[Zawgyi]

တစ်နေ့ကို ရေနံစည် ငါးသိန်း ထုတ်လုပ်မှုတိုးမြှင့်ဖို့ လျှို့ဝှက်ဆွေးနွေးခဲ့တယ်ဆိုတဲ့ OPEC

OPEC (Organization of the Petroleum Exporting Countries) လို့ ခေါ်တဲ့ ရေနံတင်ပို့သူနိုင်ငံများအဖွဲ့ရဲ့ အဖွဲ့ဝင်တချို့နဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့ဟာ သူတို့ရဲ့ ရေနံထုတ်လုပ်မှုကို မြှင့်တင်ဖို့နဲ့ ရေနံဈေးတွေ မြင့်တက်နေတာကို ဟန့်တားနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ Reuters သတင်းဌာနကို သတင်းရစ်မြစ်တစ်ခုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ အမေရိကန်က အီရန်ပေါ်မှာ ထားရှိတဲ့ Sanctions တွေကြောင့် ကမ္ဘာလုံးဆိုင်ရာအနေနဲ့ ရေနံထောက်ပံ့မှု ပြတ်လပ်ခြင်း ဖြစ်ပေါ်နေပါတယ်။

ဒီသတင်းဟာ ပြီးခဲ့တဲ့ အပတ်က အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ မြို့တော် Algiers မှာလုပ်ခဲ့တဲ့ OPEC+ အစည်းအဝေးမှာ ဆော်ဒီအာရေဗျနိုင်ငံက ထုတ်ပြန်ခဲ့တဲ့ သတင်းနဲ့တော့ ဆန့်ကျင်ဘက်တွေ ဖြစ်နေခဲ့ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံကတော့ ဒီလို ဆွေးနွေးမှုတွေကို အများပြည်သူသိအောင် မလုပ်ချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Iran Sanctions ကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တွေကို ကာကွယ်ဖို့ ရေနံအပိုထုတ်လုပ်ရမယ်ဆိုပေမယ့် အပိုထုတ်လုပ်နိုင်စွမ်းမရှိတဲ့ OPEC အဖွဲ့ဝင်နိုင်ငံတွေ စိတ်မပျက်စေဖို့ပဲ ဖြစ်ပါတယ်။