
OPPO A3s

အခုနောက်ပိုင်း ခေတ်စားလာတဲ့ Price to Performance Ratio အရလည်း ကောင်းမွန်တယ်လို့ ပြောလို့ရတဲ့ ဈေးနှုန်း ၁၉၉,ဝဝဝ ကျပ်ဖြင့်ရောင်းချပေးလျက်ရှိသလို ဝယ်ယူအသုံးပြုသူများအနေနဲ့ တစ်လလျှင် ဖုန်းငွေဖြည့်ကဒ် ၅ဝဝဝ ကျပ်ဖြည့်သွင်းရုံဖြင့် Telenor Data Package ကို 1GB ရရှိစေမည်ဖြစ်ပြီး ၆လဆက်တိုက်အဖြစ် 6GB အထိခံစားခွင့်ရရှိစေမှာဖြစ်တယ်လို့ သိရပါတယ်။

OPPO A3s


OPPO A3s


Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

OPPO Myanmar ကတင်သွင်းရောင်းချပေးသမျှ စမတ်ဖုန်းများတွင် battery ပါဝင်မှုအကြီးဆုံးနှင့် ပထမဆုံး Dual Camera စနစ်တို့ပါဝင်သည့် OPPO A3s ကို ယခုအခါတွင် မြန်မာတစ်နိုင်ငံလုံးရှိ OPPO အရောင်းဆိုင်များမှာ စတင်ဝယ်ယူနေနိုင်ပြီဖြစ်တယ်လို့ သိရှိရပြီး အနီရောင်နှင့် ခရမ်းနက် အရောင်၂မျိုးကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။

OPPO A3s

အခုနောက်ပိုင်း ခေတ်စားလာတဲ့ Price to Performance Ratio အရလည်း ကောင်းမွန်တယ်လို့ ပြောလို့ရတဲ့ စျေးနှုန်း ၁၉၉,ဝဝဝ ကျပ်ဖြင့်ရောင်းချပေးလျက်ရှိသလို ဝယ်ယူအသုံးပြုသူများအနေနဲ့ တစ်လလျှင် ဖုန်းငွေဖြည့်ကဒ် ၅ဝဝဝ ကျပ်ဖြည့်သွင်းရုံဖြင့် Telenor Data Package ကို 1GB ရရှိစေမည်ဖြစ်ပြီး ၆လဆက်တိုက်အဖြစ် 6GB အထိခံစားခွင့်ရရှိစေမှာဖြစ်တယ်လို့ သိရပါတယ်။

OPPO A3s

OPPO A3s ကို Notch ပါဝင်တဲ့ Display ဒီဇိုင်းဖြင့်ဖန်တီးထုတ်လုပ်ထားပြီး 720×1520 pixels ရုပ်ထွက်အရည်အသွေးရှိ 6.2 inch Display အမျိုးအစားကိုအသုံးပြုထားသည်။ အဆင့်မြှင့်တင်ထားသော AI နည်းပညာသုံး 8MP ရှေ့ကင်မရာနှင့်အတူ Portrait ပုံများကိုပါရိုက်ယူနိုင်စေမည့် 13MP+2MP Dual Camera တို့ကို တပ်ဆင်အသုံးပြုပေးထားသည်။ ဖုန်း၏စွမ်းဆောင်မှုအပိုင်းအတွက် Octa-core 1.8 GHz မြန်နှုန်းရှိ Snapdragon 450 CPU နှင့်အတူ RAM 2GB နဲ့ တွဲဖက်ပေးထားပါတယ်။ Internal Storage အနေနဲ့တော့ 16GB ပါဝင်မှာဖြစ်ပြီး SD ကဒ်မှတစ်ဆင့် 256GB အထိ ထပ်တိုးအသုံးပြုနိုင်ဦးမှာပါ။ 4G ကွန်ရက်ကို ထောက်ပံ့ပေးသလို Dual SIM ကဒ်တို့ကိုပါအသုံးပြုနိုင်စေဦးမှာပါ။

OPPO A3s

OPPO A3s ၏အကြီးမားဆုံးအားသာချက်တစ်ခုမှာ ယနေ့ခေတ်မိုဘိုင်းအသုံးပြုမှုကို ပိုမိုကြာရှည်စေမည့် ကြီးမားသည့် 4230 mAh battery အမျိုးအစားကိုအသုံးပြုပေးထားပြီး ပုံမှန်အတိုင်းသုံးစွဲပါက ၁၅နာရီဝန်းကျင်အထိကြာရှည်ခံမယ်လို့ သိရပါတယ်။ Operating System အနေနဲ့ကတော့ Android OS 8.1 (Oreo) ကိုအခြေခံထားသည့် ColorOS 5.1 version ကို OPPO A3s တွင်ထည့်သွင်းထားတာဖြစ်ပါတယ်။

Zawyè (Akhayar) 

www.akhayar.com