[Zawgyi]

VOOC အားသြင္းစနစ္ ပါဝင္ၿပီး Notch ေသးေသးေလးနဲ႔ ပြဲထြက္လာမယ့္ OPPO F9

OPPO အေနနဲ႔ ကင္မရာတစ္လုံးစာ ေနရာသာပါဝင္လာတဲ့ Notch နဲ႔ VOOC အားသြင္းစနစ္ အသုံးျပဳထားမယ့္ F9 စမတ္ဖုန္းကို လာမယ့္ ၁၅ ရက္ေန႔က်ရင္ တရားဝင္မိတ္ဆက္ေပးသြားေတာ့မယ္လို႔ သိရပါတယ္။

Fast VOOC Charging

လက္ရွိအခ်ိန္မွာ VOOC လို Charging စနစ္မ်ိဳး Find X စမတ္ဖုန္းမွာပဲ ျမင္ေတြ႕ရေသးေပမယ့္ ကုမၸဏီရဲ႕ Mid-range စမတ္ဖုန္းမွာ ဒီနည္းပညာ ပါဝင္လာေတာ့မွာပါ။ OPPO အဆိုရ 5V/4A Fast Charging အသုံးျပဳေပးထားၿပီး ၅ မိနစ္ အားသြင္းထား႐ုံနဲ႔ ၂ နာရီ ဆက္တိုက္ အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။ ေနာက္ၿပီး F9 စမတ္ဖုန္းမွာ 3,500 mAh Battery ပါဝင္လာမွာ ျဖစ္သလို မိနစ္ ၃၀ အတြင္း ၅၀ ရာခိုင္ႏႈန္း အားသြင္းႏိုင္မယ္လို႔ သိရပါတယ္။

OPPO F9

ဒီမတိုင္ခင္ F9 မွာ 6.3″ Screen သုံးထားမွာျဖစ္သလို Resolution အေနနဲ႔ 2280×1080 ရွိမယ္လို႔ ေကာလာဟာလ ထြက္ထားခဲ့ပါတယ္။ အခုဆိုရင္ အဆိုပါ Display အတိုင္း အသုံးျပဳထားမယ္လို႔ OPPO အတည္ျပဳလိုက္ၿပီျဖစ္သလို F9 မွာ ပထမဦးဆုံး “Waterdrop Screen” သုံးထားမွာျဖစ္ပါတယ္။ OPPO အဆိုအရ F9 မွာ Screen-to-body Ratio ၉၀.၈ ရာခိုင္ႏႈန္းရွိၿပီး ႀတိဂံလို ေသးငယ္တဲ့ Notch ေလး ပါဝင္လာမွာပါ။ အဲ့ဒီ Notch ေလးဟာ Selfie Camera ထည့္သြင္းဖို႔ပဲ ေနရာအလုံေလာက္ ရွိတာမလို႔ Notch ပါေနတယ္လို႔ေတာင္ မထင္ရေစပါဘူး။

Twilight Blue Colour

အဲ့ဒီလို ကင္မရာတစ္လုံးစာ Notch ေသးေသးေလးပဲ Display ထဲရွိေနတာမလို႔ Speaker အတြက္ေနရာမက်န္ေတာ့ပါဘူး။ ဒါေၾကာင့္မလို႔ Speaker ကို ေရွ႕မွာထားမယ့္အစား ပါးလႊာတဲ့ အေပၚဖက္ေဘာင္ထဲမွာ ျမဳပ္ႏွံထားမွာျဖစ္တယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Specification အေသးစိတ္ မသိရေသးေပမယ့္ Helio P60 Processor သုံးထားမယ္လို႔ ခန္႔မွန္းရပါတယ္။ ဒါေၾကာင့္မလို႔ RAM အေနနဲ႔ 4GB ပါဝင္လာမွာျဖစ္သလို Storage အေနနဲ႔ 64GB ရွိမယ္လို႔ ေျပာႏိုင္ပါတယ္။ ကင္မရာကိုေတာ့ 16MP ကင္မရာႏွစ္လုံး ေက်ာဖက္မွာ သုံးလာႏိုင္ၿပီး Selfie အတြက္ 25MP ကင္မရာ ပါဝင္လာမယ္လို႔ သုံးသပ္ေနၾကပါတယ္။

Starry Purple Colour

ဒီဇိုင္းပိုင္းအေနနဲ႔ F9 မွာ Gradient Design သုံးထားမွာျဖစ္ၿပီး ဖုန္းေဘာ္ဒီColour ဟာ ပတ္ဝန္းက်င္ အလင္းေရာင္အလိုက္ အႏု၊အရင့္ ေျပာင္းလဲသြားမယ္လို႔ သိရပါတယ္။ OPPO ေၾကညာခ်က္တိုင္းဆိုရင္ Sunrise Red ၊ Twilight Blue နဲ႔ Starry Purple ဆိုၿပီး အေရာင္ ၃ မ်ိဳးနဲ႔ ေ႐ြးခ်ယ္ႏိုင္သလို ၃၄၅ ေဒၚလာ ဝန္းက်င္နဲ႔ ေရာင္းခ်သြားဖြယ္ရွိတယ္လို႔ သိရပါတယ္။

