OpenAI ဘုတ်အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်ပြီဖြစ်တဲ့ Elon Musk





Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Elon Musk ဟာ သူကိုယ်တိုင် Co-founder အနေနဲ့ တည်ထောင်ထားတဲ့ အကျိုးအမြတ်ရယူထားခြင်းမရှိတဲ့ Research Group တစ်ခုဖြစ်တဲ့ OpenAI ကနေ အခုအချိန်မှာ ထွက်ခွာတော့မှာဖြစ်ပါတယ်။ အခု OpenAI Group ဟာဆိုရင် Y Combinator President ဖြစ်တဲ့ Sam Altman နဲ့အတူ အမူအကျင့်နဲ့ AI – ညဏ်ရည်တုတွေကနေ လုံခြုံမှုရှိစေမှုအတွက် တည်ထောင်ထားတာလည်းဖြစ်ပါတယ်။

အခုလိုမျိုး OpenAI ကနေ Elon Musk ထွက်သွားတယ်ဆိုတာကို Blog Post အတိုလေးတစ်ခုမှာပြောကြားခဲ့တာဖြစ်ပြီးတော့ Elon Musk ကတော့ OpenAI အပေါ်မှာ လုပ်ကိုင်နေတဲ့အလုပ်တွေနဲ့ Elon Musk ပိုင်ဆိုင်တဲ့ Tesla ကနေ အလိုအလျောက် ကားမောင်းနှင်မှုတွေအပေါ်ကို ရှာဖွေမှုတွေပြုလုပ်နေတဲ့ Machine Learning စနစ်တွေနဲ့ ရောထွေးသွားမှာဖြစ်တဲ့အတွက် ထွက်ခွာတာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Elon Musk ဟာ OpenAI အပေါ်မှာ အလှူရှင်အနေနဲ့ ရှိနေဦးမှာဖြစ်ပြီး လိုအပ်တဲ့အကြံညဏ်တွေကို ပေးသွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Blog Post မှာ OpenAI အတွက် အလှူရှင်အသစ်တွေကိုလည်း ကြေငြာသွားခဲ့ပြီး Video Game Developer Gabe Newell ၊ Skype Founder Jaan Tallinn နဲ့ အမေရိက နဲ့ ကနေဒါ အိုလံပစ်ပြိုင်ပွဲဝင်တွေဖြစ်တဲ့ Ashton Eaton နဲ့ Brainne Theisen-Eaton တို့ပါဝင်လာပြီပဲဖြစ်ပါတယ်။ OpenAI ကတော့ အခုလိုမျိုး အလှူရှင်တွေများပြားလာတဲ့အတွက် လူသားတွေအနေနဲ့ Artificial Intelligence – ညဏ်ရည်တု တွေကိုပိုပြီး အကျိုးရှိအောင်အသုံးချနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

OpenAI ဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက တည်ထောင်ခဲ့တာဖြစ်ပြီးတော့ အချိန်တိုအတွင်းမှာ နိုင်ငံတကာ Machine Learning အသိုက်အဝန်းမှာ လူသိများလာတာပဲဖြစ်ပါတယ်။ အခုအချိန်မှာ OpenAI ဟာ ကွန်ပျူတာတွေကို ခိုင်းစေချက်အနည်းငယ်နဲ့ စက်ရုပ်တွေကို ခိုင်းစေနိုင်တဲ့ “One-shot Learning” နဲ့ Dota လိုမျိုး လူကြိုက်များတဲ့ ဂိမ်းတွေကို ကစားနိုင်တဲ့ AI Agent တွေကို အပါအဝင်အခြားသော Machine Learning နဲ့ သက်ဆိုင်တဲ့အရာတွေကိုဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com