
OPPO Find 7


OPPO Find X Teaser


OPPO Weibo Account


Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

OPPO ရဲ့ စစခြင်း Flagship ဖုန်းတစ်ခုဖြစ်ခဲ့တဲ့ Find 7 စမတ်ဖုန်းကို မှတ်မိကြသေးတယ်ဆိုရင် အဲ့ဒီ Find 7 စမတ်ဖုန်းတွေက OPPO ရဲ့ VOOC Fast Charging စနစ်တွေ၊ QHD Display တွေနဲ့ 50MP Image တွေကို ရရှိခဲ့တဲ့ Flagship ဖုန်းတွေပဲဖြစ်ပါတယ်။

OPPO Find 7

နောက်ပိုင်းမှာတော့ OPPO ကနေ Mid Range နဲ့ Entry Low-end ဖုန်းတွေဘက်ကို ပိုပြီး အာရုံစိုက်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Find Series ဟာလည်း သေဆုံးသွားခဲ့တယ်လို့ ပြောလို့ရပါတယ်။

OPPO Find X Teaser

ဒါပေမယ့် OPPO ရဲ့ Find Series ဖုန်းတွေက ပြန်ပြီး ထွက်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် OPPO ကုမ္ပဏီရဲ့ Weibo Profile မှာ Find X ဆိုပြီး ဓါတ်ပုံပြောင်းထားတာဖြစ်ပြီးတော့ “အနာဂတ်ရဲ့ Flagship ဖုန်း” အမည်ရတဲ့ စာသားကိုလည်းရေးသားထားခဲ့ပါတယ်။

OPPO Weibo Account

အခုလိုမျိုး OPPO က တကယ် Find X စမတ်ဖုန်းကို ထုတ်လာမယ်ဆိုရင် ဒါက စိတ်ဝင်စားစရာဖြစ်လာပြီးတော့ ပြီးခဲ့တဲ့ Find 7 ဖုန်းဟာဆိုရင် ၂၀၁၄ ခုနှစ်ထဲက ခေတ်ရှေ့ပြေးနေခဲ့တဲ့ Quad HD+ Display ၊ VOOC Fast Charging စနစ်တွေပါဝင်လာခဲ့တဲ့အတွက် အခု Find X ကလည်း လက်ရှိစမတ်ဖုန်းတွေထက် သိသိသာသာကို စွမ်းဆောင်ရည်အရရော၊ ဒီဇိုင်းနဲ့ Features တွေအရရော အရမ်းကောင်းလာမယ်ဆိုတာက ကျိန်းသေနေပါပြီ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com