မြန်မာနိုင်ငံရဲ့ မြို့နယ်တွေရဲ့ သုံးပုံ နှစ်ပုံမှာ ရရှိနေပြီဖြစ်တဲ့ Ooredoo 4G Plus





 


Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Ooredoo ဟာ လက်ရှိအချိန်မှာ လိုင်းဆွဲအားအကောင်းဆုံး Mobile Network တစ်ခုဖြစ်ပြီးတော့ ဖလန်းဖလန်း 4G Plus အင်တာနက်ဟာ ယခင်ကထက်ပိုပြီး ကောင်းတဲ့အခြေအနေတစ်ခုကို ရရှိလာပြီဖြစ်ပါတယ်။ အဲ့ဒါကတော့ Ooredoo ကနေ 4G Plus ကို နေရာတွေအများအပြားမှာ ရရှိလာတာပဲဖြစ်ပါတယ်။

Ooredoo ရဲ့ 4G Plus Network ကွန်ရက်ကို လက်ရှိအချိန်မှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်အားလုံးရဲ့ သုံးပုံ နှစ်ပုံဖြစ်တဲ့ မြို့နယ်ပေါင်း ၂၀၀ မှာ ဖြန့်ကျက်ထားနိုင်ပြီလို့ သိရပါတယ်။ အခုလိုမျိုး ရရှိနေတဲ့ မြို့နယ်တွေဟာလည်း အကောင်းဆုံး၊ လိုင်းအတည်ငြိမ်ဆုံး နဲ့ အမြန်ဆန်ဆုံးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Ooredoo ရဲ့ 4G Plus Network ဆိုတာကတော့ လက်ရှိသာမန် အင်တာနက်အသုံးပြုတဲ့ Network Frequency တွေဖြစ်တဲ့ 3G နဲ့ 4G တွေထဲမှာမှ 4G Network ကို ပိုပြီး အဆင့်မြှင့်တင်ထားတဲ့ Network တစ်ခုလို့ ပြောလို့ရပါတယ်။ အဲ့ဒီအတွက် အင်တာနက်ကို ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ အသုံးပြုနိုင်မှာပါ။

4G Plus Network ဟာ ဘယ်လောက်ထိ အမြန်နှုန်းရှိနေမလဲ၊ ယခင် 3G လိုမျိုး Network တွေနဲ့ ဘာတွေကွာခြားသွားမလဲဆိုတာကို အနည်းငယ်ရှင်းပြသွားချင်ပါတယ်။ သာမန် 3G Network နဲ့အသုံးပြုတာက Download Speed အနေနဲ့ 10Mbps အထက်ရရှိဖို့ ခဲယဉ်းတဲ့အပြင် Ping လို့ ခေါ်တဲ့ Response Time ကလည်း Millisecond တွေများပြားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် 4G Speed မှာတော့ Ping က သိသိသာသာကို ဆယ်ဂဏန်းအထိကျဆင်းသွားပြီးတော့ Download Speed ကလည်း 10Mbps ကနေ 20Mbps အတွင်းရှိလာတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Ooredoo ရဲ့ 4G Plus ကို စမ်းသပ်တဲ့အချိန်မှာတော့ Ping က 20 ms အောက်ပဲရှိနေတာဖြစ်ပြီးတော့ Download Speed ကလည်း အနည်းဆုံး 30Mbps အထက်ကိုရှိနေတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက် 4G Plus Network ဟာ အမြန်နှုန်းကို လိုချင်တဲ့သူတွေအတွက်တော့ ကျိန်းသေပေါက်ရွေးချယ်စရာတစ်ခုဖြစ်တယ်လို့ ပြောရမှာပါ။

အခုဒီလို မြို့နယ်ပေါင်း ၂၀၀ မှာ ရရှိနေတဲ့အကြောင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့ Melia Hotel မှာ အောင်မြင်စွာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အခုလိုမျိုး Ooredoo ရဲ့ မြန်ဆန်တဲ့ ဖလန်းဖလန်း 4G Plus Network ကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ အသုံးပြုနိုင်တော့မှာဖြစ်တဲ့အတွက် အသုံးပြုသူတွေအနေနဲ့ မြန်ဆန်တဲ့ Mobile Internet ကို အဆင်ပြေပြေနဲ့ အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။

 

ဘာပဲဖြစ်ဖြစ် အချိန်တစ်ခုအတွင်းမှာ အခုလိုမျိုး နေရာအမြောက်အများကို ဖြန့်ကျက်ထားနိုင်တဲ့အတွက် Ooredoo Myanmar ကို ချီးကျူးလိုက်ပါတယ်။

Zawyè (Akhayar) 

www.akhayar.com