2B (Akhayar)

www.akhayar.com

[Unicode]

VOOC အားသွင်းစနစ် ပါဝင်ပြီး Notch သေးသေးလေးနဲ့ ပွဲထွက်လာမယ့် OPPO F9

OPPO အနေနဲ့ ကင်မရာတစ်လုံးစာ နေရာသာပါဝင်လာတဲ့ Notch နဲ့ VOOC အားသွင်းစနစ် အသုံးပြုထားမယ့် F9 စမတ်ဖုန်းကို လာမယ့် ၁၅ ရက်နေ့ကျရင် တရားဝင်မိတ်ဆက်ပေးသွားတော့မယ်လို့ သိရပါတယ်။

Fast VOOC Charging

လက်ရှိအချိန်မှာ VOOC လို Charging စနစ်မျိုး Find X စမတ်ဖုန်းမှာပဲ မြင်တွေ့ရသေးပေမယ့် ကုမ္ပဏီရဲ့ Mid-range စမတ်ဖုန်းမှာ ဒီနည်းပညာ ပါဝင်လာတော့မှာပါ။ OPPO အဆိုရ 5V/4A Fast Charging အသုံးပြုပေးထားပြီး ၅ မိနစ် အားသွင်းထားရုံနဲ့ ၂ နာရီ ဆက်တိုက် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ နောက်ပြီး F9 စမတ်ဖုန်းမှာ 3,500 mAh Battery ပါဝင်လာမှာ ဖြစ်သလို မိနစ် ၃၀ အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းနိုင်မယ်လို့ သိရပါတယ်။

OPPO F9

ဒီမတိုင်ခင် F9 မှာ 6.3″ Screen သုံးထားမှာဖြစ်သလို Resolution အနေနဲ့ 2280×1080 ရှိမယ်လို့ ကောလာဟာလ ထွက်ထားခဲ့ပါတယ်။ အခုဆိုရင် အဆိုပါ Display အတိုင်း အသုံးပြုထားမယ်လို့ OPPO အတည်ပြုလိုက်ပြီဖြစ်သလို F9 မှာ ပထမဦးဆုံး “Waterdrop Screen” သုံးထားမှာဖြစ်ပါတယ်။ OPPO အဆိုအရ F9 မှာ Screen-to-body Ratio ၉၀.၈ ရာခိုင်နှုန်းရှိပြီး တြိဂံလို သေးငယ်တဲ့ Notch လေး ပါဝင်လာမှာပါ။ အဲ့ဒီ Notch လေးဟာ Selfie Camera ထည့်သွင်းဖို့ပဲ နေရာအလုံလောက် ရှိတာမလို့ Notch ပါနေတယ်လို့တောင် မထင်ရစေပါဘူး။

Twilight Blue Colour

အဲ့ဒီလို ကင်မရာတစ်လုံးစာ Notch သေးသေးလေးပဲ Display ထဲရှိနေတာမလို့ Speaker အတွက်နေရာမကျန်တော့ပါဘူး။ ဒါကြောင့်မလို့ Speaker ကို ရှေ့မှာထားမယ့်အစား ပါးလွှာတဲ့ အပေါ်ဖက်ဘောင်ထဲမှာ မြုပ်နှံထားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ Specification အသေးစိတ် မသိရသေးပေမယ့် Helio P60 Processor သုံးထားမယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့်မလို့ RAM အနေနဲ့ 4GB ပါဝင်လာမှာဖြစ်သလို Storage အနေနဲ့ 64GB ရှိမယ်လို့ ပြောနိုင်ပါတယ်။ ကင်မရာကိုတော့ 16MP ကင်မရာနှစ်လုံး ကျောဖက်မှာ သုံးလာနိုင်ပြီး Selfie အတွက် 25MP ကင်မရာ ပါဝင်လာမယ်လို့ သုံးသပ်နေကြပါတယ်။

Starry Purple Colour

ဒီဇိုင်းပိုင်းအနေနဲ့ F9 မှာ Gradient Design သုံးထားမှာဖြစ်ပြီး ဖုန်းဘော်ဒီColour ဟာ ပတ်ဝန်းကျင် အလင်းရောင်အလိုက် အနု၊အရင့် ပြောင်းလဲသွားမယ်လို့ သိရပါတယ်။ OPPO ကြေညာချက်တိုင်းဆိုရင် Sunrise Red ၊ Twilight Blue နဲ့ Starry Purple ဆိုပြီး အရောင် ၃ မျိုးနဲ့ ရွေးချယ်နိုင်သလို ၃၄၅ ဒေါ်လာ ဝန်းကျင်နဲ့ ရောင်းချသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

2B (Akhayar)

www.akhayar.com