ကိုယ္အင္တာနက္သံုးေနတာ အျမန္ႏႈန္းမွန္မမွန္ ဘယ္လိုၾကည့္ၾကမလဲ?

တခါတေလ အင္တာနက္ အသံုးျပဳေနတုန္းမွာ ကုိယ္သံုးေနတဲ့လုိင္းက သာမန္ထက္သိသိသာသာက်သြားတာမ်ိဳးကို ၾကံဳဖူးၾကမွာပါ။ အဲ့ဒီအခ်ိန္မွာ Network Single ကေတာ့ 3G ဒါမွမဟုတ္ 4G ပဲျပေနမွာျဖစ္ေပမယ့္ တကယ္တမ္း လုိင္းကအျမန္ႏႈန္းဘယ္ေလာက္ရွိေနသလဲဆိုတာကို သိဖုိ႔ခက္တာပဲျဖစ္ပါတယ္။

အဲ့ဒီအတြက္ တကယ္လုိ႔ ကုိယ္သံုးေနတဲ့ WiFi ဒါမွမဟုတ္ Mobile Internet တစ္ခုခုက ေႏွးသြားျပီလုိ႔ခံစားရတယ္ဆုိရင္ တကယ္ အျမန္ႏႈန္းက ဘယ္ေလာက္ထိရွိေနသလဲဆိုတာကို သိႏုိင္တဲ့နည္းလမ္းတစ္ခုကို ေဝမွ်ေပးခ်င္ပါတယ္။ အဲ့ဒါကေတာ့ အခ်ိဳ႕ေသာသူေတြကေတာ့ သိျပီးျဖစ္ေနမယ့္ Speedtest Application ပဲျဖစ္ပါတယ္။

Speedtest App ကို အရင္ဆံုးအေနနဲ႔ Google Play Store ဒါမွမဟုတ္ Apple App Store မွာ Download ရယူႏုိင္ျပီး စမ္းသပ္ႏုိင္မွာပဲျဖစ္ပါတယ္။ အဆိုပါ Application ဟာ လက္ရွိ Google Play Store မွာလည္း Download ရယူအသံုးျပဳသူ သန္း ၁၀၀ ေက်ာ္ရွိေနျပီျဖစ္တဲ့ App တစ္ခုလည္းျဖစ္ပါတယ္။

အခုလုိမ်ိုဳး Speedtest ကေန အျမန္ႏႈန္းကို စမ္းသပ္တဲ့အခ်ိန္မွာ Ping Response Time ၊ Download နဲ႔ Upload Speed ေတြကို ေဖာ္ျပေပးမွာျဖစ္ျပီး Online Mulitplayer Game ေတြကစားတဲ့သူေတြကလြဲျပီးေတာ့ အျခားေသာသာမန္သူေတြအတြက္ကေတာ့ Ping ရလဒ္က အေရးသိပ္မၾကီးဘူးလို႔ ေျပာလုိ႔ရပါတယ္။

အဓိက တုိင္းတာတဲ့အခ်ိန္မွာ ၾကည့္ရမယ့္အခ်က္ကေတာ့ Download Speed နဲ႔ Upload Speed ပဲျဖစ္ျပီးေတာ့ လက္တေလာမွာ Mobile Broadband နဲ႔ Router ကတစ္ဆင့္ ခ်ိတ္ဆက္တဲ့ Wireless AP Network အမ်ားစုက ကိုယ္အသံုးျပဳတဲ့ အျမန္ႏႈန္းအေပၚမႈတည္ျပီး အမ်ားအားျဖင့္ 4Mbps ကေန 8Mbps အတြင္းရွိတတ္ျပီး စမတ္ဖုန္း SIM Card ကေန အသံုးျပဳတဲ့ Mobile Internet ေတြကေတာ့ သိသိသာသာကို ပိုျပီးျမန္ဆန္မွာပဲျဖစ္ပါတယ္။

ဥပမာအေနနဲ႔ေျပာရမယ္ဆုိရင္ Ooredoo ရဲ႕ 4G+ Network ကို Speedtest App မွာစမ္းသပ္ၾကည့္တဲ့အခ်ိန္မွာ 64.48Mbps အထိေတာင္ ရရွိေနတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ အျမန္ႏႈန္းအေနနဲ႔ သာမန္အသံုးျပဳတာေတြတင္မဟုတ္ပဲ အင္တာနက္လုိအပ္မႈမ်ားျပားတဲ့အခ်ိန္မ်ိဳးေတြအတြက္ေတာင္ အေကာင္းဆံုး အျမန္ႏႈန္းလုိ႔ေျပာလုိ႔ရပါတယ္။ တစ္ခုရွိတာကေတာ့ အခု အျမန္ႏႈန္းဟာ ေနရာအျပင္ အသံုးျပဳထားတဲ့ဖုန္းအမ်ိဳးအစားအေပၚမႈတည္ျပီးေတာ့ ေျပာင္းလဲႏုိင္တဲ့အတြက္ ဒီတစ္ခ်က္ကေတာ့ ထည့္ျပီး စဥ္းစားထားရမွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ လုိင္းမေကာင္းဘူးဆုိရင္ Speedtest နဲ႔ စစ္ၾကည့္လုိက္ဦးေနာ္။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

