စမတ်ဖုန်းလောကမှာ ဦးဆောင်နေတဲ့ OPPO ဟာ အရည်အသွေးကို ဦးစားပေး ထုတ်လုပ်ထားတဲ့ Reno Product အသစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဒါနဲ့တဆက်ထဲ Counterpoint Research Report ကနေ စမတ်ဖုန်းထုတ်လုပ်မှု 863% ထိတိုးလာခဲ့တာကြောင့် အောင်မြင်နေတဲ့ စမတ်ဖုန်း Brand အဖြစ် ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

အခု ထုတ်ကုန်အသစ်ကိုတော့ နယူးယောက်မှာ ထင်ရှားနေတဲ့ ဒီဇိုင်နာ Eddie Opara of Pentagram နဲ့ပူးပေါင်း ဖန်တီးခဲ့တာပါ။ ဒီထုတ်ကုန်ရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ကတော့ ထူးခြားစွာ ဝေ့ဝိုက်သွားတဲ့ အကွေးပုံစံနှင့်အတူ မြင်တွေ့ရမယ်။ ဒီဇိုင်းအသစ်မှာ Colour System အသစ်တစ်ခုနဲ့ Visual Layout System တစ်ခုပါဝင်လာပြီး စာလုံးပုံစံတမျိုးအဖြစ် OPPO Sans ကိုလည်း ပွဲထုတ်လိုက်ပါတယ်။

ပြင်သစ်နာမည်ကျော် Roland-Garros နှင့် Premium Partner ဖြစ်လာတဲ့ OPPO

OPPO ဟာ The Championships, Wimbledon နှင့် တရားဝင်ပါတနာအဖြစ် ဧပြီလမှာ စာချုပ်ချုပ်ခဲ့ပြီးဖြစ်ပါတယ်။ အခုခါမှာတော့ French Tennis Federation (FFT) နှင့် ပူပေါင်းလိုက်ပြီး The French Open ခေါ် Roland-Garros နှင့် Rolex Paris Masters တို့၏ Premium Partner အဖြစ် ၂၀၁၉ ခုနှစ် မှ ၂၀၂၁ ခုနှစ် အထိ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

ဒီလို Roland-Garros ပြိုင်ပွဲဆိုတာဟာ ကမ္ဘာကျော် Brand တွေဖြစ်တဲ့ Emirates, Lacoste, Peugeot နှင့် Rolex တို့နှင့် Premium Partner အဖြစ် စာချုပ်ချုပ်ဆိုထားတာဖြစ်တဲ့အတွက် OPPO ပါဝင်လာမှုဟာ စမတ်ဖုန်း လောကမှ Premium Partner အဖြစ် ပထမဆုံးပါဝင်လာတာလို့လည်း ပြောနိုင်ပါတယ်။

အဲ့ဒါကြောင့် Flagship ဖုန်းတွေဖြစ်တဲ့ FIND X နဲ့ မော်ဒယ်အသစ် Reno ဖုန်းတွေကို  Roland-Garros ရဲ့ Stadium အတွင်းရှိ ဓာတ်ပုံပြခန်းတွေမှာ ပြသထားမှာပါ။ နောက်ဆိုရင် ကမ္ဘာပေါ်က တင်းနစ်ပရိသတ်တွေ နောက်ဆုံးပေါ် Product အသစ်တွေနဲ့ နည်းပညာတွေကို လေ့လာနိုင်ဖို့ OPPO အထူးဇုန်ကိုလည်း ထားရှိသွားမှာပါ။ အဲ့သလို Wimbledon, Roland-Garros တို့နှင့်တရားဝင်စာချုပ်ချုပ်လိုက်တဲ့အတွက် ဥရောပမှာလည်း OPPO ရဲ့ Brand Image ပို ကျယ်ပြန့်လာခဲ့ပါတယ်။

Reno နဲ့ Reno 10X တွေကို ဥရောပ၊ အိန္ဒိယနဲ့ တရုတ်မှာ မိတ်ဆက်လိုက်ပြီ

အခုဆိုရင်တော့ R series နေရာမှာ Reno ဆိုပြီးတော့ OPPO ရဲ့ နောက်ထပ် Premium Smartphone တွေကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ တရုတ်မှာ ဧပြီလ (၁၀) ရက်နေ့၊ ဥရောပမှာ ဧပြီလ (၂၄) ရက်နေ့၊ အိန္ဒိယမှာမေလ (၂၈) ရက်နေ့ အသီးသီး မိတ်ဆက်ခဲ့တာပါ။ ဒီ OPPO Reno စီးရီးမှာ Reno နဲ့ Reno 10x ဆိုပြီး မော်ဒယ် ၂ မျိုး ထွက်ရှိလာတာဖြစ်ပြီး မြန်မာနိုင်ငံကိုလည်း ရောက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

2B (Akhayar)
www.akhayar.com