ဒီနှစ်အတွက် Game အသစ်တွေကို မြင်တွေ့ခဲ့ရတဲ့ E3 Event မှာ Web Browser တစ်ခုဖြစ်တဲ့ Opera ကလည်း ထူးထူးခြားခြား Product တစ်ခုကို မိတ်ဆက်သွားခဲ့ပါတယ်။ အဲ့ဒါကတော့ Opera GX လို့ နာမည်ပေးထားတဲ့ Gaming Browser အသစ်ကို မိတ်ဆက်လိုက်တာပဲဖြစ်ပါတယ်။

 

ဒီ Opera GX Browser ကို Opera ကတော့ “World’s First Gaming Browser” လို့ နာမည်ပေးထားပြီးတော့ တကယ့် Gamer တွေအတွက် ရည်ရွယ်ပြီး ထုတ်ပေးလိုက်တာလည်းဖြစ်ပါတယ်။

Opera GX Gaming Browser

Opera GX Browser ရဲ့ အဓိကအနေနဲ့ CPU နဲ့ RAM အသုံးပြုမှုတွေကို Limit လုပ်နိုင်တဲ့ Panel တစ်ခုပါဝင်မှာပဲဖြစ်ပြီးတော့ Game ဆော့နေတဲ့အချိန်မှာ Browser က CPU နဲ့ RAM စားသုံးမှုတွေကို ကိုယ့်စိတ်ကြိုက် Limit လုပ်နိုင်မှာပါ။ ဒါကြောင့် Opera GX Browser ကို သုံးနေတဲ့သူတွေဆိုရင် Game ဆော့နေလို့ နောက်ဖက်မှာ Browser ကို ပိတ်ထားစရာမလိုဘဲ CPU နဲ့ RAM ကို Limit လုပ်ပြီး သုံးနိုင်နေဦးမှာပါ။

Opera GX Gaming Browser

ဒါ့အပြင် Opera GX Browser မှာ Gaming နဲ့ သက်ဆိုင်တဲ့သတင်းတွေကို ဖော်ပြပေးမယ့် Tab တစ်ခုလည်းပါမှာဖြစ်ပြီး Twitch Subscription တွေကို ချက်ချင်းပြန်ကြည့်နိုင်တဲ့ Panel တစ်ခုလည်း ထည့်သွင်းထားပါသေးတယ်။ ဒီ Panel က ကိုယ်ကြည့်နေကြ Streamer တစ်ယောက်က Live ဖြစ်သွားတာနဲ့ Noti ပေးသွားဦးမှာပါ။

Opera GX Gaming Browser

Opera GX Browser ရဲ့ အဓိကအားသာချက်တစ်ခုက အရောင်တွေကိုစိတ်ကြိုက်ပြောင်းလဲနိုင်တာဖြစ်ပြီး Default အနေနဲ့ Gaming Product ဆန်တဲ့ အနက်ရောင်နဲ့ အနီရောင်ကို ထားထားပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Free VPN ၊ Ad Blocker ၊ Facebook Messenger နဲ့ WhatsApp လို Messaging Service တွေအတွက် Pop-out Panel တွေကိုလည်း Support ပြုလုပ်ပေးသွားဦးမှာပါ။

Opera GX Gaming Browser

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Opera GX Browser က Gamer တွေအတွက်တော့ သဘောကျစရာဖြစ်လာဦးမှာပါ။

Ref : The Verge