သုံးစွဲသူတွေအတွက် ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည် ကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို အစဉ်အမြဲ မိတ်ဆက်ပေးတတ်တဲ့ OPPO ကနေပြီးတော့ A9 2020 နဲ့ A5 2020 စမတ်ဖုန်းတွေကို “Unstoppable Fun” ဆောင်ပုဒ် နဲ့အညီ ပြည်တွင်းတွင် မကြာမီ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ရင်သက်ရှုမော လောက်အောင်ကြည်လင်ပြတ်သားသော ဓာတ်ပုံတွေကို ရှုထောင့်အမျိုးမျိုးကနေ ရိုက်ကူးနိုင်တဲ့ ကင်မရာ (၄)လုံး၊ အချိန်ကြာရှည်စွာ အသုံးပြုနိုင်တဲ့ 5,000 mAh ဘက်ထရီ၊ ဘက်ပေါင်းစုံကနေ အသံတွေကို ခံစားနိုင်မယ့် Dolby sound system ပါဝင်တဲ့ Stereo Speaker တို့နဲ့အတူ OPPO A9 2020 နဲ့ A5 2020 ဟာ ငယ်ရွယ်နုပျိုတဲ့ စမတ်ဖုန်းချစ်သူတွေဆီကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

OPPOသည် လွန်ခဲ့တဲ့ ၁၀နှစ်ခန့်ကတည်းက ပြည်ပဈေးကွက်တွေကို ထိုးဖောက်ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး  OPPO A Series ဟာလည်း ကမ္ဘာအနှံ့အပြားမှာရှိတဲ့ စမတ်ဖုန်းအသုံးပြုသူတွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ကစတင်ကာ မြန်မာနိုင်ငံ ဈေးကွက်တွင် OPPO A Series ရဲ့ ပထမဆုံး မျိုးဆက်ဖြစ်တဲ့ A 37 ကို မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ဒီဇိုင်း၊ ဓာတ်ပုံပညာနဲ့ ဘက်ထရီပိုင်း ကောင်းမွန်မှုတွေကြောင့် စမတ်ဖုန်း အသုံးပြုသူတွေ ကြားထဲမှာ ရေပန်းစားခဲ့တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့  လူငယ်တွေဟာ OPPO A Series ကို သူတို့ရဲ့ပထမဆုံး အသုံးပြုတဲ့ စမတ်ဖုန်း တစ်လုံးအဖြစ် ရွေးချယ်ခဲ့ကြပြီး လူငယ်တွေရဲ့ သဘောသဘာဝအတိုင်း အသစ်အသစ်သော အရာတွေကို A series နဲ့အတူ စူးစမ်း ရှာဖွေရင်း ဖြတ်သန်းခဲ့ကြပါတယ်။

ယနေ့ခေတ်လူငယ်တွေဟာ နေ့စဉ်ဘဝမှာ ပိုမိုအထောက်အကူဖြစ်စေမယ့် ဖုန်းအမျိုးအစားတွေကို ပိုမိုနှစ်သက်လာကြပါတယ်။ ဒါကြောင့် OPPO ကနေ မကြာခင်မှာ အသစ်ထွက်ရှိလာ မယ့် OPPO A9 2020 နဲ့ A5 2020 မှာ ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်းများ ဖြစ်ပြီး စမတ်ဖုန်းနှစ်မျိုးစလုံးမှာ ကင်မရာ (၄)လုံး ၊ စွမ်းဆောင်ရည်ကောင်းမွန်တဲ့  Snapdragon 665 processor ၊ ကြီးမားတဲ့ 5,000 mAh ဘက်ထရီနဲ့အတူ ဂိမ်းကစားခြင်းနဲ့ ရုပ်ရှင်ကြည့်ခြင်းတွေမှာ ‌အထောက်အကူ ပြုသော Dolby Atmos Sound Effect ပါဝင်တဲ့ Stereo Speakers တွေကြောင့် စိတ်လှုပ်ရှားဖွယ်ရာအသံများကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ထို့အပြင် OPPO A9 2020 နဲ့ A5 2020 စမတ်ဖုန်းအမျိုးအစား နှစ်မျိုးလုံးတွင် Sunlight screen ပါဝင်သည့်အတွက်ကြောင့် အသုံးပြုသူများ စာဖတ်တဲ့အခါမှာ နေရောင်ခြည်အောက်တွင် ထင်ရှားစွာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ OPPO ရဲ့ A series model အသစ်တွင် အသုံးပြုသူတွေအတွက် ပိုမို ကျယ်ပြန့်သော  Waterdrop  Screen ပါဝင်သည့် အပြင် Blue Shield mode ကြောင့် အန္တရာယ်ရှိတဲ့ blue light တွေကို ကာကွယ်ပေးပြီး အသုံးပြုသူများရဲ့ မျက်လုံးထိခိုက်မှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

OPPO A9 2020 မှာ မည်သည့်ပုံရိပ် မဆို သဘာဝကျကျ ရိုက်ချက်တွေကို ထင်ရှားစွာရိုက်ကူးပေးနိုင်မယ့် Quad Camera တည်ဆောက်ပုံဖြစ်တဲ့ 48MP Ultra Night Mode Main Camera၊ 8MP 119 ံ Ultra-Wide Camera၊ 2MP Mono Portrait Camera နဲ့ 2MP Film Portrait Camera တို့ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Snapdragon 665 processor ၊ Ram 8GB နဲ့အတူ ကြီးမားတဲ့ 5,000 mAh ဘက်ထရီ ကလည်းစမတ်ဖုန်းတစ်လုံးရဲ့ မြင့်မားတဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။

OPPO A5 2020 ရဲ့ ကင်မရာ (၄)လုံးမှာ 12MP Main Camera၊ 8MP 119 ံUltra Wide Camera၊ 2MP Mono Portrait Camera နဲ့ 2MP Film Portrait Camera တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ Ram ပိုင်းအနေနဲ့ 4GB ပါဝင်လာမှာ ဖြစ်ပြီး Storageပိုင်းမှာတော့ 128 GB ကိုအသုံးပြုထားမှာ ဖြစ်ပါတယ်။ OPPO ကနေဆန်းသစ်ပြီး စွမ်းဆောင်ရည်တွေ ပြည့်နက်နေသော စမတ်ဖုန်းတွေဖြစ်တဲ့ OPPO A9 2020 နှင့် OPPO A5 2020 ကို မြန်မာနိုင်ငံဈေးကွက်မှာ မကြာမီအချိန်အတွင်း မိတ်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။