[Zawgyi] 

စမတ္ဖုန္းေတြက ကားကုမၸဏီေတြနဲ႔ပူးေပါင္းလာတာက အခုေနာက္ပို္င္းမွာ ေတာ္ေတာ္ေလးေခတ္စားလာပါၿပီ။ Huawei ကေတာ့ နာမည္ေက်ာ္ၾကားလွတဲ့ ဂ်ာမန္ၿပိဳင္ကားကုမၸဏီ Porsche နဲ႔ပူးေပါင္းၿပီး Mate RS ဖုန္းကို ထုတ္ထားတာ မၾကာေသးပါဘူး။ အခုတစ္ေခါက္ကေတာ့ Oppo ကသင့္အိပ္မက္ထဲက Lamborghini ဖုန္းကို ဖန္တီးေပးလိုက္ပါၿပီ။ 

Find X Lamborghini Edition

Lamborghini ရဲ႕ကားေတြကို သင္ရင္းႏွီးမွာပါ။ စိတ္႐ုိင္းဝင္ေနတဲ့ ကၽြဲ႐ိုင္းတစ္ေကာင္က ေရွ႕မွာျမင္သမွ်ကို တိုက္ခိုက္ဖို႔ အသင့္ျဖစ္ေနတဲ့စိတ္အေျခအေနတစ္ခုကို ခံစားရေစမယ့္ Lamborghini ကားေတြမွာပါတဲ့ဝိဥာဏ္တစ္ခုကို Oppo ရဲ႕ Find X Lamborghini Edition မွာေတြ႕ရမွာပါ။ အဲ့တာကေတာ့ 3400mAh ရွိတဲ့ Battery ကို 0-100 အထိအားသြင္းဖို႔အတြက္ ၃၅ မိနစ္ပဲၾကာမွာျဖစ္ပါတယ္။ အခုလို အားအျမန္သြင္းေပးမယ့္ စနစ္ကို SuperVOOC လို႔နာမည္ေပးထားပါတယ္။ 5V 10A နဲ႔အားသြင္းေပးမယ့္ Charger ပါလာမွာျဖစ္ပါတယ္။ Charger မွာလည္း Lamborghini Logo ေလးပါတာေၾကာင့္ သင့္ဖုန္းရဲ႕ Charger ဆိုတာ မွားစရာအေၾကာင္းမရွိေတာ့ပါဘူး။ အထူးထုတ္ျဖစ္တယ္ဆိုတဲ့ ခံစားခ်က္ကို ေပးႏုိင္ပါတယ္။ 

SuperVOOC

Lamborghini Edition မွာေတာ့ ဖုန္းရဲ႕ထုတ္္ပိုးမႈပံုစံကအစ ကြဲျပားတဲ့ Design ကိုအသံုးျပဳေပးထားတာကိုေတြ႕ရပါတယ္။ အထဲမွာလည္း Lamborghini ေတြမွာ ေတြ႕ရေလ့ရွိတဲ့ လိေမၼာ္ေရာင္ကို ဘူးအတြင္းပို္င္းနဲ႔ အားသြင္းႀကိဳးအတြက္ အသံုးျပဳေပးထားပါတယ္။ ဖုန္းရဲ႕ေနာက္ေက်ာဖက္မွာေတာ့ Glass ကိုအသံုးျပဳထားၿပီး Glass ရဲ႕ေအာက္မွာေတာ့ Carbon Fiber ပံုစံ Texture ကိုထည့္သြင္းေပးထားတာေၾကာင့္ Lamborghini ၿပိဳင္ကားေတြရဲ႕ အေငြ႕အသက္ကိုရေစမွာျဖစ္ပါတယ္။ 512GB Storage တစ္မ်ိဳးတည္း ကိုသာဝယ္ယူလို႔ရမွာျဖစ္ၿပီး Qualcomm Snapdragon 845 Chip နဲ႔ RAM 8GB ပါဝင္မွာျဖစ္ပါတယ္။ Camera ေတြ အပါအဝင္ က်န္တဲ့ Feature အားလံုးကေတာ့ သာမန္ Oppo Find X ဖုန္းေတြနဲ႔ အတူတူပဲျဖစ္ပါတယ္။ Find X Lamborghini Edition ရဲ႕တန္ဖိုးကေတာ့ ခန္႔မွန္းျမန္မာေငြ သိန္းသံုးဆယ္ဝန္းက်င္ေလာက္ က်သင့္ႏုိင္ပါတယ္။ သင္ေရာ တန္ဖိုးႀကီး Edition ပစၥည္းေတြကို သေဘာက်သူလား၊ စုေဆာင္းရတာဝါသနာပါသူလား ဒါမွမဟုတ္ Lamborghini ပ႐ိသတ္တစ္ေယာက္လား။ 

