[Zawgyi]

အေရွ႕ေတာင္အာရွေစ်းကြက္တခ်ိဳ႕မွာမိတ္ဆက္ၿပီးေနၿပီျဖစ္တဲ့ OPPO F7

လက္ရွိအခ်ိန္မွာ OPPO ကုမၸဏီရဲ႕ စမတ္ဖုန္းအသစ္ျဖစ္တဲ့ OPPO F7 ဟာ အေရွ႕ေတာင္အာရွေစ်းကြက္တခ်ိဳ႕မွာမိတ္ဆက္ေနရာယူေနၿပီျဖစ္ပါတယ္။ အဆုိပါဖုန္းကို အႏၵိယေစ်းကြက္အတြက္ အေစာဆံုးအေနနဲ႔ March 26 တြင္မိတ္ဆက္ေပးခဲ့ၿပီး အင္ဒိုနီးရွားေစ်းကြက္ကိုေတာ့ April 17 ရက္မွာမိတ္ဆက္ေပးခဲ့ပါတယ္။

F7 ဟာ ၂၀၁၈ ခုႏွစ္အတြင္း ပထမဦး Noth ပါဝင္လာတဲ့ OPPO စမတ္ဖုန္းတစ္လံုးျဖစ္သလို Design၊ Color အေနအထားဟာလည္း ယခင္ျမင္ေနက်ပံုစံေတြလိုမဟုတ္ပဲ Glass Type Body အျဖစ္အသြင္ေျပာင္းလဲလာပါတယ္။ OPPO F7 ရဲ႕ အဓိက Feature ေတြကေတာ့ 25MP ရွိတဲ့ AI Selfie Camera၊ 6.23 Inch အရြယ္ (19:9) Display နဲ႔ လက္ရွိ Android OS ရဲ႕အျမင့္ဆံုး Version ျဖစ္တဲ့ Oreo (8.1) တို႔ပါဝင္မွာျဖစ္ပါတယ္။

အသစ္အဆန္းေတြကိုႀကိဳက္ႏွစ္သက္ၿပီး မိမိရဲ႕ ပင္ကိုယ္အလွေတြကို အေကာင္းဆံုးေဖာ္ျပေပးႏိုင္မယ့္ 25MP ရွိတဲ့ Selfie Camera ကေတာ့ ခုေခတ္လူငယ္ေတြအတြက္ အေတာ္ေလးစိတ္ဝင္စားစရာေကာင္းေနပါတယ္။၂၀၁၈ ခုႏွစ္အတြက္ေခတ္နဲ႔အမီလိုက္ေနတဲ့ စမတ္ဖုန္းတစ္လံုးပါ။

OPPO F7 ကို မေလးရွားနဲ႔ ဖိလစ္ပိုင္ႏိုင္ငံမွာလည္း အခုလ ၁၉ရက္ေန႔မွာမိတ္ဆက္ေပးခဲ့ၿပီးေတာ့ ျမန္မာႏိုင္ငံနဲ႔အရင္းႏွီးဆံုး အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ထိုင္းႏိုင္ငံမွာေတာ့ မေန႔က (၂၄.၄.၂၀၁၈) မွာမိတ္ဆက္ခဲ့ၿပီးျဖစ္ပါတယ္။ အေရွ႕ေတာင္အာရွေစ်းကြက္အေတာ္မ်ားမ်ားမွာ ေရာက္ရွိေနၿပီျဖစ္တဲ့ F7 ဟာ ျမန္မာႏိုင္ငံေစ်းကြက္ကိုေတာ့ဝင္ေရာက္လာျခင္းမရွိေသးပါဘူး။ ျမန္မာႏိုင္ငံက OFans ေတြကေတာ့ F7 ကိုေမွ်ာ္ေနေလာက္ၿပီထင္ပါတယ္။ သင္ေရာ OFans တစ္ေယာက္ဆိုရင္ OPPO F7 ကိုဝယ္ခ်င္ပါသလား? OPPO F7 မွာပါတဲ့ ဘယ္အခ်က္ကို သေဘာအက်ဆံုးျဖစ္မလဲ? ေျဖေပးခဲ့ၾကပါဦး…

