[Zawgyi]




#Sponsored_by_OPPO

[Unicode]

အပြာရောင်တွေထဲမှာ ပိုမိုဆွဲဆောင်မှုရှိတဲ့ Dashing Blue ကို OPPO F5 အတွက် မိတ်ဆက်ပေးမည်

OPPO က မြန်မာပြည်မိုဘိုင်းဈေးကွက်အတွက် ပိုမိုစိတ်လှုပ်ရှားစရာကောင်းစေမယ့် ထူးထူးခြားခြားအရောင်သစ်တစ်မျိုးကို OPPO F5 ထုတ်ကုန်အတွက် မိတ်ဆက်ပေးသွားမှာဖြစ်ပြီး အသစ်မိတ်ဆက်ပေးမယ့် အရောင်က Dashing Blue လို့ခေါ်တဲ့ ပိုမိုဆွဲဆောင်မှုရှိတဲ့အပြာရောင်ပဲဖြစ်ပါတယ်။ ဒါကြောင့် OPPO F5 ကိုအသုံးပြုနေကြတဲ့သုံးစွဲသူတွေအနေနဲ့လည်း လက်ရှိမိတ်ဆက်ပေးထားတဲ့ ရွှေရောင်၊ အနက်ရောင်နဲ့ အနီရောင်တို့အပြင် မြန်မာပြည်ဈေးကွက်အတွက် ပထမဆုံးအဖြစ်တင်သွင်းလာမယ့် Dashing Blue အပြာရောင်ကိုပါဆက်လက်ရွေးချယ်နိုင်စေမှာဖြစ်ပါတယ်။ OPPO F5 အတွက် Dashing Blue အရောင်ဟာ ပုံမှန်မြင်တွေ့နေကျအပြာရောင်များထက် အရောင်စိုပြေတောက်ပမှုအပိုင်းမှာ ပိုမိုရွှန်းလဲ့မှုရှိသလို အဝေးကနေလှမ်းကြည့်ရင်တောင်မှ ဖမ်းစားနိုင်စွမ်းပိုမိုအားကောင်းတဲ့အရောင်မျိုးအဖြစ် ဖန်တီးပေးထားတာဖြစ်တယ်လို့ OPPO Myanmar ရဲ့တာဝန်ရှိသူတစ်ဦးကပြောဆိုထားပါတယ်။

OPPO F5 (Dashing Blue) ထုတ်ကုန်တွင် အရည်အသွေးမြင့်မားတဲ့ 20MP Selfie ကင်မရာနဲ့ 16MP နောက်ကင်မရာတို့ကိုထည့်သွင်းပေးထားပြီး ထူးခြားဆန်းသစ်တဲ့ A.I. Beauty Technology နည်းပညာကိုပါဓာတ်ပုံရိုက်ကူးမှုအတွက် အသုံးပြုရမှာဖြစ်ပါတယ်။ feature ပိုင်းဆိုင်ရာများတွင်လည် Andorid OS 7.1 (Nougat) ကို OPPO ရဲ့ ကိုယ်ပိုင် ColorOS Version 3.2 နဲ့ပေါင်းစပ်ပေးထားလို့ မြန်ဆန်သွက်လက်တဲ့ထိတွေ့မှုမျိုးကိုပါဆက်လက်ရရှိစေမှာဖြစ်ပါတယ်။ ဖုန်းရဲ့စွမ်းဆောင်ရည်အပိုင်းတွင်လည်း OPPO F5 ထုတ်ကုန်အတိုင်းအပြည့်အဝပါဝင်စေမှာဖြစ်ပြီး ဖုန်းရဲ့နောက်ကျောဘက်ဒီဇိုင်းက ပုံမှန်ထက်ပိုမိုဆွဲဆောင်မှုရှိတဲ့အစိတ်အပိုင်းအဖြစ်မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ OPPO F5 (Dashing Blue) အတွက် ဈေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကို OPPO Myanmar Facebook Page က ဆက်လက်ကြေညာပေးသွားမယ်လို့သိရပါတယ်။

#Sponsored_by_OPPO