[Zawgyi] 




Find X




Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

၄ စက္ကန့်အတွင်း ရောင်းထွက်သွားခဲ့တဲ့ $1500 တန် OPPO Find X Lamborghini Editon

တန်ဖိုးကြီးပစ္စည်တွေက ရောင်းရခက်တာများပါတယ်။ တန်ဖိုးကြီး ဖုန်းတွေဆိုရင်ပိုတောင် ရောင်းရခက်ပါသေးတယ်။ ဒါပေမယ့် တန်ဖိုးကြီးနေရတဲ့အကြောင်းအရင်းပေါ် မူတည်ပြီး ရောင်းအားကောင်းတာမကောင်းတာက ကွဲပြားပါသေးတယ်။ OPPO ရဲ့ Find X Lamborghini Editon ကတော့ ဈေးကြီးပေမယ့် အမြန်ရောင်းထွက်သွားတဲ့ ထုတ်ကုန်တစ်ခုအဖြစ် မှတ်တမ်းဝင်သွားပါပြီ။ 

Find X Lamborghini Edition

OPPO က Find X ဖုန်း သုံးမျိုး မိတ်ဆက်ပေးသွားခဲ့ပါတယ်။ Find X ရိုးရိုး Version နဲ့အတူ Super VOOC ပါတဲ့ Version အပြင် $1500 တန် Find X Lamborghini Editon ဆိုပြီး ၃ မျိုး မိတ်ဆက်ခဲ့ပါတယ်။ Lamborghini Editoin ကတော့ ဈေးအကြီးဆုံဖြစ်ပေမယ့် ကျန်တဲ့ဖုန်းတွေထက် စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ Lamborghini Editoin ကို ၄ စက္ကန့်အတွင်းမှာ ရောင်းထွက်သွားခဲ့တယ်ဆိုတာကို OPPO က ကြေငြာခဲ့ပါတယ်။ ဒါကတော့ တကယ်ကို အံသြစရာကောင်းပါတယ်။ OPPO နဲ့ Lamborghini တို့ရဲ့ ပူးပေါင်းမှုက အောင်မြင်သွားတယ်လို့ပြောလို့ရပါတယ်။ 

Find X

Find X Lamborghini Edition ကတော့ သာမန် Find X Version နဲ့ သိသိသာသာကွဲပြားမှုမရှိဘဲ 6.42Inch ရှိတဲ့ Curved AMOLED Display ၊ Dual 20MP+16MP Camera တွေအပြင် 25MP Selfie Camera ပါဝင်ပါတယ်။ ကွာခြားချက်အနေနဲ့တော့ Battery က 3400mAh ပဲ ရှိတော့တာဖြစ်တာကြောင့် သာမန် Find X မှာပါတဲ့ 3730mAh ထက်တော့ နည်းနေတာတွေ့ရပါတယ်။ Super VOOC ကြောင့် Battery 0% ကနေ 100% ကိုရောက်ဖို့အတွက် အချိန် ၃၅ မိနစ်ပဲ ကြာမှာပါ။ 

Retail Packaging of Find X Lamborghini Edition

Lamborghini Edition ဖြစ်တာကြောင့် ဖုန်းရဲ့ နောက်ကျောဖက်မှာတော့ Carbon Fibre Design ကိုအသုံးပြုပေးထားပေမယ့် Body ကတော့ Glass ပါပဲ။ လက်ရှိအချိန်မှာ ဖုန်းက ရောင်းထွက်သွားပြီးဖြစ်နေတာကြောင့် မြန်မာနိုင်ငံကို ဝင်လာဖို့ကတော့ မလွယ်တော့ဘူးလို့ပြောလို့ရပါတယ်။ ဝင်လာခဲ့ဦးမယ်ဆိုရင်လည်း ဈေးကလက်ရှိထွက်ထားတဲ့ Galaxy Note 9 နဲ့ Porsche Designed Mate RS တို့လို တန်ဖိုးကြီး Flagship ဖုန်းစာရင်းထဲမှာ ရှိနေမှာဖြစ်တာကြောင့် ဝယ်ခွင့်ရသူတွေကတော့ သဘောကျမှာ အမှန်ပါပဲ။ Lamborghini ပရိသတ်ဖြစ်နေရင်တော့ ဒီဖုန်းကို လိုချင်မှာ သေချာပါတယ်။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။