တခါတလေ အင်တာနက် အသုံးပြုနေတုန်းမှာ ကိုယ်သုံးနေတဲ့လိုင်းက သာမန်ထက်သိသိသာသာကျသွားတာမျိုးကို ကြုံဖူးကြမှာပါ။ အဲ့ဒီအချိန်မှာ Network Single ကတော့ 3G ဒါမှမဟုတ် 4G ပဲပြနေမှာဖြစ်ပေမယ့် တကယ်တမ်း လိုင်းကအမြန်နှုန်းဘယ်လောက်ရှိနေသလဲဆိုတာကို သိဖို့ခက်တာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် တကယ်လို့ ကိုယ်သုံးနေတဲ့ WiFi ဒါမှမဟုတ် Mobile Internet တစ်ခုခုက နှေးသွားပြီလို့ခံစားရတယ်ဆိုရင် တကယ် အမြန်နှုန်းက ဘယ်လောက်ထိရှိနေသလဲဆိုတာကို သိနိုင်တဲ့နည်းလမ်းတစ်ခုကို ဝေမျှပေးချင်ပါတယ်။ အဲ့ဒါကတော့ အချို့သောသူတွေကတော့ သိပြီးဖြစ်နေမယ့် Speedtest Application ပဲဖြစ်ပါတယ်။

Speedtest App ကို အရင်ဆုံးအနေနဲ့ Google Play Store ဒါမှမဟုတ် Apple App Store မှာ Download ရယူနိုင်ပြီး စမ်းသပ်နိုင်မှာပဲဖြစ်ပါတယ်။ အဆိုပါ Application ဟာ လက်ရှိ Google Play Store မှာလည်း Download ရယူအသုံးပြုသူ သန်း ၁၀၀ ကျော်ရှိနေပြီဖြစ်တဲ့ App တစ်ခုလည်းဖြစ်ပါတယ်။

အခုလိုမျိုုး Speedtest ကနေ အမြန်နှုန်းကို စမ်းသပ်တဲ့အချိန်မှာ Ping Response Time ၊ Download နဲ့ Upload Speed တွေကို ဖော်ပြပေးမှာဖြစ်ပြီး Online Mulitplayer Game တွေကစားတဲ့သူတွေကလွဲပြီးတော့ အခြားသောသာမန်သူတွေအတွက်ကတော့ Ping ရလဒ်က အရေးသိပ်မကြီးဘူးလို့ ပြောလို့ရပါတယ်။

အဓိက တိုင်းတာတဲ့အချိန်မှာ ကြည့်ရမယ့်အချက်ကတော့ Download Speed နဲ့ Upload Speed ပဲဖြစ်ပြီးတော့ လက်တလောမှာ Mobile Broadband နဲ့ Router ကတစ်ဆင့် ချိတ်ဆက်တဲ့ Wireless AP Network အများစုက ကိုယ်အသုံးပြုတဲ့ အမြန်နှုန်းအပေါ်မှုတည်ပြီး အများအားဖြင့် 4Mbps ကနေ 8Mbps အတွင်းရှိတတ်ပြီး စမတ်ဖုန်း SIM Card ကနေ အသုံးပြုတဲ့ Mobile Internet တွေကတော့ သိသိသာသာကို ပိုပြီးမြန်ဆန်မှာပဲဖြစ်ပါတယ်။

ဥပမာအနေနဲ့ပြောရမယ်ဆိုရင် Ooredoo ရဲ့ 4G+ Network ကို Speedtest App မှာစမ်းသပ်ကြည့်တဲ့အချိန်မှာ 64.48Mbps အထိတောင် ရရှိနေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အမြန်နှုန်းအနေနဲ့ သာမန်အသုံးပြုတာတွေတင်မဟုတ်ပဲ အင်တာနက်လိုအပ်မှုများပြားတဲ့အချိန်မျိုးတွေအတွက်တောင် အကောင်းဆုံး အမြန်နှုန်းလို့ပြောလို့ရပါတယ်။ တစ်ခုရှိတာကတော့ အခု အမြန်နှုန်းဟာ နေရာအပြင် အသုံးပြုထားတဲ့ဖုန်းအမျိုးအစားအပေါ်မှုတည်ပြီးတော့ ပြောင်းလဲနိုင်တဲ့အတွက် ဒီတစ်ချက်ကတော့ ထည့်ပြီး စဉ်းစားထားရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လိုင်းမကောင်းဘူးဆိုရင် Speedtest နဲ့ စစ်ကြည့်လိုက်ဦးနော်။

Zawyè (Akhayar) 

www.akhayar.com