[Zawgyi]
OPPO F7
OPPO
OPPO F7 Youth
[Unicode]
မနက်ဖြန်မိတ်ဆက်မယ့် OPPO F7 နဲ့ F7 Youth အကြောင်း သင်ဘယ်လောက်သိပြီးသွားပြီလဲ ?
OPPO F7
မနက်ဖြန်မှာမိတ်ဆက်တော့မယ့် OPPO F7 နဲ့ F7 Youth အကြောင်း သင်ဘယ်လောက်သိပြီးသွားပြီလဲ ?
လာမယ့် ၃၁ ရက်နေ့ (မနက်ဖြန်) ကျရင် MELIA Hotel မှာ OPPO F7 ကိုတရားဝင်မိတ်ဆက်တော့မှာပါ။ စိတ်ဝင်စားဖို့ကောင်းတာက မိတ်ဆက်မယ့်ဖုန်းက ၂မျိုးဖြစ်နေတာပါပဲ..
OPPO F7 အပြင် ၎င်းရဲ့ကိုယ်ပွား OPPO F7 Youth ကိုပါ တစ်ပါတည်းမိတ်ဆက်သွားမှာဖြစ်ပါတယ်။ F7 နဲ့ပတ်သက်ပြီး အချက်အလက်တော်တော်များများ ထွက်ပေါ်ပြီးဖြစ်ပေမယ့် Youth Edition နဲ့ပတ်သက်တာတွေကိုတော့ ခုချိန်ထိ လျှို့ဝှက်ထားပါသေးတယ်။
OPPO
F7 Youth ဟာ OPPO F7 နဲ့ယှဉ်ရင် Performance (RAM, ROM, CPU) ပိုင်းတွေ တူညီမှာလား? Battery ပမာဏကရော ဘယ်လောက်ပါဝင်မှာလဲ၊ Selfie နည်းပညာပိုင်းမှာရော ဘယ်လောက်ထိကောင်းမွန်တိုးတက်လာမှာလဲ ရောင်းချမယ့် ဈေးနှုန်းပမာဏကရော ဘယ်လောက်ဖြစ်မှာလဲ ဒီအချက်တွေအားလုံးဟာ F7 Youth အတွက် စိတ်ဝင်စားဖို့ကောင်းနေစေတဲ့အချက်တွေပါ။
OPPO F7 Youth
လက်တလော ထွက်ရှိထားတဲ့ Review တွေအရ OPPO F7 ဟာ Battery အသုံးခံမှု၊ UI လှပသေသပ်မှု၊ အသုံးပြုရတာ မြန်ဆန်သွက်လက်မှု အစရှိတဲ့အချက်တွေကြောင့် Tech Reviewer တွေအတော်များများပါ သဘောကျနေတဲ့ ဖုန်းတစ်လုံးဖြစ်နေပါတယ်၊ သင်ရော OPPO F7 နဲ့ F7 Youth နဲ့ပတ်သက်ပြီး စိတ်ဝင်စားနေပြီလား…မနက်ဖြန် နေ့လည် ၂ နာရီကျရင် မိတ်ဆက်ပွဲကို Akhayar-Tech ကနေတိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်လို့ F7 နဲ့ F7 Youth တို့ရဲ့အချက်အလက်တွေကို စောင့်ကြည့်ဖို့မမေ့နဲ့နော်