Ref: Oppo

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

တန်ဖိုးကြီးပစ္စည်းတွေကို သဘောကျသူတွေအတွက် Oppo ရဲ့  Find X Automobili Lamborghini Edition

စမတ်ဖုန်းတွေက ကားကုမ္ပဏီတွေနဲ့ပူးပေါင်းလာတာက အခုနောက်ပိုင်းမှာ တော်တော်လေးခေတ်စားလာပါပြီ။ Huawei ကတော့ နာမည်ကျော်ကြားလှတဲ့ ဂျာမန်ပြိုင်ကားကုမ္ပဏီ Porsche နဲ့ပူးပေါင်းပြီး Mate RS ဖုန်းကို ထုတ်ထားတာ မကြာသေးပါဘူး။ အခုတစ်ခေါက်ကတော့ Oppo ကသင့်အိပ်မက်ထဲက Lamborghini ဖုန်းကို ဖန်တီးပေးလိုက်ပါပြီ။ 

Find X Lamborghini Edition

Lamborghini ရဲ့ကားတွေကို သင်ရင်းနှီးမှာပါ။ စိတ်ရိုင်းဝင်နေတဲ့ ကျွဲရိုင်းတစ်ကောင်က ရှေ့မှာမြင်သမျှကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတဲ့စိတ်အခြေအနေတစ်ခုကို ခံစားရစေမယ့် Lamborghini ကားတွေမှာပါတဲ့ဝိဉာဏ်တစ်ခုကို Oppo ရဲ့ Find X Lamborghini Edition မှာတွေ့ရမှာပါ။ အဲ့တာကတော့ 3400mAh ရှိတဲ့ Battery ကို 0-100 အထိအားသွင်းဖို့အတွက် ၃၅ မိနစ်ပဲကြာမှာဖြစ်ပါတယ်။ အခုလို အားအမြန်သွင်းပေးမယ့် စနစ်ကို SuperVOOC လို့နာမည်ပေးထားပါတယ်။ 5V 10A နဲ့အားသွင်းပေးမယ့် Charger ပါလာမှာဖြစ်ပါတယ်။ Charger မှာလည်း Lamborghini Logo လေးပါတာကြောင့် သင့်ဖုန်းရဲ့ Charger ဆိုတာ မှားစရာအကြောင်းမရှိတော့ပါဘူး။ အထူးထုတ်ဖြစ်တယ်ဆိုတဲ့ ခံစားချက်ကို ပေးနိုင်ပါတယ်။ 

SuperVOOC

Lamborghini Edition မှာတော့ ဖုန်းရဲ့ထုတ်ပိုးမှုပုံစံကအစ ကွဲပြားတဲ့ Design ကိုအသုံးပြုပေးထားတာကိုတွေ့ရပါတယ်။ အထဲမှာလည်း Lamborghini တွေမှာ တွေ့ရလေ့ရှိတဲ့ လိမ္မော်ရောင်ကို ဘူးအတွင်းပိုင်းနဲ့ အားသွင်းကြိုးအတွက် အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့နောက်ကျောဖက်မှာတော့ Glass ကိုအသုံးပြုထားပြီး Glass ရဲ့အောက်မှာတော့ Carbon Fiber ပုံစံ Texture ကိုထည့်သွင်းပေးထားတာကြောင့် Lamborghini ပြိုင်ကားတွေရဲ့ အငွေ့အသက်ကိုရစေမှာဖြစ်ပါတယ်။ 512GB Storage တစ်မျိုးတည်း ကိုသာဝယ်ယူလို့ရမှာဖြစ်ပြီး Qualcomm Snapdragon 845 Chip နဲ့ RAM 8GB ပါဝင်မှာဖြစ်ပါတယ်။ Camera တွေ အပါအဝင် ကျန်တဲ့ Feature အားလုံးကတော့ သာမန် Oppo Find X ဖုန်းတွေနဲ့ အတူတူပဲဖြစ်ပါတယ်။ Find X Lamborghini Edition ရဲ့တန်ဖိုးကတော့ ခန့်မှန်းမြန်မာငွေ သိန်းသုံးဆယ်ဝန်းကျင်လောက် ကျသင့်နိုင်ပါတယ်။ သင်ရော တန်ဖိုးကြီး Edition ပစ္စည်းတွေကို သဘောကျသူလား၊ စုဆောင်းရတာဝါသနာပါသူလား ဒါမှမဟုတ် Lamborghini ပရိသတ်တစ်ယောက်လား။ 

Ref: Oppo

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။