်းသပ်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလကလည်း OPPO ကနေ 5G ရဲ့ Data Transmission Rate မှာ Downlink ကို 1.4Gbps နဲ့ Uplink မှာ 160Mbps အထိ ရရှိခဲ့တယ်ဆိုတာကို ထုတ်ပြန်ခဲ့ပါသေးတယ်။

OPPO 5G Test

ဘာပဲဖြစ်ဖြစ် OPPO ဟာ လာမယ့်နှစ်တွေမှာ ပထမဆုံး 5G ကို အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်တော့မယ့်ပုံစံပါပဲ။

Ref : GizmoChina

Zawyè (Akhayar) 

www.akhayar.com