OPPO F9
OPPO F9
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
OPPO Myanmar ကနေ ပြောကြားချက်အရ နိုင်ငံတကာစျေးကွက်တွေမှာ မိတ်ဆက်ပေးထားပြီဖြစ်တဲ့ OPPO F9 စမတ်ဖုန်းသစ်ကို မြန်မာပြည်မိုဘိုင်းစျေးကွက်တွင် တရားဝင်မိတ်ဆက်ပေးသွားမည်ဖြစ်တယ်လို့ သိရပါတယ်။ OPPO F9 တွင် ဒီဇိုင်းပိုင်းထူးခြားဆန်းသစ်မှုတစ်ခုအနေနဲ့ မိုဘိုင်းလောကတွင်ပထမဆုံးဖြစ်သော Display မှာ Selfie Camera အတွက် Notch ကို Waterdrop ရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်းကို စတင်အသုံးပြုပေးထားမည်ဖြစ်ပြီး Display မျက်နှာပြင်က ပိုပြီး ကျယ်ဝန်းလာတဲ့တဲ့အတွက် သုံးစွဲမှုအပိုင်းမှာလည်း တခြားသော ပုံမှန်ဒီဇိုင်းထက်အားသာချက်များစွာရှိလာဦးမှာပါ။
OPPO F9
OPPO F9 တွင် OPPO ၏ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်သည့် VOOC Flash Charge အားအမြန်သွင်းစနစ်ပါဝင်လာမည်ဖြစ်သည့်အတွက် ယနေ့ခေတ်မိုဘိုင်းလောက၏ မြန်မြန်ဆန်ဆန် Battery အားကုန်ခြင်းပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်တော့မယ်လို့ ယူဆရပါတယ်။OPPO ရဲ့ ပြောကြားချက်အရဆိုရင် ၅ မိနစ်အားသွင်းတာနဲ့တင် ၂ နာရီဖုန်းပြောနိုင်ဦးမယ်လို့ သိရပါတယ်။
OPPO F9
OPPO F9 တွင် အဆင့်မြှင့်တင်ပေးထားသည့် AI လုပ်ဆောင်မှုများနှင့်အတူ ပိုမိုကောင်းမွန်သည့် Portrait ဓာတ်ပုံများရိုက်ကူးစေရန်အတွက် Dual Rear Camera စနစ်ကိုပါတပ်ဆင်ပေးထားမည်ဖြစ်ပါတယ်။ အရောင်အသွေးပိုင်းကိုကြည့်မည်ဆိုလျှင် ပုံမှန်တစ်ရောင်တည်းကိုရွေးချယ်အသုံးပြုခြင်းထက် ခေတ်ဆန်ဖက်ရှင်ကျလှ ပစေမည့် Gradient Color အရောင်ပြေးဒီဇိုင်းကိုပါ ရွေးချယ်နိုင်စေဦးမည်ဖြစ်ကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချပေးမည့် OPPO F9 ၏အသေးစိတ်အချက်အလက်များကို OPPO Myanmar မှ ဆက်လက်ကြေညာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Zawyè (Akhayar) 
www.akhayar.com