[Unicode]

အရှေ့တောင်အာရှဈေးကွက်တချို့မှာမိတ်ဆက်ပြီးနေပြီဖြစ်တဲ့ OPPO F7

လက်ရှိအချိန်မှာ OPPO ကုမ္ပဏီရဲ့ စမတ်ဖုန်းအသစ်ဖြစ်တဲ့ OPPO F7 ဟာ အရှေ့တောင်အာရှဈေးကွက်တချို့မှာမိတ်ဆက်နေရာယူနေပြီဖြစ်ပါတယ်။ အဆိုပါဖုန်းကို အန္ဒိယဈေးကွက်အတွက် အစောဆုံးအနေနဲ့ March 26 တွင်မိတ်ဆက်ပေးခဲ့ပြီး အင်ဒိုနီးရှားဈေးကွက်ကိုတော့ April 17 ရက်မှာမိတ်ဆက်ပေးခဲ့ပါတယ်။

F7 ဟာ ၂၀၁၈ ခုနှစ်အတွင်း ပထမဦး Noth ပါဝင်လာတဲ့ OPPO စမတ်ဖုန်းတစ်လုံးဖြစ်သလို Design၊ Color အနေအထားဟာလည်း ယခင်မြင်နေကျပုံစံတွေလိုမဟုတ်ပဲ Glass Type Body အဖြစ်အသွင်ပြောင်းလဲလာပါတယ်။ OPPO F7 ရဲ့ အဓိက Feature တွေကတော့ 25MP ရှိတဲ့ AI Selfie Camera၊ 6.23 Inch အရွယ် (19:9) Display နဲ့ လက်ရှိ Android OS ရဲ့အမြင့်ဆုံး Version ဖြစ်တဲ့ Oreo (8.1) တို့ပါဝင်မှာဖြစ်ပါတယ်။

အသစ်အဆန်းတွေကိုကြိုက်နှစ်သက်ပြီး မိမိရဲ့ ပင်ကိုယ်အလှတွေကို အကောင်းဆုံးဖော်ပြပေးနိုင်မယ့် 25MP ရှိတဲ့ Selfie Camera ကတော့ ခုခေတ်လူငယ်တွေအတွက် အတော်လေးစိတ်ဝင်စားစရာကောင်းနေပါတယ်။၂၀၁၈ ခုနှစ်အတွက်ခေတ်နဲ့အမီလိုက်နေတဲ့ စမတ်ဖုန်းတစ်လုံးပါ။

OPPO F7 ကို မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံမှာလည်း အခုလ ၁၉ရက်နေ့မှာမိတ်ဆက်ပေးခဲ့ပြီးတော့ မြန်မာနိုင်ငံနဲ့အရင်းနှီးဆုံး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ မနေ့က (၂၄.၄.၂၀၁၈) မှာမိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အရှေ့တောင်အာရှဈေးကွက်အတော်များများမှာ ရောက်ရှိနေပြီဖြစ်တဲ့ F7 ဟာ မြန်မာနိုင်ငံဈေးကွက်ကိုတော့ဝင်ရောက်လာခြင်းမရှိသေးပါဘူး။ မြန်မာနိုင်ငံက OFans တွေကတော့ F7 ကိုမျှော်နေလောက်ပြီထင်ပါတယ်။ သင်ရော OFans တစ်ယောက်ဆိုရင် OPPO F7 ကိုဝယ်ချင်ပါသလား? OPPO F7 မှာပါတဲ့ ဘယ်အချက်ကို သဘောအကျဆုံးဖြစ်မလဲ? ဖြေပေးခဲ့ကြပါဦး…